သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Wednesday, June 12, 2013

အီဂျစ်နိုင်ငံတွင် အစ္စလာမ်ဘာသာဝင်များနှင့် ဆလာဖီပါတီဝင်များက ကလေးသူငယ်များနှင့်လိင်ဆက်ဆံခွင့်အား တရားဝင်ပြဋ္ဌာန်းသတ်မှတ်ပေးရန် တောင်းဆို

အမျိုးသမီးရေးရာအမျိုးသားကောင်စီမှ အီဂျစ်ပြည်ထဲရေးရုံးတွင် တွေ့ဆုံဆွေးနွေးခဲ့ပြီး စနေနေ့က အီဂျစ်နိုင်ငံ အနောက် တောင်ပိုင်း ဘုရင်ခံအုပ်စိုးသည့် မာထရောပြည်နယ်ရှိ လုံခြုံရေးအရာရှိများအား စက်တင်ဘာလ အတွင်းက ပြန်ပေးဆွဲခံခဲ့ရသည့် ၁၃နှစ်သမီးအရွယ် ဆာရာအက်ဘ်ဒဲလ်မာလစ် အား ရှာဖွေရာတွင် ကူညီဆောင်ရွက်ပေးရန် ညွှန်ကြားခဲ့သည်ဟု သိရှိရသည်။အက်ဘ်ဒဲလ်မာလစ်၏ဖခင်ဖြစ်သူမှ သမီးငယ်ဖြစ် သူမှာ စက်တင်ဘာလ ၃၀ရက်က ကျောင်းမှအပြန် ပြန်ပေးဆွဲခံခဲ့ရသည် ဟု အမျိုးသမီးရေးရာ အမျိုးသား လုံခြုံရေး အဖွဲ့ထံ တင်ပြတိုင်ကြားခဲ့ခြင်းဖြစ်သည်ဟုလည်း သတင်းရရှိသည်။

ဖခင်၏ပြောကြားချက်အရ သမီးဖြစ်သူမှာ ကလေးအရွယ်ပင်ရှိသေးသော်လည်း လူငယ်တစ်ဦးက ပြန်ပေးဆွဲ သွားခဲ့ခြင်းဖြစ် သည်ဟုသိရှိရသည်။အမျိုးသမီးရေးရာအမျိုးသားကောင်စီ(NCW)၏ ၀က်ဘ်ဆိုက်စာမျက်နှာတွင် စနေနေ့ဖော်ပြချက်အရ အီဂျစ်နိုင်ငံဥပဒေအရ တားမြစ်ထားသည့် ကလေးသူငယ်များလက်ထပ်ထိမ်းမြားမှုအား အဖွဲ့အစည်းအနေဖြင့် လုံးဝထောက်ခံ ကန့်ကွက်ပါ ကြောင်း ဖော်ပြခဲ့သည်။ အီဂျစ်နိုင်ငံ၏ တရားဝင် လက်ထပ် ထိမ်းမြားနိုင်သည့် အသက်အရွယ်မှာ အသက်၁၈နှစ်ဖြစ် ကြောင်းသိရှိရသည်။

မေလအတွင်းက အညှင်းပွားဖွယ်ရာ လက်ထပ်ထိမ်းမြားနိုင်ခွင့် အသက်အရွယ်အားလျော့ချမည့် ဥပဒေမှာ အမျိုးသမီး အခွင့်အရေးဆိုင်ရာအဖွဲ့အစည်းများမှ ပြင်းထန်သည့်ဆူပူဆန္ဒပြမှုများပေါ်ထွက်လာအပြီး အီဂျစ်နိုင်ငံအောက်လွှတ်တော် တွင်ပင် ယခု အဆုံးသတ်ပျက်ပြယ်သွားပြီဖြစ်သည်။ ထို့အတူပင် အခြေခံဖွဲ့ စည်းပုံ ဥပဒေမူကြမ်းတွင် အမျိုးသမီးများ လက်ထပ်ထိမ်းမြားနိုင်ခွင့်အသက်အရွယ်ကို ကိုးနှစ်အရွယ်အထိ   လျော့ချရန် အစ္စလာမ်မစ်တိုင်းပြုပြည်ပြု လွှတ်တော် ကိုယ်စားလှယ်တချို့၏ မကြာသေးခင်က ဆွေးနွေး တိုင်ပင်မှုများအပေါ်တွင် အပြင်းအထန် ဝေဖန်ရှုတ်ချခဲ့ကြသည်။

သည့်အပြင် ဖွဲ့စည်းပုံ အပိုဒ်၃၆တွင် အစ္စလာမ်မစ်ရှာရီယာပြဋ္ဌာန်းချက်များနှင့် အညင်းပွားဖွယ်မဖြစ်သမျှ ကာလ ပတ်လုံး အမျိုးသားနှင့်အမျိုးသမီးအကြား တန်းတူညီမျှအခွင့်အရေးကို နိုင်ငံတော်မှ အာမခံချက်ပေး မည် ဟုဖော်ပြ ထားခြင်းဖြင့် ကျားမအကြား တန်းတူညီမျှအခွင့်အရေးအား ခြိမ်းခြောက်ထားလေသည်။ ဆက်လက်၍ အမျိုးသမီးတဦး၏ မိသားစုတာ ၀န်များနှင့် လူမှုအသိုင်းအ၀ိုင်းရှိ သူမ၏လုပ်ငန်းခွင်အကြား အဆင်ပြေစေရန် စီစဉ်ဆောင်ရွက်ပေးမည်ဆိုသည့်အချက်ကို လည်း ဖော်ပြထားသည်။ ဤဥပဒေအပိုဒ်မှာ လိင်ကွဲပြားမှုအခြေခံ သည့် ကျားမခွဲခြားဆက်ဆံခြင်းအား တားမြစ်ထားသည့် အခန်းကဏ္ဍ တစ်ခုတည်းအောက်ရှိ ပြဋ္ဌာန်းချက် များနှင့် ရှေ့နောက်ကွဲလွဲနေပြန်သည်။ အထူးသဖြင့် မိသားစုရေးရာဥပဒေ ကဏ္ဍတွင် အီဂျစ်နိုင်ငံ ဥပဒေအရ အမျိုးသမီးများအပေါ် လိင်ခွဲခြားဆက်ဆံခြင်းမှာ ရေရှည်အမြစ်တွယ်နေသည့် ပြဿနာ တစ်ရပ်ပင် ဖြစ်ပေသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေအသစ်တွင် ရှာရီယာပြဋ္ဌာန်းချက်များအား ညွှန်းဆိုပြဋ္ဌာန်းခြင်းအားဖြင့် အမျိုးသမီးများ၏ အခွင့်အရေးနှင့်ပတ်သက်၍ နောက်ကြောင်းပြန်လှည့်သွားသည့် အနေအထားသို့ရောက်ရှိသွားပေသည်။ အမွေ ဆက်ခံမှုဆိုင်ရာကိစ္စများနှင့်ရင်ဆိုင်ရသည့်အခါတွင် မူဆလင်အမျိုးသမီးများမှာ လိင်ခွဲခြားသည့် ဥပဒေဆုံးဖြတ် မှုများ ကို ရင်ဆိုင်ကြုံတွေ့နေကြရသည်။

မကြာသေးခင်က ပြုလုပ်ခဲ့သည့် Al Ashira Masa2an တီဗွီအစီအစဉ်တွင် မွတ်စ်ဘုန်းတော်ကြီး မာ့ခ်ယွန်က တမန်တော် ၏သမီးပျိုများ ရိုးရာယဉ်ကျေးမှုနှင့်အညီ မိန်းကလေးများအနေဖြင့် အသက်ကိုးနှစ်အရွယ်အထိ လက်ထပ်ထိမ်းမြားနိုင်ခွင့်ရှိ သင့်ကြောင်း ပြောကြာသွားခဲ့သည်။ မူဆလင်ညီအကိုတော်အဖွဲ့ဝင်တစ်ချို့နှင့် အီဂျစ်လွှတ်တော်မှ ဆလာဖီပါတီဝင်များ အားလုံးကလည်း မိန်းကလေးများ တရားဝင်လက်ထပ်ထိမ်းမြားနိုင် ခွင့်အား အသက်၁၈နှစ်မှ အသက်၉နှစ်အရွယ်အထိ လျော့ချနိုင်မည့် အီဂျစ်နိုင်ငံ၏ ကလေးသူငယ်ဆိုင်ရာဥပဒေ အချက်အလက်များအား ပြန်လည်ပြင်ဆင်ရေးဆွဲရန် ဆုံးဖြတ်ခဲ့ ကြသည်။

မကြာခဏဝေဖန် ရှုံ့ချခံရသည့် အီဂျစ်နိုင်ငံ၏ လူမှောင်ခိုမှုများအနက်တစ်ခုမှာ ဆင်းရဲ နွမ်းပါးသည့်မိသားစုများ မှ မိန်းကလေးများကို လက်ထပ်ထိမ်းမြားရန်အတွက် ပင်လယ်ကွေ့နိုင်ငံများသို့ မှောင်ခိုတင် ပို့ရောင်းချနေမှု ပင်ဖြစ် သည်။လိင်ပိုင်းဆိုင်ရာနှောင့်ယှက်တိုက်ခိုက်ခြင်းနှင့် အမျိုးသမီးနှင့်ကလေးသူငယ်များအား လူမှောင် ခိုကူးခြင်း စသည်တို့အား နိုင်ငံတကာဥပဒေအရ ပြင်းထန်သည့်ရာဇ၀တ်မှုဖြစ်ရုံသာမက ပြတ်သားစွာကိုင်တွယ်နေချိန်တွင်
 ပြစ်မှုဆိုင်ရာဥပဒေ
သတ်မှတ်ပြဋ္ဌာန်းချက်အဖြစ်သုံးနှုန်းခြင်းမှ ဖယ်ရှားပစ်ရန် တိုက်တွန်းတောင်းဆိုနေသည့် ထိုကော်မတီအဖွဲ့ဝင်များမှာ အလွန်ပင်ကဲ့ရဲ့ရှုံ့ချဖွယ် အပြုအမူပင်ဖြစ်သည်ဟု အမျိုးသမီးအခွင့်အရေးဆိုင်ရာ စည်းရုံးလှုံ့ဆော်နေသူ ဟော်ရီက ဖော်ထုတ်ပြောဆိုခဲ့သည်။

လိင်ပိုင်းဆိုင်ရာနှောင့်ယှက်စော်ကားမှုအား အရေးယူမည့်ဥပဒေများ ပြဋ္ဌာန်းသတ်မှတ်ရန် မူဆလင်ညီ အကိုတော် များအဖွဲ့ မှလုပ်ဆောင်မှုမရှိခြင်းကြောင့်လည်း အမျိုးသမီး၏အခွင့်အရေးများအား ထပ်မံထိုးနှက်ချက် တခုအဖြစ် အီဂျစ်နိုင်ငံ၏ အယ်လ်အက်ဒ်ဟာအစ်ပွဲတော်အတောအတွင်း လိင်မှုဆိုင်ရာစော်ကားတိုက်ခိုက် မှုများ က ပိုမိုရှုပ်ထွေးစပြုလာခဲ့သည်။ အဆိုပါ မူဆလင်တို့၏ အယ်လ်အက်ဒ်ဟာအစ်ပွဲတော် ပထမအားလပ် ရက်နှစ် ရက်အတွင်းတွင်ပင် အမျိုးသမီးများအား လိင်ပိုင်းဆိုင်ရာစော်ကား တိုက်ခိုက်မှုပေါင်းသုံး ရာခန့် ဖြစ်ပွား ခဲ့ကြောင်း သိရှိရသည်။ လိင်ပိုင်းဆိုင်ရာစော်ကားတိုက်ခိုက်သူ များအားဖမ်းဆီးရေး ပထမဆင့်ကြိုးပမ်းချက်အနေဖြင့် ထို အစ်ပွဲတော်ပထမနေ့မှ စတင်ဆောင်ရွက်ခဲ့ပြီး အမျိုးသမီးများ အပေါ်ညစ်ညမ်းစွာစော်ကားမှုများကို ကာကွယ် တားဆီးရေးကြိုးပမ်းချက်အဖြစ် ကိုင်ရိုမြို့အခြေစိုက် လှုပ်ရှားနေသည့် အပျော်တမ်းအဖွဲ့ဝင်များနှင့် ပူးပေါင်းဆောင်   ရွက်ခဲ့ကြခြင်းဖြစ်သည်။

ကြီးမားသည့် လူအုပ်ကြီးများအတွင်း အမျိုးသမီးများအား စော်ကားတိုက်ခိုက်နိုင်၍ ပြစ်ဒဏ်ပေးမခံရသည့် ထိုအယ်လ် အက်ဒ်ဟာ အစ်ပွဲတော်အခမ်းအနားကျင်းပသည်ကို မူဆလင်အမျိုးသားများစွာ က နှစ်ခြိုက်လ က် ခံကြသည်။ အီဂျစ်အမျိုးသမီးရေးရာဗဟိုမှ ၂၀၀၈ခုနှစ်လေ့လာမှုအစီရင်ခံစာအရ အီဂျစ်နိုင်ငံအတွင်း   ဒေသခံ အမျိုးသမီး၈၃ရာခိုင်နှုန်း နှင့်နိုင်ငံခြားသားအမျိုးသမီး ၉၈ရာခိုင်နှုန်းခန့်တို့မှာ တစ်ကြိမ်ခန့် အနည်းဆုံး လိင်ပိုင်း ဆိုင်ရာ နှောင့်ယှက်တိုက်ခိုက်မှုခံခဲ့ရ ကြောင်းလည်း တွေ့ရှိရသည်။ ထိုသို့အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင် ရာစော်ကားတိုက်ခိုက်မှုများမှာ အီဂျစ်နိုင်ငံလမ်း များပေါ်တွင် အမြဲတွေ့ကြုံနေရသည့် ပြဿနာများဖြစ်ကြောင်း သိရှိရသည်။

Tin Soe Myat
ရေးသူ လူထု မောင်ကာဠု အချိန

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D