ဒီနေ့ ဂွေးသီး၊ မနက်ဖန် ငှက်ပြောသီး ဒေါ်အောင်ဆန်းစုကြည်သည် ယခုအခါ ၂၀၀၈ အခြေခံဥပဒေအရ ပါတီမှတ်ပုံတင်၍ လွှတ်တော်အမတ်လုပ်နေသော်လည်း တချိန်က ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆန္ဒခံယူတုန်းက သူ ကန့်ကွက်မဲထည့်ခဲ့တဲ့အကြောင်း ဒီကနေ့ ပြောလိုက်ပါတယ်။
ဒါ့အပြင် အခြေခံဥပဒေ အသက်မဝင်ရေးအတွက် အမျိုးမျိုး ဘက်ပေါင်းစုံမှ မီဒီယာများကို အကူအညီတောင်းကာ ကြိုးစားခဲ့ပေမယ့် လုပ်သမျှ သဲထဲရေသွန်ဖြစ်ကာ ဦးသန်းရွှေကို ပထမ အဆင့် လက်မြှောက် အရှုံးပေးလိုက်ရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်မှအခြေခံဥပဒေ ကို ဆန့်ကျင်တယ် ဆိုတာကြောင့် ပြည်ပရောက် အသိဥာဏ်မဲ့အတိုက်အခံ အင်အားစုများကလည်း အခြေခံဥပဒေ နှင့် လွှတ်တော်ကြီးများကို တောက်လျှေက်ကန့်ကွက်ခဲ့သော်လည်း ဒီနေ့ ဂွေးသီး မနက်ဖြန် ငှက်ပြောသီးဒေါ်အောင်ဆန်းစုကြည်မှ အခြေခံဥပဒေအရ ပါတီမှတ်ပုံတင်ပြီး လွှတ်တော်အမတ်လုပ်လိုက်ပြန်သဖြင့် ပြည်တွင်းပြည်ပရှိ အတိုက်အခံ ငတုံးများမှာ ဆန္ဒပြဖို့ ခေါင်းစဉ်ပျောက်သွားခဲ့ရပါတယ်။ ထိုအချိန်မှစ၍ ဗိုလ်ချုပ်မှုးကြီးဟောင်း ဦးသန်းရွှေမှာ ၎င်း၏ အစီအမံများကို တောက်လျှောက် ဆန့်ကျင်နေသူများက နောက်ဆုံးတော့ ခေါင်းမမာ နိုင်တော့ပဲ ၎င်း ဖြစ်စေချင်တဲ့အတိုင်းဖြစ်လာသဖြင့် ဝမ်းသာပီတိဖြစ်ကာ စိတ်ချမ်းသာ ကိုယ်ကျန်းမာလျှက် ရှိကြောင်း သိရပါတယ်။ ထိုအချိန်မှစ၍ အကြိမ်ကြိမ်ရှုံးလာသည့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အရည်အချင်းကို လူထုက စတင် သိရှိလာကြပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ သူမရဲ့ မနေ့က ပြင်ဦးလွင် လူထုကို ပြောကြားခဲ့တဲ့ မိန့်ခွန်းထဲမှာ မြန်မာနိုင်ငံမှာ တရားဥပဒေစိုးမိုးမှု ရှိဖို့ကိစ္စ အပါအ၀င် ဒီမိုကရေစီနဲ့လူအခွင့်အရေး တိုးတက်မှု ရှိလာစေဖို့ ဆိုပြီး မနားတမ်းပြောဆိုခဲ့ပေမယ့် လက်တလော အသတ်ခံနေရတဲ့ မလေးမှ မြန်မာများ အခြေအနေ နဲ့ ဆေးရုံရောက်နေတဲ့ မအေးဝင်း အခြေအနေတို့ နှင့်ပတ်သက်ပြီး လုံးဝ ပြောဆိုသွားခြင်း မရှိပါဘူး
ဆန္ဒပြမည်ဟူသော သတင်းများကြောင့် ပြင်ဦးလွင်မြို့မှာ ဇွန်လ ၉ ရက်နေ့ တစ်ညအိပ်ပြီး ဇွန်လ ၁၀ ရက်နေ့မှာ နေပြည်တော်ကို ချက်ချင်းပြန်သွားခဲ့ပါတယ်။
.. www.MyanmarExpress.net


အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော...

No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...