သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Wednesday, June 12, 2013

မင်းသားများ အသင်းမှာ နေဒွေး ဂိုးဖမ်းမယ်

သရုပ်ဆောင် နေဒွေး (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)

ဇွန် ၁၄ ရက်နေ့ အောင်ဆန်း အားကစားကွင်းမှာ ကန်ကြမယ့် သရုပ်ဆောင်မင်းသားများနဲ့ အဆိုတော် ဂီတပညာရှင်များ ဘောလုံးပြိုင်ပွဲမှာ သရုပ်ဆောင် မင်းသားတွေအသင်းအတွက် ဂိုးဖမ်းမယ့်သူက မင်း
သားနေဒွေးလို့ သိရပါတယ်။

“ကျနော် အရင်ကတည်းက Actor Star အသင်းမှာ ကစားခဲ့တယ်။ ကိုစွမ်းဇာနည့်အဖေ ဖွဲ့တဲ့အဖွဲ့မှာလည်း ကစားတယ်။ ကိုဖိုးချစ် ဇာတ်ထဲမှာလည်း သွားကစားတယ်၊ တပတ်မှာ နှစ်ရက် ထရိန်နင် ကစားတယ်။ ဘိုင်စကုပ်မင်းသား အသင်းကတော့ ကိုကြံ့ (ကျော်ကျော်ဗို) လုပ်တာ၊ မသန်စွမ်း ရန်ပုံငွေပေါ့။ အဲဒါကြောင့် ကျနော်တို့လည်း ပါဝင်ဖြစ်တာပါ” လို့ နေဒွေးက ပြောပါတယ်။

နေဒွေးက ဒဂုံ အထက ၁ ထွက်ဖြစ်ပြီး အထက်တန်းကျောင်းမှာကတည်းက လက်ရွေးစဉ် ဂိုးသမားဖြစ်
ပါတယ်။ တက္ကသိုလ် တက်တော့လည်း အီကိုလက်ရွေးစဉ်လို့ သူ ဆိုပါတယ်။

“ဂိုးဖမ်းတာကို ၀ါသနာပါလို့ ဂိုးသမားလုပ်တာပါ။ ရှေ့တန်း အားကစားသမားတွေ ဘယ်လောက် တော်
တော် ဂိုးသမား အသုံးမကျရင် အလကားပဲ။ တဘက်အသင်းရဲ့ ကစားပေါက်တွေကို ဂိုးသမားက သိဖို့
လိုတယ်” လို့ နေဒွေးက ဆက်ပြောပါတယ်။

သရုပ်ဆောင် အလုပ်ဆိုတာ စိတ်ထည့်ပြီး လုပ်ရခြင်းဖြစ်တဲ့ အကြောင်း၊ ကစားသမား ဆိုတာ ကတော့ လေ့ကျင့်မှုများများ လုပ်မှ ဘယ်လို ကစားရမယ်ဆိုတာ သိနိုင်တဲ့ အကြောင်း၊ ကစားတဲ့အခါ နိုင်ဖို့ တခု
တည်း တွေးထားပြီး ဂိုးသမားဆိုတာ ဂိုးပေါက်ကို နိုင်နင်းသင့်တယ် ဆိုတဲ့အကြောင်း၊ ဂိုးပေါက်မနိုင်နင်း
ရင် ကိုယ့်ကြောင့် အသင်း မျက်နှာပျက်စရာ ဖြစ်တတ်ကြောင်း မ၀င်သင့်တဲ့ ဂိုးတွေကို မ၀င်အောင် ကာ
ကွယ်တတ်ဖို့ လိုတဲ့ အကြောင်းနေဒွေးက ရှင်းပြပါတယ်။

သရုပ်ဆောင် နေဒွေးက လက်ရှိမှာ စာရေးဆရာ မင်းမြတ်သူရရဲ့ဝတ္ထုကို ဒါရိုက်တာ သားကြီး ရိုက်ကူး
ပုံဖော်ထားတဲ့ မျက်နှာဖုံး ဆိုတဲ့ ဇာတ်ကားမှာ မင်းသမီး စံရတီမိုးမြင်၊့ စုလှိုင်နှင်းတို့နဲ့အတူ ရိုက်ကူးနေ
ပါတယ်။ ဒီဇာတ်ကားမှာ နှစ်ကိုယ်ခွဲပုံစံ သရုပ်ဆောင် ထားပြီး စိတ္တဇဆန်တဲ့ ဇာတ်ကားဖြစ်ကြောင်း
သိရပါတယ်။ နေဒွေးက သင်္ကေတ ထုတ်လုပ်ရေးအတွက် ဇာတ်ကားများစွာ ရိုက်ကူးခဲ့ပြီး ဖြစ်ပါတယ်။

ဧရာဝတီ by Nyatasay


No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D