သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Monday, July 8, 2013

၂၀၁၄ ခုနှစ် ကမ္ဘာ့ဖလား ပြိုင်ပွဲ၌ ထုတ်လွှင့်ရန်အတွက် ဘရာဇီးရုပ်သံမှ မဟာမုနိ ဘုရားကြီးနှင့် မြနန်းစံကျော် ရွှေနန်းတော်တို့တွင် ရိုးရာခြင်းလုံး အလှခတ် ကစားခြင်းကို မှတ်တမ်းလာရောက် ရိုက်ကူးခဲ့

chinloon-july8ဇူလိုင် ၆ ရက်က မြနန်းစံကျော် ရွှေနန်းတော်တွင် မြန်မာ့ရိုးရာ ခြင်းလုံးအလှခတ် နေသည်ကို ဘရာဇီးရုပ်သံမှ ရုပ်သံမှတ်တမ်း လာရောက်ရိုက်ကူး နေစဉ်
ဘရာဇီးနိုင်ငံတွင် ကျင်းပပြုလုပ်မည့် ၂၀၁၄ ခုနှစ် ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲတွင် ထုတ်လွှင့်ပြ သရန်
အတွက် ဘရာဇီးရုပ်သံမှ မန္တလေးမြို့ရှိ မဟာမုနိဘုရားကြီးနှင့် မြနန်းစံကျော် ရွှေနန်းတော် တို့တွင် မြန်မာ့ရိုးရာ ခြင်းလုံးခတ် ကစားခြင်းကို မှတ်တမ်းရုပ်သံ လာရောက်ရိုက်ကူးခဲ့ကြောင်း သိရ သည်။

ယင်းသို့ မန္တလေးမြို့တွင် လာရောက်ရိုက်ကူခဲ့သည့် ဘရာဇီး ရုပ်သံသည် ဇူလိုင် ၄ ရက်နှင့် ၅ ရက်က မဟာမုနိ ဘုရားကြီး၌ ကျင်းပပြုလုပ်လျက်ရှိသည့် (၈၅) ကြိမ်မြောက် ၀ါဆိုခြင်း အလှခတ် ပွဲတော်နှင့် ခြင်းလုံးအလှခတ်ခြင်း တို့ကိုလည်းကောင်း ဇူလိုင် ၆ ရက်တို့ တွင် မြနန်းစံကျော် ရွှေ နန်းတော် ၌ လည်းကောင်း မှတ်တမ်းရုပ်သံများကို ရိုက်ကူးခဲ့ကြသည်။
ဘရာဇီးလ် ရုပ်သံအဖွဲ့သည် ၎င်းတို့နိုင်ငံတွင်း ကျင်းပပြုလုပ်မည့် ၂၀၁၄ ခုနှစ် ကမ္ဘာ့ ဖလား ဘောလုံးပြိုင်ပွဲတွင် ထုတ်လွှင့်ပြသ သွားနိုင်ရန်အတွက် မြန်မာ၊ ထိုင်း၊ ဂျာမနီ၊ အိုင်ယာလန်၊ ဘရာဇီးစသည့် နိုင်ငံပေါင်း ငါးနိုင်ငံရှိ ရိုးရာအားကစား နည်းများကို မှတ်တမ်းရုပ်သံများ ရိုက်ကူးနေပြီး ယခုမြန်မာနိုင်ငံတွင် ရိုးရာခြင်းလုံး အလှခတ် ကစားနည်းပညာကို လာရောက်ရိုက် ကူးခြင်း ဖြစ်ကြောင်း လည်း သိရသည်။ အဆိုပါ ရုပ်သံသည် ဘောလုံးနှင့် အလားသဏ္ဌာန် တူညီပြီး ရိုးရာအားကစား နည်းပညာများဖြစ်သည့် ကြက်တောင်ရိုက်၊ ခြင်းလုံးအလှခတ်နှင့် ပိုက်ကျော်ခြင်းခတ် အားကစား၊ စက်ဘီးနှင့် ဘောလုံးကစားသည့်နည်း၊ ဦးခေါင်းဖြင့် ကစားသည့် ဘောလုံးကစားနည်း စသည့် အားကစား နည်း ငါးမျိုးအား အထက်ပါ ငါးနိုင်ငံတွင် ရိုက်ကူးမှတ်တမ်း တင်ခဲ့ကြသည်။
"ဘရာဇီးနိုင်ငံ ရုပ်သံက ကျွန်တော်တို့ မြန်မာနိုင်ငံ ခြင်းလုံးအဖွဲ့ချုပ် ကို မြန်မာ့ရိုးရာ ခြင်းလုံး အလှ ခတ်တာကို မှတ်တမ်းရိုက်ချင်တယ်ဆိုပြီး ကမ်းလှမ်းလာတာကြောင့် သဘောတူ လက်ခံပြီးတော့ သူတို့လိုအပ်တာကို ကူညီပေးတာ ဖြစ်ပါတယ်။ အဲဒီရုပ်သံက ၂၀၁၄ မှာ ကျင်းပမယ့် ကမ္ဘာ့ဖလားပွဲမှာ မှတ်တမ်းရုပ်သံအဖြစ် ထုတ်လွှင့်ပေးသွားမယ်လို့လည်း သိရပါတယ်" ဟု မြန်မာနိုင်ငံ ခြင်းလုံးအဖွဲ့ချုပ်မှ အထွေထွေ အတွင်းရေးမှူး ဦးရဲအောင်က ပြောကြားသည်။

From...EMG

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D