သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Monday, July 8, 2013

ကျွဲဆည်ကန် ကားကြီးဝင်းရှိ ဟိုတယ်တွင် အမျိုးသားတစ်ဦး လက်ကောက်ဝတ် သွေးကြောပြတ် ဒဏ်ရာဖြင့် သေဆုံး

မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန်မြို့နယ် ချမ်းမြသာယာရပ်ကွက် ကျွဲဆည်ကန် ကားကြီးဝင်းအတွင်း
ရှိ ဟိုတယ် တစ်ခုတွင် ဇူလိုင်လ ၆ ရက်နေ့ ည ၇ နာရီ အချိန်၌ အမျိုးသား တစ်ဦး အိပ်ခန်း ခုတင်ပေါ်တွင် လက်ကောက်ဝတ် သွေးကြောပြတ် ဒဏ်ရာဖြင့် သေဆုံးလျက်ရှိကြောင်း အဆိုပါ ဟိုတယ်ထံမှ စုံစမ်း သိ
ရှိရသည်။

သေဆုံးသူ ဦးဘုန်းမြင့်သန်း(ခ)ဦးမိုးမြင့်သန်း (အသက် ၄၄နှစ်) သည် အောင်မြေသာစံမြို့နယ် တပ်ဦးရွာ ဘုန်းတော်ရပ်ကွက်တွင် နေထိုင်သူဖြစ်ပြီး ၎င်းကို ဟိုတယ် အိပ်ခန်း ခုတင်ပေါ်တွင် ယာ လက်ကောက်
ဝတ် သွေးကြော ပြတ်ရှ ဒဏ်ရာများ ရရှိကာ ပက်လက်အနေအထားဖြင့် သွေးထွက်လွန် ၍ သေဆုံးနေ
သည်ကို တွေ့ရှိရကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲမှူးရုံးထံမှ သိရသည်။

“အမျိုးသား တစ်ယောက် လက်ကောက်ဝတ် သွေးကြော ပြတ်ရှ ဒဏ်ရာနဲ့ သေဆုံးနေတာ ဟုတ်ပါတယ်”
ဟု အဆိုပါ ဟိုတယ်မှ တာဝန်ရှိသူ တစ်ဦးက အတည်ပြု ပြောကြားသည်။

၎င်းသေဆုံးနေသည့် ခုတင်ဘေးရှိ စားပွဲပေါ်တွင် အချိုရည်နှင့် အရက် ရောစပ်ထားသည်ဟု ယူဆရသော အဝါရောင်အရည် တစ်ဝက်ခန့်ပါ ရေသန့်ဘူး၊ Neurodopa စာတန်းပါ စိတ်သန်စွမ်း ဆေးဘူး အခွံ တစ်ဘူး Neurogin စာတန်းပါ အာရုံကြောဆေး တစ်လုံးပါ ဆေးဘူး တစ်ဘူး၊ HbGlow စာတန်းပါ ဆေး ၁၃ လုံး ပါ
ရှိသော ဆေးဘူး တစ်ဘူး၊ DOMPAN ဆေး ရှစ်လုံး ပါရှိသော ဆေးကတ် တစ်ကတ်၊ သေဆုံးသူ ၏ ယာ
ဘက် လက်အောက်ဘက်ရှိ ခုတင်ဘေး အမှိုက်ပုံးအတွင်းရှိ သွေးများပေ နေသည့် LASER စာတန်းပါ အ
သုံးပြုပြီးသော ဘရိတ်ဓား တစ်ချောင်းတို့အား စစ်ဆေးတွေ့ရှိကြောင်း၊ ခန္ဓာကိုယ်၏ အခြား အစိတ်အပိုင်း
နေရာများတွင် ပြင်ပဒဏ်ရာ မတွေ့ရှိသဖြင့် သေဆုံးသူအား မန္တလေး ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ပြီး ပြည်
ကြီးတံခွန်မြို့နယ်၊ မြို့မ ရဲစခန်းက သေမှုသေခင်းအမှတ် စဉ် ၂၁/၂၀၁၃ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိ
ကြောင်း အဆိုပါ ရဲစခန်းထံမှ သိရသည်။

အဆိုပါ ဟိုတယ်တွင် သေဆုံးမှုနှင့် ပတ်သက်၍ ပြည်ကြီးတံခွန်မြို့နယ် ရဲစခန်းတွင် တာဝန်ကျ ရဲအရာရှိ တစ်ဦးက “သေဆုံးသွားသူက ဇွန်လ ၂၈ ရက်နေ့ကတည်းက တစ်ယောက်တည်း အဲဒီ ဟိုတယ်မှာ တည်း
နေတာပါ။ အမှုကို ဆက်လက် စစ်ဆေးနေဆဲပါ” ဟု ပြောကြားသည်။

The Voice Weekly


No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D