သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Tuesday, July 9, 2013

လာဘ်ပေးလာဘ်ယူမှု ပပျောက်ရေး ဥပဒေကြမ်းတွင် ပါဝင်သည့် ပိုင်ဆိုင်မှု တင်ပြရမည့် အချက်ကို ပယ်ဖျက်ရန် နိုင်ငံတော်သမ္မတ မှတ်ချက်ပြုသည်ကို ပြည်ထောင်စုလွှတ်တော် ငြင်းဆို

ကို စိန်သန်း
လာဘ်ပေးလာဘ်ယူမှု ပပျောက်ရေး ဥပဒေကြမ်းတွင် ပါဝင်သည့် ပိုင်ဆိုင်မှု တင်ပြရမည့် အချက်ကို ပယ်ဖျက်ရန် နိုင်ငံတော်သမ္မတ မှတ်ချက်ပြုသည်ကို ပြည်ထောင်စုလွှတ်တော် ငြင်းဆို

လာဘ်ပေးလာဘ်ယူ ပပျောက်ရေး ဥပဒေအရ ဖွဲ့စည်းမည့် ကော်မရှင် အဖွဲ့ဝင်များ၏ ပိုင်ဆိုင်မှု တင်ပြရမည့် အချက်ကို ပယ်ဖျက်ပေးရန် နိုင်ငံတော်သမ္မတ မှတ်ချက်ပြုသည်ကို ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီက ဇူလိုင် ၈ ရက်တွင် ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ငြင်းဆိုခဲ့သည်။

လာဘ်ပေးလာဘ်ယူမှု ပပျောက်ရေး ဥပဒေကြမ်းကို ပြည်ထောင်စု လွှတ်တော်မှ အတည်ပြုပြီး နိုင်ငံတော်သမ္မတထံသို့ ပေးပို့ခဲ့ရာ နိုင်ငံတော်သမ္မတက ''ကော်မရှင် အဖွဲ့ဝင်များသည် ကော်မရှ...င်တွင် တာဝန်ပေးအပ်ခြင်း ခံရသည့် အခါတွင် မိမိတို့ဦးစီးသည့် တစ်စီးပွားတည်းဖြစ်သော မိသားစုပိုင်ငွေကြေး၊ ပစ္စည်း၊ ပေးရန် တာဝန်နှင့် ရပိုင်ခွင့်များကို တန်ဖိုးနှင့်တကွ စာရင်းပြုစုပြီး နိုင်ငံတော် သမ္မတထံ ပေးပို့ရမည်'' ဟူသော ဖော်ပြချက်မှာ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ညီညွတ်မှု မရှိသဖြင့် နုတ်ပယ်သင့်ပါသည်ဟု မှတ်ချက်ပြုခဲ့သည်။
ပြည်ထောင်စု အစိုးရအဖွဲ့ ဥပဒေတွင် ''လွှတ်တော်၏ အတည်ပြုချက်ဖြင့် နိုင်ငံတော်သမ္မတက ခန့်အပ်သော ပုဂ္ဂိုလ်များသည် တစ်စီးပွားတည်းဖြစ်သော စီးပွားရေး လုပ်ငန်းနှင့် ပိုင်ဆိုင်မှုများကို တန်ဖိုးနှင့်တကွ စာရင်းပြုစုပြီး နိုင်ငံတော် သမ္မတထံ ပေးပို့ရမည်'' ဟူ၍ ပြဋ္ဌာန်းထားကြောင်း၊ ယခုကော်မရှင်နှင့် အဖွဲ့ဝင်များသည် ယခုဥပဒေအရ နိုင်ငံတော်သမ္မတ၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌနှင့် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌတို့က ရွေးချယ်ထားသော အဖွဲ့ဝင် ၁၅ ဦး၏ အမည်များကို နိုင်ငံတော်သမ္မတက ပြည်ထောင်စု လွှတ်တော်သို့ တင်သွင်းပြီး သဘောတူညီချက် ရယူ၍ ကော်မရှင်ကို ဖွဲ့စည်းရသည့်အတွက် ပြည်ထောင်စု အစိုးရအဖွဲ့ ဥပဒေအရ ''လွှတ်တော်၏ အတည်ပြုချက်ဖြင့် နိုင်ငံတော်သမ္မတက ခန့်အပ်သော ပုဂ္ဂိုလ်များ ဖြစ်သည်'' ဟု မှတ်ယူရမည် ဖြစ်ကြောင်း၊ ထို့ကြောင့် ကော်မရှင်နှင့် ကော်မရှင်အဖွဲ့ဝင်များသည် မူလပိုင်ဆိုင်မှု စာရင်းများကို ပြုစုပြီး နိုင်ငံတော်သမ္မတထံ ပေးပို့ရမည် ဆိုသည်မှာ ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့် ဆန့်ကျင်ခြင်း မရှိကြောင်း ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
ထို့ပြင် ကော်မတီနှင့် ကော်မရှင် အဖွဲ့ဝင်များသည် နိုင်ငံတော် တစ်ဝန်းလုံးအတွက် လည်းကောင်း၊ တစ်မျိုးသားလုံး၏ အကျိုးစီးပွား အတွက်လည်းကောင်း၊ လာဘ်ပေးလာဘ်ယူမှု ပပျောက်စေရန် ဆောင်ရွက်ရမည့် သူများဖြစ်ကြောင်း၊ ထို့ကြောင့် လာဘ်ပေးလာဘ်ယူမှု ပပျောက်စေရန် တာဝန်ပေးအပ်ခြင်း ခံရသူများသည် ပွင့်လင်းမြင်သာမှုရှိပြီး နိုင်ငံတော်သမ္မတ၏ အုပ်ချုပ်ရေးအာဏာ ဆောင်ရွက်ရာတွင် အထောက်အပံ့ ရရန်လိုကြောင်း အဆိုပါ တာဝန်ရှိသူက ဆက်လက် ပြောကြားသည်။
အစိုးရ အဖွဲ့ဝင်များ၏ တရားဝင်လစာ နှုန်းထားထက် ၎င်းတို့၏ ပိုင်ဆိုင်မှု များပြားနေခြင်းတို့နှင့် စပ်လျဉ်း၍ ဝေဖန်မှုများ ရှိနေချိန်တွင် ယခုကဲ့သို့ ပိုင်ဆိုင်မှု တင်ပြရမည့် အချက်ကို ပယ်ဖျက်ရန် သမ္မတက မှတ်ချက်ပြုခဲ့သည့်အပေါ် လွှတ်တော်က ငြင်းဆိုခဲ့ခြင်းဖြစ်သည်။

( Eleven Media Group မှ ကူးယူဖေါ်ပြပါသည် )

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D