
မြ၀တီ ကုန်သွယ်ရေးဇုန်ကို တွေ့ရစဉ်
ငြိမ်းချမ်းရေး ရယူထားသည့် ကရင်လက်နက်ကိုင် အဖွဲ့အစည်းများ ပူးပေါင်းပြီး စီးပွားရေး လုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်သွားရန် စီစဉ်နေကြောင်း နယ်ခြားစောင့်တပ် (ကရင်ပြည်နယ်) ဗဟိုအကြံပေးနှင့် ကွပ်ကဲရေးအဖွဲ့ အထွေထွေ အတွင်းရေးမှူးနှင့် အမှတ် (၃) တပ်နယ်မှူး ဗိုလ်မှူးချုပ် စောချစ်သူက ပြောကြားခဲ့သည်။
"ငြိမ်းချမ်းရေး ရယူထားတဲ့ ကရင်လက်နက်ကိုင် အဖွဲ့အစည်းတွေပေါင်းပြီး တရားဝင် စီးပွားရေး လုပ်ငန်းတွေ လုပ်သွားဖို့ ရှိပါတယ်။ ဒီလိုလုပ်ဖို့အတွက်
ထို့ကော်ကိုးမှာ လုပ်ခဲ့တဲ့ ကရင်လက်နက်ကိုင် အဖွဲ့အစည်းတွေ တွေ့ဆုံဆွေးနွေးပွဲမှာ ဆုံးဖြတ်ခဲ့ကြပါတယ်။ အခုလောလောဆယ်မှာတော့ မလုပ်ဖြစ်သေးဘူး။ နောက်သုံးလလောက် နေရင်တော့ အစီအစဉ်တွေ ဆွဲသွားမှာ ဖြစ်ပါတယ်" ဟု ၎င်းက ပြောကြားခဲ့သည်။
ကော့ကရိတ်မြို့နယ်၊ ထို့ကော်ကိုးဒေသတွင် ပြုလုပ်ခဲ့သည့် ကရင်လက်နက်ကိုင် အဖွဲ့အစည်းများ တွေ့ဆုံပွဲတွင် နယ်ခြားစောင့်တပ် (ကရင်ပြည်နယ်)၊ KNU၊ KNU/KNLA၊ DKBA၊ ဟောင်သရော ငြိမ်းချမ်းရေးအဖွဲ့ (KPF)၊ သံတောင်အဖွဲ့၊ ဘုရားကုန်း ငြိမ်းချမ်းရေးအဖွဲ့တို့ ပါဝင်ကြောင်း သိရသည်။
လက်ရှိတွင် အဆိုပါ အဖွဲ့အစည်းအချို့မှာ ရွှေတူးဖော်ခြင်း၊ သတ္တုတူးဖော်ခြင်း၊ လမ်းဖောက်လုပ်ခြင်း လုပ်ငန်းများ၊ ခရီးသွားလုပ်ငန်း လုပ်ကိုင်ခြင်း အစရှိသည့် စီးပွားရေး လုပ်ငန်းများကို ဆောင်ရွက်နေကြောင်း သိရသည်။
Eleven


အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော...
No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...