သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Monday, July 8, 2013

အိမ်ဖော်ကို အဓမ္မကျင့်သည်ဟု စွပ်စွဲခံရသည့် သာသနာရေး လ/ထညွှန်မှူးကို ဝန်ကြီးရုံး စစ်ဆေး

အိမ်ဖော်ကို အဓမ္မကျင့်သည်ဟု စွပ်စွဲ တိုင်ကြားခံရသည့် ဟင်္သာတခရိုင် သာသနာရေးဦးစီးရုံးမှ လက်
ထောက်ညွှန်မှူးကို နေပြည်တော်ရှိ ပြည်ထောင်စုအဆင့် သာသနာရေးဝန်ကြီးရုံးက စုံစမ်းစစ်ဆေးရေး
အဖွဲ့က လာရောက်စစ်ဆေးခဲ့သည်ဟု စစ်ဆေးခံရသည့် ကာယကံရှင်က ပြောကြားသည်။

ရန်ကုန်မြို့ရှိ M 3 စားသောက်ဆိုင်တွင် ဇူလိုင် ၇ ရက်က သတင်းစာရှင်းလင်းပွဲ ပြုလုပ်ကာ ခရိုင်သာသနာ
ရေး လက်ထောက်ညွှန်မှူး ဦးသန်းထွန်းက သတင်းထောက်များကို ရှင်းလင်းပြောကြားခြင်း ဖြစ်သည်။

ဦးသန်းထွန်းကိုသူ၏ အိမ်မှအိမ်ဖော်အား အဓမ္မကျင့်သည်ဟု စွပ်စွဲကာ အိမ်ဖော်၏ ဝမ်းကွဲအမက သာသ
နာရေးဝန်ကြီးဌာနသို့ ပြီးခဲ့သည့် မေလက စာရေးသား တိုင်တန်းခဲ့သဖြင့် ထိုလနှောင်းပိုင်းက ယခုကဲ့သို့ စစ်ဆေးခံရခြင်း ဖြစ်သည်ဟု ကာယကံရှင်က ဆိုသည်။

ထို့ပြင် သူနှင့်ပတ်သက်၍ ပျံ့နှံ့နေသော ကောလာဟလများနှင့် ပတ်သက်၍ “ကျွန်တော့်ကို သာသနာရေး
ဝန်ကြီးက ရာထူး က ယာယီ ရပ်ဆိုင်း ထားတယ် ဆိုတာ မဟုတ် ပါဘူး။ ခုချိန်ထိ အမိန့် ထုတ်ပြန်ချက် မ
ရောက်လာသေးပါဘူး” ဟု သူက ရှင်းပြသည်။

ဝန်ကြီးရုံးက စစ်ဆေးပြီးသွား သော်လည်း နှစ်လနီးပါးကြာမြင့်ပြီဖြစ်သည့် ယခု အချိန်အထိ ရလဒ်တစ်စုံ
တစ်ရာကို အကြောင်းကြား မလာသေးကြောင်း ဦးသန်းထွန်းက ဆိုသည်။

“မမှန်ကန်တဲ့ တိုင်ကြားချက်အပေါ် ကျွန်တော့်ကိုယ် ကျွန်တော် သက်သေထားပြီး ရင်ဆိုင်သွားမှာပါ” ဟု
လည်း သူက ဆိုသည်။ ထို့ပြင် သူ့ကို စွပ်စွဲတိုင်ကြားသူများကို “ဟင်္သာတ ရဲစခန်းမှာ ကျွန်တော့်ဘက်က
ပြန်လည် အမှုဖွင့် တိုင်ကြားထားပါတယ်” ဟု လည်း ၎င်းက ပြောသည်။

အိမ်ဖော် အမျိုးသမီးငယ်ဘက်မှ လိုက်ပါ ဆောင်ရွက်ပေးနေသည့် ရှေ့နေ ဦးထိန်ဝင်း ကလည်း ယခုကိစ္စ
နှင့် ပတ်သက်၍ သူ့အမှုသည်ဘက်မှ “အထောက်အထား နည်းနည်း လိုနေတယ်။ ရဲတပ်ဖွဲ့ဘက်က ဖော်ထုတ်ဖို့လိုတာပေါ့။ အခုရဲစခန်းရဲ့ အဖြေကို စောင့်နေတယ်”ဟု ရှင်းပြခဲ့သည်။

ယခုကိစ္စနှင့် ပတ်သက်ပြီး အမျိုးသမီးငယ်ဘက်မှ တိုင်ကြားမှုကို ဟင်္သာတရဲစခန်းက အမှုအမှတ်(ပ)၈၉/
၂၀၁၃ ဖြင့် အမှုဖွင့်ထားကြောင်းသာ အဆိုပါရဲစခန်းက အတည်ပြုခဲ့ပြီး ရာဇဝတ်မှုဖြစ်နေသဖြင့် အသေး
စိတ်ကိုမူ ဖြေကြားရန် မဖြစ်နိုင်ကြောင်း ပြောကြားသည်။

ယခုဖြစ်ရပ်တွင် အဓမ္မကျင့်ခံရသည်ဟု ဆိုသူ အမျိုးသမီးငယ်မှာ အသက် ၁၄ နှစ် အရွယ်သာရှိသေးသည်။

မိန်းကလေးငယ်၏ ဝမ်းကွဲအမဖြစ်သူက “နစ်နာမှုတွေအတွက် အမှန်တရား မပေါ်မချင်း အစ်မတို့ဘက်က ဆက်တိုင်ကြား သွားမှာပါ” ဟု မဇ္ဈိမကို ပြောသည်။

သူမက သူ့ညီမအတွက် သာသနာရေး ဝန်ကြီးဌာနအပြင် ပြည်ထဲရေးဝန်ကြီးဌာနနှင့် အောက်လွှတ်တော်၏ ဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီတို့ကို တိုင်ကြားထားသည်ဟုလည်း ဆက်ပြောသည်။

အေးမြင့်စန်း
Mizzima - News in Burmese


No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D