သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Monday, July 8, 2013

နိုင်ငံပေါင်း ၁၈ နိုင်ငံက သံအမတ်ကြီးတွေ ရခိုင်ဒုက္ခသည် စခန်းတွေကို သွားရောက်လေ့လာ

ရခိုင်ပြည်နယ် ဒုက္ခသည်စခန်းတွေရဲ့ အခြေအနေတွေကို အင်ဒိုနီးရှား၊ အစ္စရေး၊ ဆော်ဒီအာရေးဗီးယား၊ ဂျာမနီ၊ ပါကစ္စတန်စတဲ့ နိုင်ငံပေါင်း (၁၈) နိုင်ငံက သံအမတ်ကြီးတွေဟာ ဒီကနေ့ သွားရောက်လေ့လာခဲ့ကြပါတယ်။

ရခိုင်ပြည်နယ်ထဲက ဒုက္ခသည်တွေရဲ့ ရေရှည်ဆောင်ရွက်ရမယ့်ကိစ္စရပ်တွေကို အဓိက လာရောက်လေ့လာဖြစ်တယ်လို့ ရခိုင်ပြည်နယ်အစိုးရ ပြောခွင့်ရသူ ဦးဝင်းမြိုင်က RFA ကို ပြောပါတယ်။
" အခုကသူတို့ မောင်တော မီးလောင်တဲ့နေရာကိုသွားတယ် တချို့ကလည်း မရောက်ဖူးတဲ့သူတွေပါတာကို ဗန္ဓုလရွာကိုသွားတာကို သူတို့ကတော့ ဒီကဒုက္ခသည်တွေကို ရေရှည်ဘယ်လိုလုပ်မလည်းဆိုတာက အဓိကပါ"

အဲဒီသံအရာရှိတွေကို ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းနဲ့ ပြည်ထောင်စုဝန်ကြီးတွေ၊ ဒုတိယဝန်ကြီးတွေ ဦးဆောင်ခေါ်ယူလာတာဖြစ်တယ်လို့ သိရပါတယ်။
ဒီအဖွဲ့ဟာ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးက တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့ပြီး နေ့လည်ပိုင်းမှာ မောင်တော မြို့နယ်က ဒုက္ခသည်တွေကို သွားရောက်တွေ့ဆုံခဲ့ကြတာဖြစ်ပါနယ်။
ဒါ့အပြင် မနက်ဖြန်မှာလည်း တခြားမြို့နယ်တွေက ဒုက္ခသည်စခန်းတွေကို ဆက်လက်ပြီး သွားရောက်တွေ့ဆုံဖို့ရှိတယ်လို့ ဦးဝင်းမြိုင်က ပြောပါတယ်။

From:voa

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D