သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Tuesday, July 9, 2013

အလေးထား ကာကွယ်ကုသနေရသည့် ဆီးချိုသွေးချိုရောဂါ

၉-၇-၂၀၁၃

မျက်မှောက်ကာလ လူသားတို့ တစ်ရပ်လုံး၏ ကျန်းမာရေး ကို ခြိမ်းခြောက် နေသည့် ရောဂါမှာ ဆီးချို ၊ သွေးချို ရောဂါပင် ဖြစ်သည်။ ကူးစက် ရောဂါ မဟုတ်သော်လည်း အင်ဆူလင် ဟော်မုန်းဓာတ် ကို စတင် တွေ့ရှိခဲ့သည့် ၁၉၂၁ ခုနှစ်မှ ယခုအထိ ဆီးချို ၊ သွေးချို ရောဂါကို လုံးဝ ပျောက်ကင်း သည်အထိ ဆေးပညာရှင်များ ဆေးဝါးများ ရှာဖွေ မထုတ်လုပ် နိုင်သေးဘဲ ရောဂါ သက်သာပြီး ရောဂါ တိုးမသွားအောင် ထိန်းသိမ်း ထားနိုင်သည့် အခြေအနေ တွင်သာ ရှိကြောင်း သိရသည်။



သို့အတွက် ဆီးချို ၊ သွေးချို ရောဂါ ဖြစ်ပြီဆိုလျှင် ကင်းကင်း ရှင်းရှင်း ပျောက်တော့မည် မဟုတ်ကြောင်း လူတိုင်း သိထား သင့်ပါသည်။ ၂၀၀၃ ခုနှစ်က အပြည်ပြည် ဆိုင်ရာ ဆီးချို ၊ သွေးချို အဖွဲ့ကြီးက ကမ္ဘာပေါ်တွင် ဆီးချို ၊ သွေးချို ရောဂါလူနာပေါင်း ၁၉၄ သန်းရှိကြောင့် ခန့်မှန်း ထုတ်ပြန် ထားရှိခဲ့ပြီး ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ WHO ၏ မှတ်တမ်းများ အရ လက်ရှိ အခြေအနေတွင် ဆီးချို ၊ သွေးချို ရောဂါ သည် ကမ္ဘာတစ်ဝန်း ရှိ လူသန်းပေါင်း ၁၄၀ ကျော်ကို ဒုက္ခပေးလျက် ရှိပြီး ၂၀၂၅ ခုနှစ် ရောက်လျှင် ယခုထက် ၂ ဆ တိုးလာနိုင်မည် ဟု ခန့်မှန်း ထားရှိကြောင်း သိရသည်။

ဆီးချိုရောဂါ ဆိုင်ရာ ဆေးသုတေသီ များက ဆီးချိုရောဂါ ကြောင့် မသေနိုင် သော်လည်း ဆင့်ပွား ရောဂါများ ဖြစ်သည့် နှလုံးရောဂါ ၊ လေဖြတ်ခြင်း ၊ ကျောက်ကပ် ကောင်းစွာ အလုပ်မလုပ်ခြင်း ၊ သွေးကြော အဖျားစွန်း ရောဂါ နှင့် နာ့ဗ်ကြော ပျက်စီးခြင်း တို့ကြောင့် သေဆုံး တတ်ကြောင်း မှတ်တမ်းများ အရ သိရသည်။

ဆီးချို ရောဂါ ရှိသူသည် သာမန် ကုတ်ဖဲ့ ပွန်းပဲ့ ရှနာကိုပင် စောစီးစွာ မကုသပါက အနာရွတ်များ ဖြစ်ပေါ် လာနိုင်သည်။ အခြေအနေ ဆိုးရွား လာပါက ခန္ဓာကိုယ် အစိတ်အပိုင်း ကို ဖြတ်တောက် ရသည်အထိ ကုသရမည် ဖြစ်သည်။ ဆီးချိုရောဂါ သည် လူကြီး လူငယ် ၊ ကျား မ မရွေး ဖြစ်တတ်သည်။ ယခုအခါ အ၀လွန်သည့် လူများ ဆီးချို အဖြစ်များ နေသည်။ ၀လွန်းသည့် ကလေး အရေအတွက် သည် တစ်ချိန်ကထက် ၂ ဆ တိုးလျက် ရှိသည်ဟု သိရသည်။ ဆန်းစစ်ချက် အရ လွန်ခဲ့သည့် အနှစ် ၂၀ ကျော်က စားသောက် ခဲ့သည့် ပုံစံ အလေ့အထ နှင့် လှုပ်ရှား ဆောင်ရွက်ပုံ တို့ သိသာ ထင်ရှားစွာ ပြောင်းလဲ လာကြောင်း လေ့လာ တွေ့ရှိရသည်။

ကလေးတို့သည် အချိုရည် နှင့် အမြန်ရ အစားအစာ များကို ပိုမို စားသုံး လာကြခြင်း ၊ စာသင်ကျောင်း များ၌ ( ကာယ ပညာရေး ) ဆိုင်ရာ သင်ကြား လေ့ကျင့်မှုများ လျှော့ချ လိုက်ခြင်း နှင့် ကျောင်းစာ ၊ အိမ်စာ နှင့်ကျူရှင်စာ တို့ဖြင့် အနားမရ ခြင်းကြောင့် ကိုယ်လက် လှုပ်ရှားချိန် နည်းပါးမှု တို့အပေါ် အ၀လွန်၍ ဆီးချို ရောဂါ ဖြစ်လာသည်ဟု ဆိုရမည် ဖြစ်သည်။ အရွယ်ရောက် သူတို့တွင် ကိုယ်အလေးချိန် တိုးလာခြင်း ကို ကာကွယ် နိုင်လျှင် ဆီးချိုရောဂါ လူနာ ထက်ဝက်ခန့် လျော့သွား နိုင်သည်ဟု ဆေးပညာရှင် တို့က ခန့်မှန်း ထားကြသည်။

အချုပ် ဆိုရသော် ဆီးချို ၊ သွေးချို ရောဂါ ဖြစ်ပွားမှုမှ ကာကွယ် နိုင်ရန် ကျန်းမာရေး နှင့် ညီညွတ်သော အာဟာရများ စားသုံးခြင်း နှင့် ကိုယ်လက် လှုပ်ရှားမှု ပြုလုပ်ခြင်း တို့ကို လုပ်ဆောင် ကြရန် လိုအပ်သည်။ ထို့အပြင် အတွေ့အကြုံ ရှိသော ဆေး သမားတော် တစ်ဦး၏ လမ်းညွှန် ခံယူမှုကို ခံယူခြင်း ၊ ကိုယ်ထက် ဆီးချို ၊ သွေးချို ရောဂါ ရင့်ကျက်နေသူ တို့၏ အတွေ့အကြုံ များကို စုံစမ်း မေးမြန်းလျက် ဆောင်ရန် နှင့် ရှောင်ရန် တို့ကို တိတိကျကျ လိုက်နာ သွားမည် ဆိုပါက သက်တမ်းစေ့ နေထိုင် သွားရမှာ ဖြစ်ကြောင်း ရေးသား တင်ပြ လိုက်ပါသည်။


အောင်ဝင်း ( ဖျာပုံ )

MWD

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D