ဗုဒ္ဓဂယာဗုံးပေါက်ကွဲမှု ဆရာတော်နှင့်ကိုယ်တွေ့ အင်တာဗျူး
အိန္ဒိယ ဗုဒ္ဓဂယာမှာ ပညာသင်ယူနေတဲ့ အရှင်သီလဝံသကို စစ်ကိုင်းသီတဂူ ဒေါက်တာ
အရှင်ကုမာရမှ သတင်းမေးပါသည်။ သတင်းမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
Uku: အရှင်ဘုရား အခု ဂယာမှာလား၊ အခြေအနေ အတော်တင်းမာနေသလား
Silavamsa: တင်ပါ၊ ဗုံးပေါက်တဲ့အချိန်မှာ တပည့်တော် လည်းဘုရားထဲမှာ တရားထိုင်နေတာဘုရားကံကောင်းလို့၊ တပည့်တော် ထိုင်တဲ့ဘက်မှာပေါက်တာ တပည့်တော်က ဘုရားအတွင်းတံတိုင်းရဲ့ အပြင် ရာဇာယတနကုန်းပေါ်ထိုင်
နေတာ၊ လောလောဆယ်တော့ အစောင့်အရှောက်ထူထပ်စွာ ချထားတာပဲ။
Uku: တော်သေးတာပေါ့ဘုရား၊ ဘယ်သူတွေ ခွဲတယ်ဆိုတာ သိရပီလားဘုရား
Silavamsa: အဲဒါလည်းပြောရခက်တယ်ဘုရား အခုရက်ပိုင်းနိုင်ငံရေးပါတီကြီး
ပါတီကြီးနှစ်ခု အကွဲအပြဲဇာတ်လမ်းကလည်း ရှိနေတယ်။
Uku: အကြမ်းဖက်သမားတွေနဲ့ အတွင်းဘုန်းကြီးတစ်ပါး ပေါင်းပြီး ခွဲတယ်လို့ အိန္ဒိယသတင်းတွေက လွှင့်နေတယ်။
Silavamsa: လွန်ခဲ့တဲ့ ၆ လလောက်က ဇာတ်လမ်းအစကတော့ ဘုံဘေ ဒေလီ ဗုံးခွဲတဲ့ အကြမ်းဖက်သမားတွေ ကလည်း ဘုရားကိုလည်းဗုံးခွဲဘို့ ပြစ်မှတ်ရှိတယ် လို့ပြောထားတာလည်းရှိတယ်၊ ပြောရတော့ခက်တယ်၊ တပည့်တော်တို့
ယူဆကြည့်တာတော့ နိုင်ငံရေးပါတယ်လို့ ယူဆတယ်ဘုရား။
Uku: အင်း၊ အများကြီး ဖြစ်နိုင်တယ်၊ အခု လာလူး အော်နေပီ၊ နီတိရှ် ညံ့လို့ ဒီလို ဖြစ်တယ်ဆိုတာ။
Silavamsa: လောလောဆယ် နီတစ်ပါတီ နဲ့ ဘီဂျေပီ တို့ ကွဲကြပြဲကြတယ်? အဲဒါတင်လားဆိုတော့ မဟုတ်သေးဘူး အခုဗုံးကွဲတဲ့နေရာတွေကို ကြည့်ရင် ကွဲတဲ့ဗုံးကလည်း သိပ်အပြင်းစာမဟုတ်ဘူး သိက္ခာချရုံလောက်ပဲလို့ ပြောလို့ရတယ်။
Uku: ဟုတ်တယ်
Silavamsa: အပြင်းစားဆိုရင် တပည့်တော်လည်း မလွတ်လောက်ဘူး
Uku: ဘုရားတော့ မပျက်ဘူး။ တင်ခုံလေးတွေလောက်ဘဲ ပျက်တာနော်
Silavamsa: တပည့်တော်နဲ့ ၁၅ ကိုက်လောက်ပဲကွာတယ်
နောက်ပြီ ကမ်မာပါတ် တိဗက်ကျောင်းမှာ သုံးလုံးခွဲတယ်။
Uku: အရှင်ဘုရားနဲ့ အတော်နီးနေပီ၊ အဲဒါကရော ဘုန်းကြီး ဘယ်နှစ်ပါး သေသလဲ၊
Silavamsa: ဒလိုင်းလားမားနဲ့ နီတစ်က အရမ်းရင်းနီးတယ်၊ အဲဒီမှာတော့ မီးဖိုဆောင်နောက်ဖေးကွဲတာဆိုတော့ ဘယ်သူမှမထိဘူး။
Uku: လူ မထိအောင် ခွဲတဲ့သဘောလဲ ပါမယ်
Silavamsa: ဂျပန်ဘုရားမှာလည်း နောက်မှာကွဲတယ် အပေါ်ကဟာ မကွဲဘူး
Uku: လုံခြုံရေး အတော်ညံ့တယ်လို့လဲ ပြောချင်ပုံရတယ်
Silavamsa: ပြီးတော့ နံက် ၅း ၃၀ ၀န်းကျင်ဆိုတော့ လူသိပ်မလာသေးဘူး၊
Uku: ဘုရားဖူးရာသီဆိုယင်တော့ မချောင်ဘူး၅ ခွဲဆိုတော့ ဝေလီဝေလင်းဘဲ
Silavamsa: ဆီမီးထွန်းတဲ့နေရာဆိုတာကလည်း တိဗက်တွေတော်တော်များများ မီးသွားထွန်းတဲ့နေရာ
Uku: အော်၊ ဘုရား အပြင်ဘက်လား၊ တိဘက်တွေကို ရည်ရွယ်တာလား၊
Silavamsa: အဲဒီအချိန်ဆိုရင်တော့ မချောင်ဘူးဘုန်းကြီး၊ သေလိုက်မှာ သောက်သောက်လဲ၊ တိဘက်တွေက နီတစ်နဲ့ရင်းနှီးကြတော့ ကြည့်မရဘူးထင်ပါတယ်၊
Uku: အခု မြန်မာဦးဇင်းက ဒီနှစ်မှ အသစ်ရောက်လာတာလား
Silavamsa:တင်ပါး။
Uku: အော်၊ သွားသတိ စားသတိဘုရား။ အခုတလော မြန်မာရဟန်းတော်တွေက နိုင်ငံတကာသတင်းတွေမှာ ဟော့ နေတာ။
Silavamsa: အသံကတော်တော်လေးကျယ်တယ် လန့်ပြီးမျက်လုံးဖွင့်ကြည့်တော့၊ မီးခိုးတွေ ညောင်ကိုင်းသေးသေးတွေ လေထဲမှာဝဲနေတာတွေတော့ ဘာကွဲတာလဲဆိုတာ ရုတ်တစ်ရက်စဉ်းစားမရဘူး၊ ဗုံးများကွဲသလားပေါ့ အဲဒီလိုစဉ်းစားနေတုန်းနောက်တစ်လုံးထပ်ကွဲတာဘုန်းကြီး၊ အဲဒီတော့တပည့်တော်က အနားရှိတဲ့ထိုင်းဘုန်းကြီး တစ်ပါးကို အတင်းခေါ်ပြီး မုဉ္စလိန္ဒာအိုင်ဘက်သွားတဲ့ လမ်းဘက်ပြေးရတယ်၊အဲဒီနားလည်းစိတ်ကမလုံတော့ ပြန်တော့မယ်ဆို အပေါက်ဆီပြေးနေတုန်း အနိမိဿဘုရားနားက ထပ်ကွဲတော့ တပည့်တော်တော်တော်လေးလန့်သွားပြီ။
Uku: ပြောပြပါအုံး ဖြစ်ပျက်ပုံလေး
Silavamsa: ကိုယ်ပြေးတဲ့ဘက်က ကွဲတာဆိုတော့ ရှေ့သွားရမလားေ
နောက်ဆုတ်ရမလားပေါ့အဲဒါနဲ့မထူးဘူးဆိုပြီးအပေါက်ဘက်ပြေးနေတုန်းနောက်ဖက်ကတစ်ခါ အုန်းဆိုပေါက်ပြန်ရောဘုန်းကြီးရေ....
Uku: နောက်ဘက်က ဆိုတာ ဘယ်နေရာလဲဘုရား၊ ခန့်မှန်းခြေပေါ့
Silavamsa: ဘုရားဆီမီးထွန်းတဲ့ဘက် ကပေါ့
Uku: ဒါဆိုယင် ဘုရားဝင်းထဲမှာကို ၅ လုံး ပေါက်တာပေါ့
Silavamsa: မုဉ္စလိန္ဒာအိုင်ရဲ့ အနောက်ဖက် ဗလီနဲ့မျက်နှာချင်းဆိုင်မှာရှိတယ်၊ လေးလုံးဘုရား
Uku: အော် သိပြီ၊ တိဘက်တွေ မီးထွန်းတဲ့နေရာ
Silavamsa: ညောင်ပင်အောက်တစ်လုံး၊ တင်ပါး။ ရတနာဃရမှာ ဒုတိယ၊ တတိယ အနိမိဿ၊စတုတ္ထ ဆီမီးထွန်းတဲ့နေရာ၊
Uku: အရှင်ဘုရား ထိုင်တဲ့နေရာက အဲဒီ ဗုံးလေးလုံးရဲ့ အလယ်ခေါင်မှာ ဖြစ်နေတော့တာပေါ့
Silavamsa: တင်ပါး
Uku: ဒါဆိုယင် သတ္တဋ္ဌာန ၇ နေရာမှာ ၃ နေရာ အတိုက်အခိုက် ခံရတာပေါ့
Silavamsa: တင်ပါ၊ တပည့်တော်က တရားထိုင်တာများတာဆိုတော့ လူရှုပ်တဲ့နေရာသိပ်မထိုင်ဘူး၊ လူမရှိတဲ့နေရာထိုင်တာများတယ်၊ ဆိုက်ကားနဲ့ ကျောင်းပြန်လာပြီး ဆရာတော်လျောက်ပြီးပြန်ဆင်းလာတုန်း
ဂျပန်ဘုရားက အလုံးပေါက်တယ်၊ ကမ်မာပါတ်ကျောင်းက အလုံးတွေပေါက်တယ်
ဘုရား။ အားလုံးရှစ်လုံး။
Uku: အတော် လန့်စရာပေါ့ဘုရား
Silavamsa: တပည့်တော် အခုချိန်ထိ စဉ်းစားရင်း ရင်တွေတုန်နေတုန်းပဲ၊
Uku: ဟုတ်တာပေါ့ဘုရား။ အရှင်ဘုရား ကွဲနေတဲ့ဗုံးတွေ ကြားထဲ ရောက်နေတာကိုး။ နှလုံးရောဂါ အခံသာ ရှိယင် မလွဲဘူး၊
Silavamsa: ဂျပန်ဘုရားပေါ်က အလုံးကတော့ မကွဲသေးဘူး၊ တင်ပါ
တပည့်တော် ဘုရားပတ်တော့ အဲဒီဥူးဇင်းလေး ထိုင်နေတာတွေ့တယ်ဘုရား
Uku: ဒဏ်ရာရတဲ့ ဦးဇင်းလေးနော်
Silavamsa: သူက ဗုံးနဲ့ အနီးဆုံးနေရာမှာ၊ တင်ပါး၊ ထောင်တာက ပန်းတင်စားပွဲခုံအောက်ဆိုတော့ စားပွဲခုံက အသားစတွေကလည်း သူ့ကိုမှန်တာပေါ့ ဘုရား၊ဗုံးစလဲမှန်ပေါ့
Uku: ဓာတ်ပုံတွေတော့ တွေ့ရတယ်၊ မှန်ပါ
Silavamsa: မျက်နှာတော့ ပြန်ကောင်းဖို့မလွယ်ဘူးလို့ ဆရာဝန်တွေကပြောတယ်လို့ ပြောတာပဲ
Uku: မျက်နှာက ဘယ်လို ဖြစ်သွားတာလဲ၊ အပေါက် ပေါက်တွေ ဖြစ်သွားတာလား၊ အဲဒီသတင်း မကြားရသေးဘူး။
Silavamsa: အသားစတွေ မှန်တယ် ဗုံးစတွေမှန်ထားတော့ အပေါက်လဲဖြစ်၊ အစတွေလည်း ခွဲထုတ်ရမယ်လေ၊
Uku: ဟာ ဟုတ်တာပေါ့
Silavamsa: အစတွေက တစ်ချို့အထဲမှာရှိနေတယ်ပြောတယ်။
Uku: တပည့်တော်တို့ သီတဂူ အာယုဒါနဆေးရုံ ရှိပါတယ်။ အကူအညီ လိုတယ်ဆိုယင် ကူညီပါ့မယ်ဘုရား။ အတော်ကို ခွဲစိတ်ရမယ့် သဘောပဲ။
Silavamsa: တင်ပါ အခုလည်း ဂယာ မက်ဒီကယ်ကောလိပ်ဆေးရုံက အစစ အရာရာ အကုန်လုပ်ပေးတယ်ပြောပါတယ်ဘုရား၊ ဂရုလည်း စိုက်တယ်ပြောပါတယ်။
Uku: မှန်ပါ၊ နောက်တစ်ချိန်ပေါ့ဘုရား။
Silavamsa: တင်ပါ့
Uku: အခုတော့ အဲဒီမှာ အကောင်းဆုံးပါ၊ လက်ပံတောင်းတောင်က ဘုန်းကြီးတွေ အခုထိ သီတဂူဆေးရုံမှာ ရှိသေးတယ်။
Silavamsa: မျက်စိ မထိတာကံအကောင်းဆုံးပဲဘုရား၊ မျက်စိထိလို့ကတော့ ဘ၀ပျက်ပြီ၊
Uku: ဟုတ်တာပေါ့၊ အဆိုးထဲက အကောင်ပေါ့ဘုရား၊ မျက်စိ မထိတာ
Silavamsa: တင်ပါး
Uku: နှုတ်ခမ်းတွေ နားရွက်တွေရော ထိသလား
Silavamsa: နည်းနည်းတော့ထိတယ်
Uku: ဓာတ်ပုံအရတော့ အဲဒါတွေ မထိဘူးလို့ ထင်ရတယ်အော်
Silavamsa: နည်းနည်းပါ
Uku: သွားတွေ ဘာတွေရော ကျိုးသေးလား
Silavamsa: ထိလည်း တစလောက်ပေါ့၊ မကျိုးဘူးဘုရား။
Uku: ဝမ်းသာစရာဘဲ
Silavamsa: ဖြစ်ပြီးတော့ နည်းနည်းဝေးတဲ့ ဥုးဇင်းတွေက ထွက်ပြေးကြတယ် သူပါမလာလို့ ပြန်လာကြည့်တော့ ထိုင်လျှက်ကြီးမေ့နေတယ်လို့ပြောတယ်၊ အဲဒီမှာ တွဲခေါ်လာတော့ လမ်းတစ်လျှောက်မှာ သွေးခြေရာကွက်တွေ တစ်လမ်းလုံးထင်နေခဲ့တယ်၊ အဲဒါတွေသတင်းမှာရိုက်ပြနေတယ်။
Uku: အဲဒါဆို အဲဒီအချိန်မှာ ဘုရားဝင်းထဲမှာ မြန်မာဘုန်းကြီးတွေ အများကြီး ရှိနေတာပေါ့၊ဘုရားဖူးတွေရော အဲဒီအချိန်မှာ အတော်များနေလား၊
Silavamsa: တပည့်တော်အပါအ၀င်လေးငါးပါးတော့ရှိတယ်ဘုရား၊ ဘုရားဖူးက မများသေးဘူး စောသေးတာကိုး။၆နာရီကျော် ၇ နာရီဆိုရင်တော့များတယ်၊
Uku: မှန်ပါ၊ အခုရာသီမှာ မြန်မာဘုရားဖူးတွေ ရှိသလား
Silavamsa: မရှိဘူးဘုရား
Uku: အော် တော်သေးတာပေါ့။ အရှင်ဘုရားနဲ့ တပည့်တော် chatting လုပ်တာ သတင်းအတော်ပြည့်စုံတယ်၊ မြန်မာတွေလဲ သိချင်ကြမှာဘဲ၊ Face book မှာတင်လိုက်မယ်နော်။
Silavamsa: တင်ပါ့
တင်ပါ
Uku: မှန်ပါ။
(ဖတ်ရတဲ့သူများ အဆင်ပြေအောင် အမေးကော အဖြေကော ပြောင်းလှဲခြင်း အစားထိုးခြင်း မပြုဘဲ တစ်ယောက်တည်းက ပြောတဲ့စကားတချို့ကို စာပိုဒ်ခွဲပေးတာ၊ ပေါင်းပေးတာလေး နဲနဲရှိသည်၊ အင်တာဗျူးကြတဲ့ အရှင်မြတ်နှစ်ပါးအား အပြည့်စုံဖတ်ခွင့်ရသဖြင့် ကျေးဇူးအထူးတင်ပါသည်။)
Ashin Kumara ဖေ့ဘုတ်မှ ကူးယူ ဖော်ပြသည်။
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...
မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်...
ရွှေ မြန်မာတို့
အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော...
မင်းကျေနက်ဖို့
မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်...
Subscribe to:
Post Comments (Atom)
တင်ပြီးသား post များ
-
►
2014
(18)
- ► 10/19 - 10/26 (18)
-
▼
2013
(4683)
- ► 11/17 - 11/24 (1)
- ► 09/29 - 10/06 (42)
- ► 09/22 - 09/29 (187)
- ► 09/15 - 09/22 (231)
- ► 09/08 - 09/15 (288)
- ► 09/01 - 09/08 (239)
- ► 08/25 - 09/01 (188)
- ► 08/18 - 08/25 (243)
- ► 08/11 - 08/18 (243)
- ► 08/04 - 08/11 (231)
- ► 07/28 - 08/04 (293)
- ► 07/21 - 07/28 (187)
- ► 07/14 - 07/21 (219)
-
▼
07/07 - 07/14
(234)
- ဧရာဝတီမြစ် ရေလက်ကြား အနီးရှိ ဦးပါရဲဘုရား ကမ်းပါြး...
- အောင်ဆန်း (သို့မဟုတ်) အရိုင်း
- တကယ်တော့ အချစ်ဆိုတာ တစ်ယောက်ရဲ့လိုအင်ကိုတစ်ယောက်ကြ...
- ဆူးလေ မီးပွိုင့်မှာ ကနေတဲ့ယဉ်ထိန်းရဲ ဗွီဒီယိုနောက်...
- ပြည်သူတွေ မကျေနပ်ရင် လက်ပံတောင်းကိစ္စ လွှတ်တော်ပြန်တ...
- တင်းမာမြှုဖစ် အပြီး ပထမဆုံး အကြိမ် UWSA အဖွဲ့နဲ့ြ...
- စည်ပင်ဝန်ထမ်း အယောင်ဆောင် ငွေတောင်းခံသူကို အမှုဖွင့်
- န၀ရတ် - အခုစာကိုဖတ်မိရင် ၀တ္ထုစာအုပ်လာပေးတဲ့ပရိသတ်က...
- ချစ်သူသက်တမ်း ငါးနှစ်အကြာ ဇူလိုင် 14မှာ လက်ထပ်မယ့်...
- ၁၃-၇-၂၀၁၃ အဖျက်လုပ်ငန်းတွေလုပ်ဖို့ ရိုဟင်ဂျာ မွတ်စ...
- ၁၃-၇-၂၀၁၃ စိတ်ရောဂါ ခံစားနေရသူမိခင်ကသားငယ်ကိုကတ်ကေ...
- ၁၃-၇-၂၀၁၃ ရန်ကုန် လုံခြုံရေး တိုးမြှင့်ချ
- ၁၃-၇-၂၀၁၃ ဖုန်း ဓာတ်အားသွင်း နေတုံး ဖုန်းကိုအသုံြး...
- စည်းကမ်းမဲ့ မြေယာငှားရမ်းခြင်း သည် စိုက်ပျိုးမြေယာ...
- ဈေးကွက်ရရှိရေး ကူညီမည့် အဖွဲ့အစည်း ရှိသော်လည်း ခု...
- ဧရာဝတီမြစ်ရေ တိုက်စားမှုကြောင့် ရွာလုံးကျွတ် ရွှေ့ြေ...
- မြောက်ကိုရီးယားတွေထိန်းသိမ်းထားတယ် ဆိုတဲ့သတင်း ရှမ...
- အီရတ်ရာမာဒန်ကာလ အသေခံဗုံးခွဲမှု ၃၈ ဦးသေဆုံး
- Snowden လူ့အခွင့်အရေးအဖွဲ့နဲ့ တွေ့ခွင့်ပြုမှု ရုရှာ...
- မြောက်ကိုရီးယားက ထွက်ပြေးလာသူတချို့ မြန်မာသူပုန်ဆီ...
- ရိုဟင်ဂျာသတင်း ဂျကာတာပို့စ်ဖော်ပြချက် ရခိုင်ဒေသခံစ...
- လူနည်းစုတဲ့လား……? (၂)
- ဒေါ်စု၏ တာဝန်ပေးချက်အရ NLD က ဦးလှမျိုးမြင့်မှ ကုလာ...
- အသက် ရှစ်နှစ်အရွယ် သမီးငယ်ကို သားမယား အဖြစ်ပြုကျင့်
- ပြည့်တန်ဆာ ခေါင်းဆောင် ဒေါ်စန္ဒာမင်း အကြောင်း
- မြန်မာနိုင်ငံအား ချောက်ထဲတွန်းချနေသူ (သို့) မွတ်ကု...
- ကားဘီးပေါက်သည်ကို ဗုံးပေါက်ဟု ကောလာဟလထွက်၍ ပဲခူးတွ...
- အမျိုးသမီးတို့ အနိုင်ကျင့်ခံရစေခြင်းမှ ကင်းဝေးစေမည...
- ဒေါ်စု၏ အင်တာနက် တာဝန်ခံ ခွန်ဒီးယမ်ရဲ့ လုပ်ဇာတ်ကို ...
- နယ်စပ်ဒေသ လူဝင်မှုစစ်ဆေးရေး ကွပ်ကဲမှုဌာနချုပ်အား ဖျက...
- အမျိုး၊ဘာသာ သာသနာစောင့်ရေးအဖွဲ့ (ဗဟို) ပြည်ထောင်စု...
- နေရာပြောင်းပါ ၊ စာရင်းရှင်းပါ
- ၁၉၈၂ ဥပဒေအရသာ နိုင်ငံသားဖြစ်ခွင့်ပေးမယ့် အကြောင်း ...
- လာဘ်ပေး လာဘ်ယူမှုများ တိုင်ကြားနိုင်ပြီ
- သူငယ်ချင်းတစ်ရောက်ရဲဆိုင်ကြော်ငြာလေးပါနော်
- မြန်မာနိုင်ငံ၏ အဓိက၀င်ပေါက် ရန်ကုန်လေဆိပ်၌ အရှေ့အလ...
- အမျိုးသားရေး ဗဟုသုတ
- လိင်ကိစ္စကို အထူးစိတ်ဝင်စားနေတဲ့ လွှတ်တော်ကိုယ်စားလှ...
- ဘင်္ဂါလီများ နိုင်ငံသားပေးရန် ဘန်ကီမွန်းထုတ်ပြန်ချက်...
- ၈၈ မျိုးဆက်သစ် အဖြစ် ပူးပေါင်း ပါဝင် လိုပါသည်
- မျိုးစောင့်ဥပဒေနှင့် ပက်သတ်၍ အတုယူသင့်သည့် နေထက်လင...
- "လူနည်းစုတဲ့လား…!"
- မျိုးစောင့် ဥပဒေနှင့် ဦးကျော်သူ
- Nld မှ ဒေါ်စန္ဒာမင်းရဲ့ ဖာဇာတ်လမ်းလေး ဆက်ချင်လား?
- ကူညီပါရစေ ဒီမိုကရေစီ ပေးစာ (၂၀)
- မြန်မာ့ရုပ်ရှင်မင်းသား သုဘရာဇာ
- ဗုဒ္ဒဂါယာ ဗုံးခွဲတိုက်ခိုက်မှုနှင့်ပတ်သက်၍ သင်္ကာမကင်း...
- တစ်မိနစ်အများဆုံး ဖုန်းခေါ်ခ တယ်လီနော ၂၅ ကျပ်၊ အော်...
- ၁၅ဝဝ တန် ဂျီ ထုတ်မည်ဆိုလည်း လိုင်းကျပ်မည် မဟုတ်
- ဘဝကိုခြိမ်းခြောက်နေတဲ့ ကင်ဆာဆဲလ်တွေကို ဦးနှောက်ကနေ...
- သိုးရေခြုံသော ၀ံပုလွေ (၀ါ) အစ္စလာမ်ဘာသာဝင်တွေရဲ့ န...
- လက်တွဲဖော်
- ဇူလိုင်လ ၁၁ ရက်နေ့ဟာ သရုပ်ဆောင် မိုးယုစံ ရဲ့မွေးနေ့
- ရွှေဘိုနယ်တွင် မိုးခေါင်သောကြောင့် ရိုးရာဓလေ့ မိုးေ...
- ညအချိန် ပြုလုပ်နေသည့် ဆောက်လုပ်ရေးလုပ်ငန်းများအပေါ်...
- မိတ္ထီလာမြို့ပေါ်ရှိ ဗလီသုံးလုံးကို ဇူလိုင် ၁၀ ရက်မှ...
- မိန်းမလျာများ ဖမ်းဆီးခံရမှုနှင့် အရှက်ရစေအောင်ပြုလု...
- ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ကို ဘဏ္ဍာရေးဝန်ကြီးဌာန အြ...
- ဇီးကွက်လော့ကတ် USB stick
- မိုးယုစံက မိခင်ဖြစ်သူနဲ့အတူ သီလရှင်ဝတ်
- သရုပ်ဆောင် မိုးယုစံ သီလရှင်ဝတ်
- ယခုလလယ်ပိုင်း၌ ဧရာဝတီမြစ်ရေ ခုနစ်ပေမှ ကိုးပေခန့်နှ...
- မြန်မာ - အိန္ဒိယ နယ်စပ်တွင် နယ်စပ်ဈေးများ ဖွင့်လှစ...
- မြန်မာ MPU ကတ်များ ထိုင်း ၊ မလေး ၊ စင်ကာပူ အာဆီယံ ...
- သစ်ခြောက်ပင်
- ဗုဒ္ဓနှင့်တွေ့ဆုံခြင်း
- ကွန်မြူနစ်ဆန့်ကျင်ရေးလူကြီးမင်းများ
- ကန္တာရနှစ်များ
- မလေးရှားတွင် တရားမ၀င် အလုပ်လုပ်ကိုင်နေသော မြန်မာမျ...
- Nld မှ ဒေါ်စန္ဒာမင်းမှ ပြည့်တန်ဆာ အရေးကိစ္စတင်သွင်းနေ...
- ကုလား မယား(၁)
- ခေတ်သစ် ၀ိသာခကျောင်းအမနှင့် ခိုးသား ၅၀၀
- ဗုဒ္ဓဂယာ ဗုံးပေါက်ကွဲမှု စစ်ဆေး တွေ့ရှိချက်များ မြန်...
- ဒေါ်စန္ဒာမင်း ဒီနေ့ ထကြွနေလို့ ရေးပြီးသားနှုတ်ကို ပြ...
- စက်မှုနဲ့ သတ္တုတွင်းဝန်ကြီးဌာန ဘဏ္ဍာငွေ သွင်းဖို့ ပျက်...
- စိတ်ထားမြင့်မြတ်သော ဗိုလ်ချုပ်ကတော် ဒေါ်ခင်ကြည်နင့်...
- အာဇာနည်ဆိုတာ ဘာလဲ။
- IC ရဲ့အောင်မြင်မှု လျှို့ဝှက်ချက်
- သူကြွယ်နှင့် သူတောင်းစား
- ဒွေးအမှတ်တရ
- လွန်လျှင်ဘေး ဖြစ်သည့် ငါးကြီးဆီ
- စေတနာ ထားတတ်ပုံ(ဟာသလေး)
- ရုပ်ရှင်သရုပ်ဆောင်၊ အဆိုတော် `ဒွေး´ ကွယ်လွန်းခြင်း...
- ကျေးဇူးပါ အဖေ
- မြန်မာ့ရုပ်ရှင်မင်းသား သုဘရာဇာ ((လူတွေကို ကျွန်တော...
- အဌားရင်ဘတ်ထဲက ကဗျာ
- အာဇာနည် ခေါင်းဆောင်များ၏ မိန့်ခွန်းနှင့် အောက်မေ့ဖ...
- အမြန်ဆုံး အားပြန်ဖြည့်ရန် ခရမ်းချဉ်သီးဖျော်ရည် သော...
- ဒလိုင်းလားမားမွေးနေ့ ဆုတောင်းပွဲ တရုတ် ရဲတပ်ဖွဲ့ ပ...
- အကျင့်ပျက် ခြစားမှုများ ကမ္ဘာလုံး အတိုင်းအတာဖြင့် မြ...
- "ကနေဒါ ရေနံစိမ်းတင် ရထား မတော်တဆမှုတွင် တာဝန်ပျက်က...
- အိန္ဒိယရှိ ဗုဒ္ဓဘာသာ အဆောက်အအုံများတွင် လုံခြုံရေး တ...
- " အနုပညာမှတ်တိုင် စိုက်ထူခဲ့သူ မို့မို့မြင့်အောင်ရ...
- မန္တလေးတွင် မိန်းမလျာများကို ဆက်တိုက် ဖမ်းဆီး
- ဗုဒ္ဓဂယာ ဗုံးပေါက်ကွဲသည့် နေရာများသို့ ခရီးသွားများ...
- ဒလိုင်လားမားမွေးနေ့ပွဲမှာ ရုန်းရင်း ဆန်ခတ်မှုဖြစ်ပွား
- ဘေရူ့မြို့ ဗုံးပေါက်ကွဲမှု အနည်းဆုံးလူ ၁၈ဦး ဒဏ်ရာရ
- အမေရိကန် ပညာရှင်များနှင့် တွေ့ဆုံဆွေးနွေးရန် NBF ရ...
- "iPad အသစ်ကို ယခုနှစ် စက်တင်ဘာလအတွင်း Apple မိတ်ဆ...
- "မျက်လုံး အတွက် ၂၀-၂၀-၂၀ "
- ► 06/30 - 07/07 (167)
- ► 06/23 - 06/30 (316)
- ► 06/16 - 06/23 (177)
- ► 06/09 - 06/16 (224)
- ► 06/02 - 06/09 (127)
- ► 05/26 - 06/02 (155)
- ► 05/19 - 05/26 (132)
- ► 05/12 - 05/19 (106)
- ► 05/05 - 05/12 (86)
- ► 04/28 - 05/05 (56)
- ► 04/21 - 04/28 (61)
- ► 04/14 - 04/21 (49)
- ► 04/07 - 04/14 (49)
- ► 03/31 - 04/07 (33)
- ► 03/24 - 03/31 (34)
- ► 03/17 - 03/24 (11)
- ► 03/10 - 03/17 (11)
- ► 03/03 - 03/10 (5)
- ► 02/24 - 03/03 (11)
- ► 02/17 - 02/24 (1)
- ► 02/10 - 02/17 (6)
- ► 02/03 - 02/10 (15)
- ► 01/27 - 02/03 (3)
- ► 01/20 - 01/27 (7)
- ► 01/13 - 01/20 (6)
- ► 01/06 - 01/13 (9)
-
►
2012
(82)
- ► 12/30 - 01/06 (8)
- ► 12/23 - 12/30 (10)
- ► 12/16 - 12/23 (7)
- ► 12/09 - 12/16 (3)
- ► 12/02 - 12/09 (2)
- ► 11/25 - 12/02 (1)
- ► 11/18 - 11/25 (18)
- ► 11/11 - 11/18 (25)
- ► 08/12 - 08/19 (1)
- ► 03/04 - 03/11 (1)
- ► 02/26 - 03/04 (1)
- ► 02/19 - 02/26 (1)
- ► 02/05 - 02/12 (3)
- ► 01/22 - 01/29 (1)
-
►
2010
(9)
- ► 12/05 - 12/12 (1)
- ► 11/28 - 12/05 (2)
- ► 11/07 - 11/14 (5)
- ► 10/31 - 11/07 (1)
No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...