သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Wednesday, July 17, 2013

စစ်ရေးပူးပေါင်းမှု မြှင့်တင်ရန် ဗြိတိန်ဝန်ကြီးချုပ် ကမ်းလှမ်း

ဆယ်စုနှစ်ပေါင်းများစွာ ဆက်ဆံရေး ပြတ်တောက်ခဲ့သည့် မြန်မာ့တပ်မတော်နှင့် ဗြိတိန် တပ်မတော် တို့အကြား စစ်ဘက်ဆိုင်ရာ ပူးပေါင်းမှု မြှင့်တင်ရန် သမ္မတဦးသိန်းစိန်ကို ဗြိတိန်ဝန်ကြီးချုပ်   ဒေးဗစ်ကင်မရွန်း က ကမ်းလှမ်းလိုက်ကြောင်း ဇူလိုင်လ ၁၅ ရက်နေ့က ဘီဘီစီ သတင်းဌာနတွင်   ဖော်ပြထား သည်။ သမ္မတ ဦးသိန်းစိန်နှင့် ဗြိတိန်ဝန်ကြီးချုပ်တို့ ဇူလိုင်လ ၁၅ ရက်နေ့က လန်ဒန်မြို့ အမှတ် ၁၀ ဒေါင်းနင်းလမ်းရှိ ဝန်ကြီးချုပ် ရုံးခန်းတွင် တွေ့ဆုံစဉ် အထက်ပါအတိုင်း ကမ်းလှမ်း လိုက်ခြင်း ဖြစ်သည်။
ကုန်သွယ်ရေး ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးနှင့် နှစ်နိုင်ငံ တပ်မတော်တို့အကြား အပြန်အ လှန် ပူးပေါင်းဆောင်ရွက်မှုများတွင် ဗြိတိန်နိုင်ငံနှင့် မြန်မာနိုင်ငံတို့ အတူတ ကွ ဆောင်ရွက်နိုင် မည်ဟု  ယုံကြည်ကြောင်း ဗြိတိန်ဝန်ကြီးချုပ်က ပြောကြားသည်။ “မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုတွေကို အများကြီး ကြိုဆိုပါတယ်။

လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာလည်း လွတ်လပ်မျှတပြီး ပွင့်လင်းစွာ ဆောင်ရွက်ဖို့ မျှော်လင့်ပါတယ်” ဟု ဝန်ကြီးချုပ် ကင်မရွန်းက ဆိုသည်။ မြန်မာနိုင်ငံတွင် ဒီမိုကရေစီ အလေ့အထများ ဖွံ့ဖြိုးတိုး တက်ရေးနှင့် နိုင်ငံတွင်း ပဋိပက္ခများ ဖြေရှင်းရာတွင် ဗြိတိန်နိုင်ငံက အဓိက အခန်းကဏ္ဍမှ ပါဝင်ကူညီရန် ဆုံးဖြတ် ထားကြောင်း၊ စစ်ဘက်ဆိုင်ရာ လေ့ကျင့်ရေးကဏ္ဍများတွင် အကူအညီပေးရန် သမ္မတဦးသန်းစိန် ၏ ဗြိတိန်ခရီးစဉ်အတွင်း ကမ်းလှမ်းမည်ဖြစ်ကြောင်း ဗြိတိန်နိုင်ငံခြားရေးနှင့် ဓနသဟာယဝန်ကြီး Mr.Hugo Swire က ပြောကြားထားသည်။ မြန်မာ့တပ်မတော်၏ လက်ရှိအနေအထားမှာ လက်နက်ပစ္စည်းပိုင်း ဆိုင်ရာတွင် သာမက အရည်အသွေး မြှင့်တင်ရေး အပိုင်းတွင်ပါ များစွာလိုအပ်နေသေးပြီး ဗြိတိန်ကဲ့ သို့သော ခေတ်မီတပ်မတော် ပိုင်ဆိုင်ထားသည့် နိုင်ငံကြီးများ ကူညီမှုမှာ လွန်စွာ အရေးပါကြောင်း   နိုင်ငံတော်သမ္မတရုံးနှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။ “စစ်ရေးနဲ့ မဆိုင်တဲ့ ပဋိပက္ခ ကိုင်တွယ်ထိန်းသိမ်းရေး နဲ့ အခြားလေ့ကျင့်ရေး ကဏ္ဍတွေမှာ ကူညီဖို့ အရင်ကလည်း   ပြောထားတာ ရှိတယ်” ဟု ၎င်းက ဆိုသည်။

လက်ရှိ မြန်မာနိုင်ငံ၏ လုံခြုံရေး ကဏ္ဍတွင် ရဲတပ်ဖွဲ့၏ ပါဝင်နိုင်မှုကိုလည်း မြှင့်တင်လျက်ရှိပြီး နည်းပ ညာနှင့် အရည်အသွေးပိုင်း မြှင့်တင်ရန် မျာစွာ လိုအပ်နေသေးကြောင်း ၎င်းက ထပ်လောင်းပြောကြား   သည်။ မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်များကို အားပေး ကူညီ  ရန် မြန်မာ့တပ်မတော်နှင့် ပူးပေါင်းမှုများ ပိုမိုမြှင့်တင်ရန် ဗြိတိန်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဆာဒေးဗစ်ရစ်ချဒ် သည် ဇွန်လဆန်းပိုင်းအတွင်း မြန်မာနိုင်ငံသို့ လာရောက်ခဲ့ပြီး သမ္မတ ဦးသိန်းစိန်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နှင့် တွေ့ဆုံခဲ့သည်။ သမ္မတဦးသိန်းစိန်သည် ၎င်း၏ အရပ်သားအစိုးရ နှစ်နှစ်ကျော် ကာလ   အတွင်း ဒုတိယမြောက် ဥရောပ ခရီးစဉ်အဖြစ် ဗြိတိန်နှင့် ပြင်သစ်နိုင်ငံတို့သို့ သွားရောက်နေခြင်းဖြစ်ပြီး နှစ်ရက်ကြာ နေထိုင်မည့် ဗြိတိန်နိုင်ငံသို့ ပထမဆုံးအကြိမ် သွားရောက်ခြင်းဖြစ်ကြောင်း ၂၀၁၃ ခုနှစ် ဇူလိုင် ၁၆ ရက်နေ့ထုတ် The Voice သတင်းစာ တွင် ဖော်ပြထားပါသည်။

From:The Voice

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D