သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Monday, July 8, 2013

ဗုဒ္ဓဂယာတွင် ပေါက်ကွဲမှုများ ဖြစ်ပွားစဉ် ကိုယ်တွေ့ ကြုံခဲ့သည့် သံဃာတော် ဦးတေဇနှင့် တွေ့ဆုံခြင်း

ဗုဒ္ဓ ဘာသာဝင်များ အထွတ်အမြတ်ထားရာ နေရာဖြစ်သည့် အိန္ဒိယနိုင်ငံ ဘီဟာရ်ပြည်နယ် ဂယာမြို့၊ မဟာဗောဓိ စေတီဝင်းရှိ ဗုဒ္ဓမြတ်စွာဘုရား ပွင့်တော်မှုခဲ့သည့် မဟာဗောဓိ ညောင်ပင်နှင့် ပတ်ဝန်းကျင် နေရာများတွင် ဇူလိုင်လ ၇ရက်နေ့ နံနက် ၅နာရီ ၄၅မိနစ်ခန့်မှ စတင်ကာ ဗုံး ကိုးလုံး ဆက်
တိုက် ပေါက်ကွဲခဲ့ရာ ယင်းဖြစ်စဉ်ကို ကိုယ်တွေ့ကြုံခဲ့သည့် အိန္ဒိယနိုင်ငံ ဘီ

ဟာရ်ပြည်နယ် ဂယာမြို့ရှိ Magadh University တွင် ပညာ ဆည်းပူးနေ
သည့် မြန်မာ သံဃာတော် တစ်ပါးနှင့် အွန်လိုင်းမှ မေးမြန်း ထားသည်များ
ကို ပြန်လည် ဖော်ပြအပ်ပါသည်။

Voice : ဒီနေ့ အစောပိုင်း မဟာဗောဓိ ညောင်ပင်မှာ ဗုံးပေါက်ကွဲ
မှု ဖြစ်တဲ့အချိန်က ဦးပဉ္စင်း ဘယ်နားမှာ ရှိနေလဲ။

UTZ : ဗုံးပေါက်ကွဲတဲ့ နေရာနဲ့ ပေ ၂၀ အကွာမှာ ရှိနေပါတယ်။

Voice : ဗုံးပေါက်တာကို ဘယ်လို မြင်လိုက်ပါလဲ။ ဘာတွေ ကြားလိုက် ရပါသလဲ။

UTZ : ဦးပဉ္စင်း ရှိနေတုန်းက ငါးလုံး ပေါက်ကွဲတာပါ။ တစ်လုံးက ဘုရား ပွင့်တော်မူရာ ညောင်ပင် ခြေရင်းကနေ ပေါက်ကွဲတယ်။ လျှပ်စစ် မီတာပုံး ပေါက်ကွဲသလိုပဲ။ အသံ အတော် ကျယ်တယ်။ နောက်ထပ် သုံးလုံးက အဲဒီ အနီးတစ်ဝိုက်မှာပဲ ထပ်ပေါက်တယ်။ မိနစ်ပိုင်းပဲ ကွာတယ်။ ငါးလုံးမြောက် အလုံးကတော့ မိနစ် ၂၀ လောက်အကြာမှာ ပေါက်ကွဲတယ်။ ဦးပဉ္စင်းက လေးလုံး မြောက်မှာ ထွက်ပြေးလာခဲ့တယ်။ နောက်ဆုံး အလုံး ကတော့ ဘယ်နားမှာ ပေါက်မှန်း မသိခဲ့ဘူး။

Voice : ဗုံးပေါက်ကွဲတဲ့ နေရာမှာ မြန်မာ သံဃာတော် တစ်ပါး ထိခိုက် ဒဏ်ရာရတယ်လို့ ကြားတယ်။ အဲဒီ သံဃာ ထိခိုက်သွားတဲ့ ဖြစ်စဉ်ကိုရော မျက်မြင် တွေ့လိုက်ရပါသလား။

UTZ : ဦးပဉ္စင်း အဝေးက မြင်ရတာပါ။ အနားကပ်လို့ မရဘူး။ အနီးမှာရှိတဲ့ ကိုယ်တော် ကလည်း ချက်ချင်းဆိုတော့ သူလည်း ဘာဖြစ်တယ်ဆိုတာ မသိလိုက်ဘူးလို့ ပြောတယ်။ ထိခိုက် ဒဏ်ရာ ရသွားတဲ့ ဦးပဉ္စင်းကတော့ မြင်းခြံ ဇာတိပါ။ ဦးဝိလာသဂ္ဂပါ။

Voice : ဒဏ်ရာ ရသွားတဲ့ ဦးပဉ္စင်းရဲ့ အခြေအနေ ဘယ်လိုရှိပါလဲ။ စိုးရိမ်ရလား။

UTZ : ဂယာဆေးရုံမှာ အခု ခွဲစိတ်နေပါတယ်။ စိုးရိမ်စရာ မရှိဘူးလို့ ဖုန်းဆက်ပါတယ်။ ခွဲစိတ် တာတော့ အခုထိ (ဇူလိုင်လ ၇ရက်နေ့၊ မွန်းလွဲ ၂နာရီ မိနစ်၃၀ခန့်ထိ) မပြီးသေးဘူး။ ညောင်ပင် ခြေရင်းမှာ ဖုန်းနဲ့ စာဖတ်နေတဲ့အချိန် ဗုံးပေါက်တယ်။အဲဒီဖုန်းက မှန်ကွဲစတွေ စင်တယ်။ ညောင်မြစ်တွေ စင်ပြီး ဒဏ်ရာရတယ်။ ကျောင်းသားတွေ ဆေးဖိုး လှူဖို့ အလှူခံနေတယ်။ တိဘက်၊ ထိုင်း ရဟန်းတော်တွေလည်း ထိခိုက် ဒဏ်ရာ ရတယ်။ လေးဦးလောက် ဒဏ်ရာရတယ်။

Voice : ဗုံးပေါက်ကွဲမှု ဖြစ်တဲ့အချိန် မဟာဗောဓိ ညောင်ပင်အနားမှာ ဘုရားဖူးတွေ အများကြီး ရှိလား။ မြန်မာတွေရော ဘယ်လောက် ရှိနိုင်မလဲ။

UTZ : အဲဒီ အနားမှာတော့ ရဟန်းတွေပဲ ရှိတယ်။ အချိန် စောသေး လို့ ညောင်ပင်အောက်မှာ အဲဒီအချိန် ရောက်တဲ့သူ နည်းသေးတယ်။ မြန်မာ ဘုန်းကြီး အနည်းဆုံး ဆယ်ပါးလောက်ရှိမယ်။ အချိန် နည်းနည်း စော လို့ပါ နောက် တစ်နာရီလောက်ဆို တော်တော်များများ ဒုက္ခရောက်နိုင်တယ်။

Voice : ဗုံးပေါက်ကွဲမှု မဖြစ်ခင်မှာ ဗုံးခွဲမယ်လို့ သတင်းထွက်နေတယ် လို့ ကြားတယ်။

UTZ : လွန်ခဲ့တဲ့ တစ်ပတ်လောက်ကတည်းက ဗုံးဖောက်မယ့် သတင်း ရတယ်။ လုံခြုံရေးတွေ တင်းကျပ်ထားတဲ့ကြားက ဒီနေ့ ပေါက်ကွဲပါတယ်။

Voice : မပေါက်ကွဲဘဲ ကျန်တဲ့ ဗုံးတွေလည်း ရှိတယ်လို့ ကြားသိရတယ်။ အဲဒါရော ဟုတ်လား။

UTZ : ထိုင်းကျောင်း၊ တိဘက်ကျောင်း နဲ့ ဂျပန် ဘုရား အနီးမှာ ငါးလုံး တွေ့တယ်။ ဂျပန်ဘုရား အနီးမှာက တစ်လုံး ပေါက်တယ်။ တစ်လုံး မပေါက်ဘဲ တွေ့တယ်။ မပေါက်ဘဲ တွေ့တာ နှစ်လုံး ပြောတယ်။ မဟာဗောဓိမှာ တစ်လုံး ဂျပန်ဘုရားမှာ တစ်လုံး။ အခု အိန္ဒိယ သတင်းဌာန က လွှင့်နေတယ်။

Voice : အခု အခြေအနေ ဘယ်လို ရှိပါသလဲ။

UTZ : လုံခြုံရေးတွေ ချထားတယ်။ ဗုံးပေါက်တဲ့ နေရာကို နိုင်ငံခြား သားတွေ ဝင်လို့ မရတော့ဘူး။ ဦးပဉ္စင်းရှိတုန်း ပေါက်တာကတော့ ငါးနေရာ ပေါက်တယ်။ နောက်ထပ် လေးနေရာမှာ ထပ်ပေါက်တယ် လို့ ဆေးရုံက လာတဲ့ ကိုယ်တော် တစ်ပါး ပြောတယ်။ ဘယ်နေရာလဲဆိုတာ မသိပါဘူး။ အခု ရာသီဥတု အခြေအနေက ချက်ချင်း ပြောင်းသွား တယ်။ ကောင်းကင် တစ်ခုလုံး မည်းတက်လာတယ်။ မိုးတွေ ခြိမ်းနေတယ်။ မိုးမရွာတာလည်း ကြာပြီ တစ်မျိုးကြီးပဲ။


အောင်မြင့်ထွန်း

From: The Voice Weekly

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D