သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Tuesday, July 9, 2013

ပယင်းမှော်တွင် KIA အဖွဲ့က ကျောက်ရှာဖွေလုပ်ကိုင်သူ (၁၅) ဦးအား လူသစ်အဖြစ် ထပ်မံဖမ်းဆီးမှု ရှိနေ

ယမန်နေ့က လူ (၄၀)အား ဖမ်းဆီးခေါ်ဆောင်သွားသော KIA အဖွဲ့သည် ဇူလိုင် ၆ ရက် နေ့လယ် ၃ နာရီခွဲခန့်တွင် ပယင်းမှော်သို့ ရောက်ရှိလာပြီး ကျောက်ရှာဖွေလုပ်ကိုင်သူ (၁၅)ဦးအား လူသစ်အဖြစ် ထပ်မံ ဖမ်းဆီးခေါ်ဆောင် သွားခဲ့ ကြောင်း ၎င်းမှော်ရှိကျောက်ရှာဖွေသူများထံမှ သိရသည်။

“ ဟိုတစ်နေ့ကပဲ လူ (၄၀) ဖမ်းသွားတယ်၊ အခုလည်း လာပြီး လူ (၁၅) ယောက်ထပ်ဖမ်းသွားပြန်ပြီ၊ အသက် (၁၈) နှစ်နဲ့ (၄၀) ကြား ယောင်္ကျား တွေကို ရွေးပြီး ဖမ်းသွားတာ၊ လူသစ်စုတာနေမှာပေါ့၊ အရင်နေ့က လူ (၄၀) ကတော့ လယ်ဧက (၅၀)မှာ လယ်ထွန်နေရတယ်လို့ သတင်းပြန်ကြားတယ်၊ အခု (၁၅) ယောက်ကတော့ စစ်သင်တန်းတက်ရမယ်လို့ ပြောပြီး ခေါ်သွား တာ၊ ကချင်လွတ်လပ်ရေးတပ်က အစိုးရနဲ့ ငြိမ်းချမ်းရေးဆွေးနွေး ထားပြီး သားဆို၊ အခုလိုဒေသခံတွေအပေါ် အနိုင်ကျင့်ဗိုလ်ကျနေတာ သူတို့လူကြီး တွေက ဘာမှမပြော တော့ဘူးလား၊ ငြိမ်းချမ်းရေးယူလည်း ဒီပုံစံပါပဲ၊ အရင်က ထက်တောင် လုပ်ကိုင်စားရတာ ပိုဆိုးနေသေးတယ်၊ ဒေသခံတွေ အပေါ် ဒီလောက်အနိုင်ကျင့်နေတာ ဘယ်သူမှ ကူညီ ဖြေရှင်းမပေးကြဘူး၊ အဲဒီလို လွတ်ပေး ထားလို့ကတော့ ဒေသခံလူငယ်တွေအကုန်လုံး ကချ င်စစ်တပ်ထဲ ရောက်ကုန် တော့မှာ၊ မိသားစုကို ရှာကျွေးမယ့်လူတောင် ကြာရင်ရှိမှာ မဟုတ်တော့ဘူး ” ဟု ကျောက်ရှာဖွေနေသူ ဒေသခံအမျိုးသမီး တစ်ဦးက ပြောပြခဲ့သည်။

KIA အဖွဲ့၏ တရားဥပဒေမဲ့အနိုင်ကျင့် လူသစ်စု၊ အတင်းအဓမ္မ အလုပ်စေခိုင်းနေမှုများကြောင့် တနိုင်းမြို့ နယ်အတွင်းရှိ ဒေသခံတိုင်းရင်းသား ကျောက်ရှာဖွေသူ လက်လုပ်/လက်စား အချို့နှင့် ဈေးရောင်းသူ အချို့ မှာ ၎င်းပယင်းမှော်သို့ ၀င်/ထွက် သွားလာမှု နည်းပါးလာခဲ့ကြောင်း မြို့ခံအချို့၏ ပြေပြချက်အရ သိရှိရ ပါ သည်။

နော်ထူးအောင်
Posted in: ကချင်နေ့စဉ်သတင်း

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D