သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Sunday, August 25, 2013

ထန်းကုန်း အခြေအနေ ပြန်လည်တည်ငြိမ်

Photo: “ထန်းကုန်း အြေ သိရပါသည်။
24.8.2013 ည 7:00 ခန့်တွင် ဖြစ်ပွားခဲ့သော ကန့်ဘလူမြို့နယ်၊ ထန်းကုန်း အဓိကရုဏ်းသည် ည 12း00 နာရီထိ လူစုမကွဲသေးကြောင်း သိရသည်။
အခြားမြို့ရွာများမှ လာသူများဝင်ခွင့်မရအောင် ကန့်ဘလူစစ်တပ်က မြို့မှပိတ်၍ တားဆီးထားခဲ့ခြင်း၊ ရဲအင်အား ၂၀၀ ကျော်ခန့်က သေနတ်ပစ်ဖောက်၍ ခြောက်လှန့် လူစုခွဲခြင်းတို့ကြောင့် 25.8.2013 မနက် 3း00 နာရီတွင် လူစုကွဲသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ကွက်တိကွက်ကျား ဆိုင်ခန်း ၁၅ ခန်းကျော်ပျက်စီးသွားခဲ့ပြီး၊ နေအိမ် ၁၅ အိမ်ကျော် မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။
ဗမာ ၁၁ ယောက် အထိမ်းသိမ်းခံထားရပြီး၊ ထန်းကုန်းအနောက်ဘက် အုပ်ဖိုရွာမှ ရွာသားတစ်ဦး ပျောက်ဆုံးနေကြောင်း သိရသည်။
အကြမ်းဖက်ခံရသူ မလပြည့်သည် အက် (၂၅) နှစ် ရှိပြီဖြစ်ပြီး ဇီးပင်ရွာမှ ထန်းကုန်းမြို့သို့ ဆံပင်စီ အလုပ်သွားလုပ်ခြင်း ဖြစ်ကြောင်း၊ ခါတိုင်း ထန်းကုန်းမှာပင် ညအိပ်ကြောင်း၊ အခင်းဖြစ်သည့်နေမှာမှ ရွာပြန်ခဲ့ခြင်းဖြစ်ကြောင်း၊ ထန်းကုန်းမြို့မှ ဆန်းညွန့်ဦး (မူဆလင်) က လက်စွဲပြီး နှောက်ရှက်ကြောင်း၊ လုံးဝလက်မခံ၍ ပြန်သွားခဲ့ပြီး၊ အဖော်နှစ်ယောက်ခေါ်လာခဲ့ကြောင်း၊ မလပြည့်က ခြေကျင်သွားသည်ကို ဆန်းညွန့်ဦးတို့သုံးယောက်က ဆိုင်ကယ်ဖြင့် သွားကာ ရှေ့မှ ကြိုတင်စောင့်နေခဲ့ကြောင်း၊ သုံးယောက်၊ တစ်ယောက် ဝိုင်းအုံဆွဲရမ်း ကိုင်ချုပ်နေစဉ် ခရီးသွားများတွေ့သွား၍ ဝိုင်းလိုက်ရာမှ ဆန်းညွန့်ဦးကို ဖမ်းမိခဲ့ခြင်းဖြစ်ကြောင်း၊ ဆန်းညွန့်ဦးကို ထုတ်ပေးဖို့ တောင်းဆိုရာမှ ပေါက်ကွဲခဲ့ကြခြင်းဖြစ်ကြောင်း၊ ဆန်းညွန့်ဦးသည် ယခုအခါ၌ မုံရွာထောင်သို့ ရောက်ရှိသွားပြီဖြစ်ကြောင်း သိရသည်။
ယနေ့ (25.8.2013) အခြေအနေသည် ပြန်လည်တည်ငြိမ်လျက်ရှိပြီး၊ လုံခြုံရေး ထူထပ်စွာချထားခြင်းမှလွဲ၍ ရောင်းဝယ်ဖောက်ကားမှု ပုံမှန်လည်ပတ်နေပြီဖြစ်ကြောင်း၊ မန္တလေးမြို့မှ ဂဠုန်နီ ဆရာတော်နှင့် သံဃာတော်များ ရောက်ရှိနေပြီဖြစ်ပြီး ဒေသအာဏာပိုင်များနှင့် ပူးပေါင်းဆောင်ရွက်နေကြောင်း သိရပါသည်။

From : ..wira thu

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D