လူ့အခွင့်အရေးအဖွဲ့တွေနဲ့ ဒုက္ခသည်အရေး လှုပ်ရှားသူတွေက
သတိပေးပြောဆိုနေတဲ့ကြားက ထိုင်း-မြန်မာ နယ်စပ်က ဒုက္ခသည်စခန်းတွင်းက
ဒုက္ခသည်တွေကို အသုတ်လိုက် နေရပ်ရင်းပြန်ပို့ဖို့ ပြင်ဆင်နေပါတယ်။နှစ်ဘက်
အပစ်အခတ်ရပ်စဲပြီး ငြိမ်းချမ်းရေးတည်ဆောက်နိုင်ဖို့
တွေ့ဆုံဆွေးနွေးနေချိန်မှာပဲ ကရင်ပြည်နယ် အစိုးရနဲ့ ကရင်အမျိုးသား
အစည်းအရုံးတို့ ပူးပေါင်းပြီး နေရာပြန် လည်ချထားရေး စီစဉ်ပေးနေတယ်လို့
ငြိမ်းချမ်းရေး ဆောင်ရွက်နေသူက ပြောပါတယ်။ နယ်မြေတည်ငြိမ်မှု
မရှိသေးတဲ့အပြင် နေရပ်ရင်းပြန်မယ့် ဒုက္ခသည်တွေအတွက် လုံခြုံရေးနဲ့ ဘဝရပ်တည်
ရေး စတဲ့အာမခံချက်တွေ အပြည့်အဝမရှိသေးတာကြောင့် ဒုက္ခသည်အများစုက
မပြန်လိုဘဲ ဖြစ်နေကြပါတယ်။ အသေးစိတ်ကို ဆက်သွယ်စုံစမ်းထားတဲ့ မဆုမွန်က
တင်ပြပေးထား ပါတယ်။
ထိုင်း-မြန်မာနယ်စပ်မှာရှိတဲ့ ဒုက္ခသည်စခန်းတွေက ဒုက္ခသည်တွေကို
အိမ်ထောင်စုလိုက် မိသားစုတွေကို လူအယောက်၂၀၊ ၃၀ စသဖြင့် အသုတ်လိုက်
နေရပ်ရင်းပြန်ပို့ဖို့ စီစဉ်နေတာဖြစ်ပါတယ်။ ထိုင်းနိုင်ငံ
ရောက်နေတဲ့ မြန်မာဒုက္ခသည်တွေကို ပြန်ပို့ဖို့အရေး မြန်မာအစိုးရနဲ့
ထိုင်းအစိုးရ ပူးပေါင်းပြီး ပြန်ပို့ဖို့ လုပ်ဆောင်နေတာဖြစ်ပါတယ်။ ဒါပေမဲ့
သူတို့ရဲ့ ဆန္ဒမပါဘဲ အတင်းအကျပ်ပြန်ပို့မှာကို ဒုက္ခသည်အများစုက
မလိုလားကြဘူးလို့ ကရင်လူ့အခွင့်အရေးအဖွဲ့က ဒုက္ခသည်တွေကို ကိုယ်တိုင်
ကွင်းဆင်း ကူညီဆောင်ရွက် ပေးနေသူ ကိုစောအယ်လ်ဘတ်က ပြောပါတယ်။
ဒီလိုပဲ စိတ်ချရတဲ့အာမခံချက်မရှိသေးဘဲ ဒုက္ခသည်တွေကို နေရပ်ရင်း အတင်းအကျပ်
ပြန်မပို့သင့်ဘူးလို့ ဒုက္ခသည်အရေး ကူညီပေးနေတဲ့ လူ့အခွင့်အရေးအဖွဲ့တွေက
သတိပေးကြေညာချက်တွေ ထုတ်ပြန်ပြီး တားမြစ်နေတာ ဖြစ်တယ်လို့
ကရင်လူ့အခွင့်အရေးအဖွဲ့က ကိုစောအယ်လ်ဘတ်က ပြောပါတယ်။
“ပုံစံအမျိုးမျိုး ရှိပါတယ်ခင်ဗျ။ တချို့ကျတော့ အစသဘောအနေနဲ့ မိသားစု ၂၀၊
၃၀ ကို အရင် ပြန်ပို့မယ်။ ဒါပေမဲ့ ဒီ KRC က ဘာပြောလဲဆိုရင် ပြန်ရင်
အတူတူပြန်မယ်ပေါ့နော်။ တကွဲတပြားစီ ပြန်မယ့်အခြေအနေ မျိုးမှာမရှိဘူး။
အဲဒီလိုမျိုး ပြောတာတော့ ရှိတယ်။ အဲဒီလိုမျိုး စီစဉ်ပေးတဲ့နေရာမှာ
ဆန္ဒမပါဘဲနဲ့ စီစဉ်တယ် ဆိုပြီးတော့ ဒုက္ခသည်တွေ ကိုယ်တိုင်က လက်မခံဘူးလေ။
ဒုက္ခသည်အရေးလုပ်တဲ့ KRC ကလည်း statement တွေ ထုတ်ထားတာ ရှိတယ်။”
အခုလို စစ်ပြေးဒုက္ခသည်တွေ သူတို့နေရပ်ကိုပြန်ဖို့ စီစဉ်နေပေးနေပေမဲ့
လက်နက်ကိုင်တပ်တွေနဲ့ အစိုးရတပ်တွေကြား စစ်တလင်းဖြစ်ခဲ့တဲ့
သူတို့ရဲ့ကျေးရွာ၊ လယ်မြေတွေထဲမှာ မိုင်းတွေ မရှင်းလင်းနိုင်သေး တာ၊
ခေတ္တအပစ်အခတ် ရပ်စဲနေကြတာမှန်ပေမဲ့ စစ်မှန်တဲ့ ငြိမ်းချမ်းရေးမရသေးတဲ့
အပေါ်တွေမှာ စိုးရိမ် မှုတွေ ရှိနေကြတာဖြစ်တယ်လို့ ကရင်လူ့အခွင့်အရေး
လှုပ်ရှားသူတွေက ပြောပါတယ်။
ကရင်ပြည်နယ်ငြိမ်းချမ်းရေး တည်ဆောက်နိုင်ဖို့အရေး ကရင်အမျိုးသား
အစည်းအရုံးနဲ့ မြန်မာအစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးကော်မတီတို့
အပစ်အခတ်ရပ်စဲရေးမှသည် ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲ၊ အဲ့ဒီကတဆင့်
နိုင်ငံရေး ဆွေးနွေးပွဲတွေ ဖော်ဆောင်နိုင်အောင် ကြိုးစားနေကြ တယ်လို့
ငြိမ်းချမ်းရေး အကျိုးတော်ဆောင် ဦးလှမောင်ရွှေက ပြောပါတယ်။
“အပစ်ရပ်ထားတဲ့အဖွဲ့ လေးဖွဲ့ရှိပါတယ်။ ၁၄ ဖွဲ့ထဲမှာ ကေအဲန်ယူ အနေနဲ့ကတော့
အစိုးရအဖွဲ့ပေါ့။ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီရဲ့
အများဆုံး ဆွေးနွေးဖြစ်တဲ့အဖွဲ့ လို့ ပြောရမှာဖြစ် တယ်ခင်ဗျ။ မနေ့ကပဲ
ကေအဲန်ယူက အထွေထွေ အတွင်းရေးမှူး ခေါင်းဆောင်နဲ့ သူတို့ ထပ်ပြီးတော့
ဆွေးနွေးတာမျိုး ရှိတယ်။ သိပ် မကြာခင်မှာလည်း ငြိမ်းချမ်းရေး ဖော်ဆောင်ရေး
လုပ်ငန်း ကော်မတီနဲ့ ထပ်ပြီးတော့ ဆွေးနွေးဖို့ ပြင်ဆင်နေတာ တွေလည်း
ရှိတော့ ပစ်ခတ်မှုကတော့ လုံးဝ မရှိပါဘူး။ ကေအဲန်ယူနဲ့ တပ်မတော်နဲ့။
အစိုးရဘက်ကတော့ ၀န်ကြီး ဦးအောင်မင်း ပြောတာတော့ ကျနော်တို့ ပထမ အပစ်အခတ်
ရပ်မယ်။ ဒီ အပစ်အခတ် ရပ်တာတွေကို ခိုင်မာအောင် လုပ်မယ်။ ပြီးရင်
ပြည်ထောင်စု အဆင့် ဆွေးနွေးမယ်။ အဲဒါပြီးရင်တော့
နိုင်ငံရေးဆွေးနွေးမှုပေါ့လေ။”
ကရင်ပြည်နယ်တွင်း နှစ်ဘက် အပစ်အခတ်ရပ်စဲပြီး ငြိမ်းချမ်းရေး
တည်ဆောက်နိုင်ဖို့ တွေ့ဆုံဆွေးနွေး နေချိန်မှာပဲ ကရင်ပြည်နယ်အစိုးရနဲ့
ကရင်အမျိုးသား အစည်းအရုံးတို့ ပူးပေါင်းပြီး နေရာပြန်လည်ချထားရေး
စီစဉ်ပေးနေတယ်လို့ ငြိမ်းချမ်းရေး ဆောင်ရွက်နေသူ ဦးလှမောင်ရွှေက ပြောပါတယ်။
“နှစ်ဘက် ညှိနှိုင်းလို့ ရတဲ့နေရာတွေမှာ နှစ်ဘက်လက်ခံ ရမှာပေါ့လေ၊
ကေအဲန်ယူရော ပြည်သူလူထုရော နှစ်ဘက် လက်ခံတဲ့နေရာမှာတော့ ပြန်လည်
နေရာချထားရေး ကိစ္စတွေကို နှစ်ဘက် ညှိနှိုင်းပြီးတော့ ဆောင်ရွက်မယ်လို့
ပြောတာ ရှိပါတယ်။ ဆိုတော့ ဒီ ပြန်လည် နေရာချထားရေးကတော့ မူဝါဒအားဖြင့်တော့
လုပ်ငန်းကော်မတီကနေပြီးတော့ ကိုင်တွယ် ညှိနှိုင်းပြီးတော့ လက်တွေ့ကိုတော့
ကရင်ပြည်နယ်ထဲမှာ ကရင်ပြည်နယ်အစိုးရအဖွဲ့က ဦးဆောင်ပြီးတော့ လုပ်ပါတယ်။
အဲဒီလုပ်တာတော့ ကေအဲန်ယူ နဲ့ ပြည်နယ် အစိုးရနဲ့ ညှိနှိုင်းပြီးတေ့ ”
အကြောင်းအရင်းမျိုးစုံနဲ့ နယ်စပ်ကိုထွက်ပြေးလာကြတဲ့ သိန်းချီတဲ့
ဒုက္ခသည်တွေဟာ တချို့ကလည်း ထိုင်းနိုင်ငံတွင်းမှာပဲ
အခြေချနေထိုင်လိုသူရှိသလို၊ တတိယနိုင်ငံတွေကို သွားရောက်ပြီး အခြေချလိုသူ
တွေလည်း ရှိပါတယ်။
မိမိတို့ရဲ့ နေရပ်ရင်းကို ပြန်လိုသူတွေလည်း ရှိနေကြပေမဲ့ ဒုက္ခသည်တွေရဲ့
အခုလက်ရှိ အနေအထားဟာ ဘာဘဝအာမခံချက် မရှိတဲ့ အနေအထားဖြစ်နေတယ်လို့
ဒုက္ခသည်အရေး ကူညီပေးနေသူတွေက ပြော ပါတယ်။
စခန်းတွင်း ကူညီထောက်ပံ့ပေးနေတဲ့ လူသားချင်းစာနာမှု အကူအညီတွေကလည်း
လုံလောက်မှု မရှိ တော့သလို၊ နေရပ်ရင်းကို ပြန်ပို့ဖို့ စီစဉ်နေကြပေမဲ့
နေထိုင်စားသောက်ရေးနဲ့ ဘဝရပ်တည်ရေး အလုပ် အကိုင် စနစ်တကျ ဖန်တီးပေးထားမှု
အာမခံချက်မရှိသေးတာ၊ မိမိတို့ရဲ့ မိရိုးဖလာလုပ်ငန်းတွေ ပြန်လည်
လုပ်ကိုင်နိုင်ဖို့မှာလည်း နယ်မြေလုံခြုံရေး စိုးရိမ်ရဆဲအခြေအနေအပေါ်
ဒုက္ခသည်တွေက ပူပင်နေကြ တာဖြစ်ပါတယ်။
ဒါကြောင့်လဲ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာဒုက္ခတွေနဲ့
ရင်ဆိုင်ခဲ့ရတဲ့ ဒုက္ခသည်တွေအတွက် လုံခြုံစိတ်ချ မှုရှိတဲ့ တည်ငြိမ်တဲ့
လူမှုဝန်းကျင်ကို မဖန်တီးပေးနိုင်သေးသရွေ့ အတင်းအကျပ်
ပြန်မပို့သင့်ဘူးဆိုပြီး ဒုက္ခသည်အရေး ကူညီပေးနေသူ လူ့အခွင့်အရေးအဖွဲ့တွေက
မေတ္တာရပ်ခံတောင်းဆိုနေတာ ဖြစ်ပါတယ်။
VOA
သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...
မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်...
ရွှေ မြန်မာတို့
အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော...
မင်းကျေနက်ဖို့
မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်...
Subscribe to:
Post Comments (Atom)
တင်ပြီးသား post များ
-
►
2014
(18)
- ► 10/19 - 10/26 (18)
-
▼
2013
(4683)
- ► 11/17 - 11/24 (1)
- ► 09/29 - 10/06 (42)
- ► 09/22 - 09/29 (187)
- ► 09/15 - 09/22 (231)
- ► 09/08 - 09/15 (288)
- ► 09/01 - 09/08 (239)
-
▼
08/25 - 09/01
(188)
- မလေးရှားက ဘ၀တွေ
- လမ်းလျှောက်တတ်သော သစ်ပင် (Walking Palm)
- Tinea Versicolor ညှင်း
- နပိုလီယံသေခါနီးမှာ ဒီလိုစကားတစ်ခွန်းပြောခဲ့သတဲ့...
- ငါးရှဥ့်ရဲ့ပုံပြင်
- "လူရိုးလူအေးကြီး"
- အလုပ်မှ ထုတ်ပယ်ခံရသူ ဒေါ်စိုးစိုးခိုင်နှင့် တွေ့ဆုံ...
- ပရလောက သံယောဇဉ်
- စတုတ္ထသမီးတော် ထိပ်စုမြတ်ဖုရားကလေး
- အာဏာရှင်ကြီး အကြောင်း လေ့လာကြည့်ခြင်း…..(အပိုင်း၂)
- ဆီးဂိမ်းကွင်းများ ပြင်ဆင်ထားမှုမှာ ကမ္ဘာ့အဆင့်ရှိဟု ...
- ကျွှန်ုပ်တို့ နိုင်ငံအတွင်းရှိ ပြည်တွင်းနေ ၇၈၆ မွတ်...
- ညလုံးပေါက် ချစ်ရည်လူးခြင်းကြောင့် ဇနီးသည် အိပ်မပျေ...
- မြန်မာ့ ရွှေဈေး မြင့်တက်
- လိုင်ဇာ အပြီး နမ်ဘီးယား မိတ္ထီလာဝင်
- အထီးကျန် သက်ကြီး ရွယ်အိုများ အတွက် နေ့ပိုင်း စောင့...
- ဒဂုံ တက္ကသိုလ် ရိပ်မွန် အိမ်ရာနေ ကျောင်းသားများ မြေ...
- ကင်တားနားတွေ အများကြီး လိုတယ်
- အိန္ဒိယမှ တရားမဝင် လာရောက် နေထိုင်သူများ ထံမှ လက်နက...
- ~ကမ္မဋ္ဌာန်းလေးမျိုးနှင့် မျက်နှာသစ်နည်း~
- မြန်မာ သင်္ဘောတစီး ဗီယက်နမ်တွင် ဖမ်းဆီးခံရ
- ညစ်ညမ်းဗီဒီယိုရိုက်ကူးမှုကြောင့် ကင်မ်ဂျုံအန်း၏ချစ်...
- အမျိုးသမီးများကို ကာကွယ်သည့်ဥပဒေ ဆော်ဒီတွင် ပထမဆုံ...
- ရန်ကုန်လေဆိပ်နှင့် မြို့တွင်း အငှားကား ၀န်ဆောင်မှု ...
- ~မြန်မာပြည်က ကျောက်နဂါးကြီး~
- ရခိုင်သားတွေ သွေးစည်းသွားကြပြီ
- ကရင်ပြည်နယ် သို့ အဓိက လာရောက်သူများမှာ သမိုင်းဆိုင...
- ပြည်ပဆားများ ပြည်တွင်းသို့ ၀င်ရောက်မှု များပြားလာသြ...
- မြန်မာပြည်တွင်းသို့ တရုတ်ပြည်မှ မှောင်ခိုလမ်းကြောင...
- ဥက္ကံတွင် ကောလာဟလထွက်ပေါ်ပြီး ကျောင်းများသို့ လူရာချ...
- Facebook ရှိ ၀ါဒဖြန့်နေသော အကောင့်များ၏ အချက်အလက်မ...
- ဆီးရီးယား အစိုးရက စကာ့ဒ်ဒုံးကျည်များကို နေရာ ရွှေ့ေ...
- မီဒီယာ နှင့် Facebook များ မဟုတ်မမှန်ရေးသားမှုကို ထ...
- ဆီးရီးယားအရေး တင်းမာနေချိန် အမေရိကန် စစ်သင်္ဘော တပ်ြ...
- အစိုးရဘက်ဂျက် ပြည်သူတွေ ပိုပေးဖို့ထက် ကိုယ်တိုင်သိ...
- အမေရိကန်-မြန်မာ ကာကွယ်ရေးဝန်ကြီး သီးခြားတွေ့ဆုံ
- ယာဉ်ထိန်းရဲ တပ်ဖွဲ့တွင် ရဲမေအင်အား ၆၀၀ ကျော် တိုးခ...
- မိတ္တီလာမြို့ကို ကုလ ကိုယ်စားလှယ် ရောက်ရှိ
- မောင်တောပဋိပက္ခတွင် ပြစ်မှုကျူးလွန်ခဲ့သူ ဘင်္ဂါလီ ၇၀ေ...
- Miss Supranational 2013 မှာ ကိုယ်ဝင်ရှိလို့ပြန်သွာ...
- ဆီးရီးယားကို အကန့်အသတ်နဲ့တုံ့ပြန်ဖို့ အိုဘားမားစဉ်...
- ရန်ကုန်မြို့တွင် Day Club များ လုံးဝမဖွင့်ရန် ညွှန်...
- မလေးရှားတွင် မြန်မာများကို စတင်ဖမ်းဆီးနေပါပြီ
- NLD မှာမွတ်စလင်တွေ ရှိတယ်လို့ ပြောသူတွေဟာ အဆင့်အတန...
- ဧရာဝတီတိုင်းဒေသကြီးတွင် ၀က်မကြီးတစ်ကောင်မှ လူ၊ဆင်၊...
- ကွန်ဒုံးမသုံးခဲ့ခြင်းကြောင့် အမေရိကန်အပြာမင်းသမီး ...
- တောင်ဥက္ကလာပမြို့နယ်တွင် ကျောင်းကြိုသွားသည့် အမျိုး...
- မိတ္ထီလာတွင် ဦးသောဘိတ ခေါင်းအထုခံရ သေဆုံးခဲ့ခြင်းအ...
- ၁ % နှုန်းနဲ့ ပြုတ်မည်ကို ဒေါ်အောင်ဆန်းစုကြည်လည်းြေ...
- ဆီးရီးယားကို တိုက်ပါက ခွင့်လွှတ်မည်မဟုတ်ဟု တရုတ်မီဒ...
- ဒေါ်စုပြောသော ရိုဟင်ဂျာဆိုတာ မရှိကြောင်း သက်သေပြမည်...
- ပန်းတနော် မွတ်ဆလင်သားအဖကလိင်ကျေးကျွန်ပြုမှုကြောင့် ...
- အင်ဒိုနီးရှား နိုင်ငံတွင် ကျင်းပမည့် "Miss World" ...
- အသက် ၁၆ နှစ်အရွယ် အပျိုစင်လေးအား လိမ်ညာ၍ ပြည့်တန်ဆ...
- NLD ပါတီ အနေဖြင့် ဘင်္ဂလီများဘက်မှ အပြည့်အ၀ ရပ်တည်တေ...
- ၁၅ နှစ်အရွယ် ကလေးစစ်သား တပ်မတော်က အိမ်ပြန် မပို့ဟုဆို
- တက္ကသိုလ် ဆရာဆရာမ များအသင်း အား ကျနော်မေးလိုပါသည်
- ကျဉ်ဆံလှဆွေတို့များ ကိုယ့်မြေးအရွယ် လောက်တောင် ဦး...
- ယာဉ်စည်းကမ်းမလိုက်နာ၍ ချလံဖြတ်အရေးယူခံရသူ လိုင်းကာ...
- ခင်ဝင့်ဝါ အပျိုတော် အက နဲ့ ယှဉ်ပြိုင်မည်
- ရခိုင်ပြည်နယ် မဟူတောင်ကို ဘင်္ဂလီများက သူတို့ပိုင်သည...
- တရားမဝင်လာနေသူများကို အကြီးဆုံး ဖြိုခွင်းမှု အစီအစဥ...
- မြန်မာလအမည်တွေ နောက်ကွယ်မှ အကြောင်းအရာများ
- ဒေါ်နော်အုန်းလှအား ထောင်ဒဏ် ၂ နှစ်ချမှတ်
- ဘယ်လာရုစ် ရောက် မော်ဒယ် လှလှ ခင်ဝင့်ဝါ မဲဆွယ် နေပါတယ်
- "အနုပညာ လောကထဲ ခေါ်လာတဲ့ သူကို ပြောပြတဲ့ စန္ဒီမြင့်လ...
- ဆီးရီးယားကို အမေရိကန်တို့ တိုက်မည်မို့ အစ္စရေးတို့လ...
- နိုင်ငံသား အစစ် မဖြစ်သူများသည် နိုင်ငံရေးပါတီ တည်ေ...
- နေ့လယ်ခင်းလူစည်ကားချိန် မီးခံသေတ္တာအလုံးလိုက်ခိုးယူ
- W.y ဟု ရေးထားသော ဆေးများကိုလည်း သောက်ခိုင်းပါသည်၊ ...
- အရိုက်ခံချင်သူ ကိုကို မမ များ
- ကင်တားနား ကိစ္စကို မဖြစ်သင့်မဖြစ်ထိုက်ကြောင်း ပြည်...
- မောင်တောပဋိပက္ခတွင် ပြစ်မှုကျူးလွန်ခဲ့သူ ဘင်္ဂါလီ ၇၀ေ...
- သူများ မိန်းမ ကြာခိုလို့ အဝှာ ပြန်ထုတ်လို့ မရသူ (v...
- White Card ကိုင်သူများ ပါတီဝင်ခွင့်၊ ထောင်ခွင့် မြ...
- လူမှုကွန်ယက်ဆိုဒ်ပေါ်မှ နာမည်ကျော် မောင်စေတန်သတင်းဂျ...
- မြန်မာနိုင်ငံသားနှင့် လက်ထပ်ထားသော နိုင်ငံခြားသားမ...
- သမီးဖြစ်သူရဲ့ ဝတ်လစ်စလစ်ဒီဇိုင်းအတွက် နယူးဇီလန်ဝန်...
- သံဘီးတပ် လှည်းတွေကြောင့် ကားလမ်းတွေ ပျက်ရတာ ဟု ဒုဝ...
- အလုပ် ချိန် ပိုခိုင်းသော အလုပ်ရှင် များကို အစိုးရက...
- ဦးနေဝင်း သမီး ပိုင် နဝရတ် ဟိုတယ် ကို ကြွေးကျန် ဒေ...
- ဇွဲကပင်တောင် Cable Car စနစ် Survey ပြုလုပ်ပြီး၍ တည...
- ရန်ကုန်မြို့တွင် တရားမ၀င် တိုင်းရင်းဆေးခန်း များအာ...
- ပရိသတ်ကို ပါးစပ်အဟောင်းသားဖြစ်အောင် ဖျော်ဖြေခဲ့တဲ့...
- ခရစ္စတိုဖာ ဂါးန်နက်လက်သစ် သိပ်ဖြစ်ချင်နေသလား ကိုကျေ...
- ၈၈မျိုးဆက်ကျောင်းသား တေးသံရှင် ကုလားဒိန် မြအေး တေး...
- ဆီးရီးယားကို အမေရိကန် တိုက်ခိုက်ပါက ကျဆုံးခန်းနှင့...
- ရင်သားတွဲ ကျခြင်းကို ကာကွယ်နိုင်သော နည်းလမ်းများ
- ခင်ပွန်းသည်အား ဇနီးသည်မှ ခွက်ဖြင့်ရိုက်သတ်
- စင်ကာပူတွင် စစ်သားများအားမလေးမစားလုပ်သည့် စင်္ကာပူနိ...
- မိုက်ရိုင်းလှသော NLD
- ဖတ်ပါ ရွှေမြန်မာ ...သမိုင်းကိုသိဖို့ပါ
- ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် အိုဘားမား ဆီးရီးယားကို ...
- ငါးပိထဲ မြေသြဇာထည့်ရောင်းသူများကို အရေးယူမည်
- မူးယစ်ဆေးဖြတ်သူများထဲတွင် အသက် ၃၅နှစ်အောက်အမျိုးသမ...
- ဂျပန်အကြီးဆုံး လေကြောင်းလိုင်း ANA က မြန်မာ Asian ...
- လွှတ်တော်နှင့် သမ္မတရုံး ပြေလည်မှုမရှိဟု ပြည်သူလူထု အ...
- Miss Universe ပြိုင်ပွဲ နှစ်ပေါင်း ၅၀ ကျော်အတွင်း ...
- လိုင်ဇာ ခရီးစဉ်နှင့် ပတ်သက်၍ သတင်း မထုတ်ပြန်ရန် ကု...
- တောင်ဥက္ကလာတွင် အမျိုးသမီး၏ပါးကို ဓားဖြင့်လှီးခဲ့သူ...
- ► 08/18 - 08/25 (243)
- ► 08/11 - 08/18 (243)
- ► 08/04 - 08/11 (231)
- ► 07/28 - 08/04 (293)
- ► 07/21 - 07/28 (187)
- ► 07/14 - 07/21 (219)
- ► 07/07 - 07/14 (234)
- ► 06/30 - 07/07 (167)
- ► 06/23 - 06/30 (316)
- ► 06/16 - 06/23 (177)
- ► 06/09 - 06/16 (224)
- ► 06/02 - 06/09 (127)
- ► 05/26 - 06/02 (155)
- ► 05/19 - 05/26 (132)
- ► 05/12 - 05/19 (106)
- ► 05/05 - 05/12 (86)
- ► 04/28 - 05/05 (56)
- ► 04/21 - 04/28 (61)
- ► 04/14 - 04/21 (49)
- ► 04/07 - 04/14 (49)
- ► 03/31 - 04/07 (33)
- ► 03/24 - 03/31 (34)
- ► 03/17 - 03/24 (11)
- ► 03/10 - 03/17 (11)
- ► 03/03 - 03/10 (5)
- ► 02/24 - 03/03 (11)
- ► 02/17 - 02/24 (1)
- ► 02/10 - 02/17 (6)
- ► 02/03 - 02/10 (15)
- ► 01/27 - 02/03 (3)
- ► 01/20 - 01/27 (7)
- ► 01/13 - 01/20 (6)
- ► 01/06 - 01/13 (9)
-
►
2012
(82)
- ► 12/30 - 01/06 (8)
- ► 12/23 - 12/30 (10)
- ► 12/16 - 12/23 (7)
- ► 12/09 - 12/16 (3)
- ► 12/02 - 12/09 (2)
- ► 11/25 - 12/02 (1)
- ► 11/18 - 11/25 (18)
- ► 11/11 - 11/18 (25)
- ► 08/12 - 08/19 (1)
- ► 03/04 - 03/11 (1)
- ► 02/26 - 03/04 (1)
- ► 02/19 - 02/26 (1)
- ► 02/05 - 02/12 (3)
- ► 01/22 - 01/29 (1)
-
►
2010
(9)
- ► 12/05 - 12/12 (1)
- ► 11/28 - 12/05 (2)
- ► 11/07 - 11/14 (5)
- ► 10/31 - 11/07 (1)
No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...