သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Monday, August 26, 2013

မလေးရှားရောက် တရား မဝင် လုပ်သား များကို ရက်ပိုင်း အတွင်း ဖမ်းဆီးမည်

ရန်ကုန်၊ သြဂုတ် ၂၅
မလေးရှားနိုင်ငံတွင် မြန်မာနိုင်ငံသားများ အပါအဝင် တရားမဝင် နေထိုင် သည့် အခြားနိုင်ငံသားများကို
စက်တင်ဘာလ ၁ ရက်နေ့မှ စတင် ဖမ်းဆီးမည် ဖြစ်ကြောင်း The Star သတင်းဌာနတွင် ဖော်ပြသည်။
Enforcement Operation (မလေးရှားအခေါ် အော်ပရာစီ) ဟု အမည်ပေး ထားသည့် တရားမဝင် နိုင်ငံ
ခြားသားများကို စစ်ဆေး ဖမ်းဆီးရေး စစ်ဆင်ရေးကို စက်တင်ဘာလ ၁ ရက်နေ့တွင် စက်ရုံ၊ အလုပ်ရုံ၊
စားသောက်ဆိုင်များ၊ တရားမဝင် အလုပ်သမားများ နေထိုင်သည်ဟု ယူဆရသော လူနေထိုင်ရာ နေရာ
များတွင် ပြုလုပ်ရန် သြဂုတ်လ ၂၄ ရက်နေ့ က မလေးရှား အစိုးရက တရားဝင် ကြေညာလိုက်ကြောင်း
ယင်းသတင်းဌာန တွင် ဖော်ပြသည်။

“တစ်နှစ်တစ်ခါ ရှင်းလင်းရေး လုပ်တာပါ။ အထောက်အထား မရှိတဲ့ သူတွေ ဆိုရင် အတတ်နိုင်ဆုံး အ
ပြင် မထွက်တာ ကောင်းတယ်” ဟု ကွာလာလမ်ပူ မြို့တွင် ဈေးဆိုင် ဖွင့်ထားသူ ဦးဇော်ဇော်အောင် က
ပြောကြားသည်။

မေလကုန်နှင့် ဇွန်လဆန်းတွင် ဖြစ်ပွားခဲ့သည့် မလေးရှားရောက် မြန်မာနိုင်ငံ သားများ အကြမ်းဖက် ခံ
ရမှု ဖြစ်ပွားစဉ်ကလည်း အော်ပရာစီကို တစ်ကြိမ်ပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံသားတစ်ထောင်ထက် မနည်း
ဖမ်းဆီးခံ ခဲ့ရသည်။

အော်ပရာစီ စစ်ဆင်ရေးတွင်း ရဲ၊ လဝက၊ ပြည်သူ့စစ်၊ စစ်တပ်နှင့် နိုင်ငံခြား လုပ်သားများ စီမံ ခန့်ခွဲရေး
အစီအစဉ် (6P) တာဝန်ခံ အေးဂျင့်များ၊ UN ကတ် တရားဝင် ရရှိထားသူများအတွက် UN မှ တာဝန် ရှိ
သူများ ပါဝင်သည်။

မလေးရှားနိုင်ငံတွင် တရားမဝင် မြန်မာလုပ်သား တစ်သိန်းခွဲခန့်ကို နိုင်ငံကူး လက်မှတ်များ ထုတ်ပေး
ထားပြီး ဖြစ်ကြောင်း နိုင်ငံတော် သမ္မတရုံးက သြဂုတ်လ ၂၃ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

The Voice Weekly

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D