သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Tuesday, August 20, 2013

မျက်ကန်းမျိုးချစ်များ မဖြစ်စေလို

ပြည်ပတွင်နေထိုင်ကြသော နိုင်ငံရေးလုပ်စားအချို့ 
မည်သည့်နိုင်ငံတွင်မဆို ခေါင်းဆောင်မှုပုံစံအမျိုးမျိုး၊ အုပ်ချုပ်မှုစနစ်ပုံစံအမျိုးမျိုးဖြင့်
အုပ်ချုပ်နေကြသည်ကို ကမ္ဘာပေါ်ရှိမည်သည့်နိုင်ငံတွင်မဆိုတွေ့ကြုံနေရသည်။
ထိုနည်းတူစွာမိမိတို့နိုင်ငံမှနိုင်ငံသူ နိုင်ငံသားများမှာလဲပုံစံအမျိုးမျိုးဖြင့်ကြုံတွေ့ 
နေကြရမည်မှာလဲ မလွဲဧကန်ပင်။မိမိတို့ မြန်မာနိုင်ငံသည် ပထမမြန်မာနိုင်ငံတော်၊
ဒုတိယမြန်မာနိုင်ငံတော်၊တတိယမြန်မာနိုင်ငံတော်စသည် ဖြင့်ကုန်းဘောင်မင်းဆက်များ
ပဒေသရာဇ်စနစ်ဖြင့်အုပ်ချုပ်ခဲ့ကြပြီးနောက်သီပေါမင်းလက်ထပ်တွင်သူ့ကျွန်ဘ၀သို့
ကျရောက်ခဲ့ရသည်။ဘာကြောင့် သူ့ကျွန်ဘ၀ကျရောက်ခဲ့ရသလဲ အဖြေကို ရှာကြည့်ရင်
ကျနော်တို့ မြန်မာလူမျိုးတွေ အချင်းချင်းစည်းလုံးညီညွတ်မှုမရှိဆိုခြင်းကရာခိုင်းနှုန်း
အရကြည့်မည်ဆိုလျှင်၈၀ရာခိုင်နှုန်းခန့် ရှိမည်ဟုလေ့လာဆန်းစစ်ချက်များအရသိရှိရပါသည်။

ပဒေသရာဇ်ခေတ်လွန်စတုတ္ထမြန်မာနိုင်ငံကို စည်းရုံးပြီးတိုင်းရင်းသားစည်းလုံးညီညွတ်မှုကို
ဖော်ဆောင်ခဲ့သူမှာဗိုလ်ချုပ်အောင်ဆန်းဖြစ်သည်ဆိုသည်ကို မည်သူမျှငြင်းနိုင်မည်မဟုတ်ပါ။
မြန်မာနိုင်ငံ၏လွတ်လပ်ရေးဖခင်ကြီးအဖြစ်အသိအမှတ်ပြုခံရသောဗိုလ်ချုပ်သည်မြန်မာနိုင်ငံ
အားလွတ်လပ်ရေးရယူပေးနိုင်ရုံသာမက ဒီမိုကရေစီစနစ်တစ်ခုကိုလဲ အုပ်မြစ်ချပေးခဲ့သည်။
သို့ ပေမယ့်လဲတစ်ကိုယ်ကောင်းဆန်သူ၊ အတ္တကြီးသူလူတစ်စု၏ အကောက်ကြံမှုကြောင့်
မြန်မာနိုင်ငံ၏ အားကိုးရမည့် ရတနာတစ်ပါးဆုံးရှုံးခဲ့ရလေသည်။ဗိုလ်ချုပ်အုပ်မြစ်ချပေးခဲ့တဲ့
ဒီမိုကရေစီစနစ်ကို ကျင့်သုံးပြီး ၁၄နှစ်အကြာ မြန်မာနိုင်ငံသည် တစ်ပါတီစနစ်သို့ 
ကျရောက်ခဲ့ရပြီးနောက် စနစ်အမျိုးမျိုးဖြင့် ရာစုနှစ်တစ်ဝက်ခန့် မြန်မာနိုင်ငံမှာအဆိုး
သံသရာထဲမှရုန်းမထွက်နိုင်ခဲ့ပါ။

၂၀၁၁ခုနှစ် မတ်လတွင် မြန်မာနိုင်ငံအတွက် ဒီမိုကရေစီ အစိုးရတစ်ရပ်ပေါ်ထွက်လာခဲ့ပါသည်။
ထိုသို့ပေါ်ထွက်လာပြီးမကြာမီ မရှေးမနှောင်းဆိုသလိုပင် ပြသနာများကိုဖြေရှင်းနေရသည်မှာလဲ
အားလုံးအသိပင်ဖြစ်သည်။ထိုသို့ ဖြေရှင်းရာတွင်ယနေ့ခေတ်ကာလတွင်ဖြစ်ပေါ်နေသော
ဘင်္ဂါလီ ရိုဟင်ဂျာအရေးနှင့်ပတ်သတ်ပြီး အစိုးရ၏ ရပ်တည်မှုသည်သမိုင်းကောင်းဖြစ်သည်။
ရပ်တည်မှုပြတ်သားသည်။ရပ်တည်မှုပြတ်သားသော်လည်းအရေးကိစ္စဖြေရှင်း မှုမှာ
အမြှော်အမြင်ရှိရှိသိမ်မွေ့ညင်သာစွာဖြေရှင်းနေသည်ကိုလဲတွေ့ရပါသည်။ထိုသို့ ဖြေရှင်းနေ
သည်ကိုအသားထဲမှ လောက်ထွက်ကြသူများ၊မိမိအကျိုးစီးပွားအတွက်ရှေ့ တန်းတင်ထားမည့်
သူများမှာသမိုင်းရိုင်းမည့် သူများဖြစ်သည်။မိမိအကျိုးအတွက်ဆို မည်သည့်ကိစ္စကိုမဆိုလုပ်
ကိုင်ရန်ဝန်လေးတတ်သူများမဟုတ်၊ ကိုယ်ကျိုးစီးပွားအတွက်"ယုံကြည်ချက်"ဆိုသောစကား
လုံးကိုတွင်တွင်သုံးပြီး မျက်စိကို စုံမှိတ်အော်ကာ မိမိနိုင်ငံအား ချောက်ထဲတွန်းချမည့်သူများ
ဖြစ်သည်။

မှန်ကန်သောတောင်းဆိုမှု၊ အများကိုကိုယ်စားပြုသော တောင်းဆိုမှုမရလို့ဆိုပီး
တောင်းဆိုတာမျိုးတော့ လက်ခံနိုင်ဖွယ်ရာဖြစ်၏။အစိုးရမှအရာအားလုံးလိုက်လိုက်လျော
လျောရှိနေသည့်ကြားမှယုံကြည်ချက် အတွက် တိုက်ပွဲဝင်နေကြတယ်ဆိုတာကတော့လုံးဝ
နားမလည်နိုင်ပါ။တစ်ရေးနိုးလို့ ဆန္ဒမပြည့်ဝတိုင်း တိုက်ပွဲဝင်ရပါသည်ဟုဆိုလျှင်
သင်၏မိသားစုအပေါ်တွင်ကောဘယ်လောက်စီမံခန့် ခွဲနိုင်လဲဆိုတာကိုသတိရှုစေချင်
ပါသည်။တောင်းဆိုနေမှုများကိုလိုက်လျောနေလျက်သားနှင့်ပင် ယုံကြည်ချက်အတွက်
တိုက်ပွဲဝင်နေရသည်ဆိုပါလျှင်ထိုသူတို့ အား အကြောင်းအမျိုးမျိုးဖြင့်စဉ်းစားရပါလိမ့်မည်။
နိုင်ငံရေး၊လူမှုရေး၊စီးပွားရေး၊ဘာသာရေး၊ပညာရေး၊ဒီမိုကရေစီအရေးစသောကဏ္ဍပေါင်းစုံ
အသီးသီးတွင်အခြေခံကောင်းသောအုပ်မြစ်တို့ရှိနေစေရန်သမ္မတကြီးလဲဆောင်ရွက်နေပါသည်။
သမ္မတကြီး၏လုပ်ဆောင်ချက်များကို လူတစ်စုမှသာထောက်ခံနေကြခြင်းမျိုးမဟုတ်ဘဲ
လူအများစုသာမကနိုင်ငံတကာကပါထောက်ခံနေသည်ကိုလဲတွေ့ နေရပါသည်။ယခုကဲ့သို့ 
တိုးတက်နေသောခေတ်ကြီးထဲတွင်ယခင်ကလိုမှိုင်းတိုက် ၀ါဒဖြန့်ခြင်းမျိုးလုပ်ဆောင်ရ်ျ
မရနိုင်တော့ပါ။ထို့ကြောင့်လဲ နိုင်ငံရေးလုပ်စားသူအချို့ ခွက်ပျောက်သွားကြသည်ကိုလဲ
အားလုံးအသိပင်။

ထို့ ကြောင့် အဆိုးသံသရာဝဲဂယက်ထဲမှ အကောင်းသံသရာသို့ ဝင်ရောက်လာသော
မိမိတို့ မြန်မာနိုင်ငံ၏ အကျိုးစီးပွားကို မျက်ကန်းသဘောတရားအယူအဆများဖြင့်မဖျက်ဆီးသင့်၊
မတုန့် နှေးစေသင့်ပါ။ပြည်သူအများလက်ခံနေကြသော အရာများကို အမြဲဆန့် ကျင်တိုက်ပွဲဝင်
မည့်အစားမှန်ကန်သောအယူဝါဒ၊မိမိနိုင်ငံအားတိုးတက်လိုစိတ်၊မျိုးချစ်စိတ်၊နိုင်ငံချစ်စိတ်များရှိခဲ့
ပါလျှင်ပူးပေါင်းဆောင်ရွက်ခြင်းကသာလျှင် မိမိနိုင်ငံဖွံ့ ဖြိုးတိုးတက်ရေးအတွက်အကျိုး
သက်ရောက်မှုရှိပါလိမ့်မည်။

From: Min Thu

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D