သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Tuesday, August 20, 2013

ဒေါ်အောင်ဆန်းစုကြည်၏ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ဖြည့်စွက်ရေးနှင့် စပ်လျဉ်း၍ ပြည်သူတစ်ဦး၏အမြင်

၂၀၀၈ခုနှစ် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေသည်
လူတစ်စုအတွက် ဖွဲ့စည်းထား သော ဥပဒေဖြစ်ပြီး ဘယ်တော့ပြင်ဆင်မှာလဲ
ဆိုတာကို ကျမသိချင်ပါတယ်လို့ နိုင်ငံတော်သမ္မတဦးသိန်းစိန်အမေရိကန် ကို
ရောက်နေစဉ်မှာ ဒေါ်အတာဆိုတဲ့ အမျိုးသမီးက မေးလိုက်ပါတယ်။ တစ်ခြား
သူမေးချင်ပြောချင်တာတွေ ကလဲ အများ ကြီး မေးပါတယ်၊ပြောပါတယ်။
ဒီဆောင်းပါးနဲ့ တိုက်ရိုက်သက်ဆိုင်တဲ့ အပိုင်းကို ဖော်ပြချင်လို့ တခြား
အကြောင်းတွေကို ဖယ်ထားလိုက်ပါတယ်။

နိုင်ငံတော်သမ္မတက တစ်ချို့ကိစ္စတွေက တစ်ဖက်အမြင်ပဲဖြစ်ပါတယ်။
တစ်ဖက်ထဲက ကြည့်ရင်တော့ ၀ါးခြမ်းပဲ မြင်နေမှာပဒီဘက်ကကြည့်ရင်လဲ
ဝါးခြမ်းပဲမြင်နေမှာပဲ။ နှစ်ဘက်စလုံးက လှည့်ပတ်ကြည့်မှသာ ၀ါးလုံးပါလား
ဆိုပြီး သိမြင်ရမှာပါ။ ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ လူတစ်စုအတွက်
မဟုတ်ပါဘူး။လူအများ ထောက်ခံ အတည်ပြု ထားတဲ့ဖွဲ့စည်းပုံအခြေခံဥပဒေ
ဖြစ်ပါတယ်။ နောက်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုတာ သော့ခတ်ထားတဲ့သံမဏိမျိုး
မဟုတ်ပါဘူး လွှတ်တော် ကပြင်နိုင်တယ်၊ ပြည်သူကပြင်နိုင်တဲ့ အနေအထား
ရှိပါတယ်…တဲ့။

ဒီဆောင်းပါးမှာ ဆွေးနွေးချင်တာကလဲ ဒါပါပဲ။ ၂၀၀၈ခုနှစ်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ
လူတစ်စုအတွက်ရေးဆွဲ ထားခဲ့တာမဟုတ်သလို တပ်မတော်ခေါင်းဆောင်တွေချည်
ရေးဆွဲခဲ့တာ မဟုတ်ပါဘူး။အလွှာပေါင်းစုံက တတ်သိ ပညာရှင်တွေ
(ရုပ်ရှင်၊ သဘင်၊ ဂီတ၊ စာရေးဆရာများ)၊ တိုင်းရင်းသား ကိုယ်စားလှယ်များ၊
ပါတီပေါင်းစုံကကိုယ်စားလှယ် များ၊ နိုင်ငံ့ဝန်ထမ်း ကိုယ်စားလှယ်များစုပေါင်းပါဝင်
ရေးဆွဲခဲ့ကြတာဖြစ်ပါတယ်။ အကြောင်းအရာတစ်ခုကို ညီညွတ်အောင် ရေးဆွဲဖို့
ဆိုတာတကယ်တော့ လွယ်ကူတဲ့ ကိစ္စမဟုတ်ပါဘူး။

အမြင်သာဆုံးသော ဥပမာတစ်ခုပေးရယင် မြန်မာဘောလုံးအသင်း ဆိုပါတော့၊
ကြည့်တဲ့သူကသာ အားမလိုအား မရဖြစ်ပြီးဆဲဆို နေပေမယ့် ဆဲတဲ့သူ
ဝင်ကန်ခိုင်းကြည့် ပါလား။ ဟိုလိုလုပ်ပါလား၊ ဒီလိုလုပ်ပါလား၊ ငါလဲ မလုပ်တတ်သူ
တွေများလာရင် တိုင်းပြည်အတွက် မကောင်းပါဘူး။ ဘယ်အရာမှ ပြီးပြည့်စုံတာ
မရှိလေတော့၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံ အခြေခံဥပဒေမှာလဲ အားနည်းချက်ဆိုတာ ရှိမှာပါ။
အားနည်ချက်ကို အားသာမှုဖြစ်အောင် ပြင်ဆင်မယ် ဆိုတဲ့စိတ်ကောင်း မွေးမြူပြီး
ပြင်ဆင်ကြရပါမယ်။ဥပဒေတစ်ခု ဖြစ်မြောက်ဖို့ဆိုတာ လွယ်ကူတဲ့ ကိစ္စမဟုတ်ပါဘူး။
ဒီဥပဒေကို ရေးဆွဲတဲ့ အချိန်ကာလ အတွင်းမှာ ကို အငြင်းပွားဖွယ် ပြဿနာရပ်တွေ၊
ကန့်ကွက်မှုတွေနဲ့ ကြုံခဲ့ရပါတယ်။ ဒါကတော့ ပါဝင်ရေးဆွဲခဲ့တဲ့ တိုင်းရင်းသားကိုယ်
စားလှယ်ကြီးတွေ အသိဆုံးပါ။ ဒါတွေအားလုံးကို ညီညီမျှမျှဖြစ်အောင် အများ
လက်ခံနိုင်အောင် ၀ိုင်းဝန်းရေးဆွဲ အတည် ပြု ပြီးမှ ဖြစ်ပေါ်လာခဲ့တာဖြစ်ပါတယ်။
အချို့သော အချက်အလက်တွေဆိုရင် ၁၉၄၇ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ
ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် ရေးဆွဲခဲ့တဲ့ အချက်တွေ ဖြစ်ပါတယ်။

၂၀၀၈ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၃)မှာ နိုင်ငံတော်သမ္မတနှင့် ဒုတိယ
သမ္မတများရဲ့အရည်အချင်းကို ဖော်ပြထားရာမှာ ပုဒ်မ(၅၉) ပုဒ်မခွဲ(စ)တွင်
မိမိကိုယ်တိုင်သော်လည်းကောင်း၊ မိမိ၏ မိဘတစ်ပါးပါး သော်လည်းကောင်း မိမိ၏
ဇနီးသို့မဟုတ် ခင်ပွန်းသော်လည်းကောင်း၊ မိမိ၏ တရားဝင် သားသမီးတစ်ဦးဦး
သော်လည်းကောင်း၊ ထိုတရားဝင် သားသမီးတစ်ဦးဦး၏ဇနီးသို့မဟုတ်
ခင်ပွန်းသော်လည်းကောင်း နိုင်ငံခြားအစိုးရ၏ ကျေးဇူးသစ္စာတော်ကို ခံယူစောင့်
ရှောက်ရိုသေသူ သို့မဟုတ် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံဖြစ်သူသို့မဟုတ်
တိုင်းတစ်ပါး၏ နိုင်ငံသားဖြစ်သူများ မဖြစ်စေရ။ ထိုသူများသည်နိုင်ငံခြားအစိုးရ၏
လက်အောက်ခံဖြစ်သူသော်လည်းကောင်း၊ တိုင်းတစ်ပါး၏ နိုင်ငံသား သော်လည်းကောင်း
ခံစားရသော အခွင့်အရေးများနှင့် ကျေးဇူးခံစားခွင့်များကို ခံစားနိုင်ခွင့်ရှိသူများ
မဖြစ်စေရ… ဆိုတဲ့ အချက်တွေဟာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ မူဝါဒပဲဖြစ်ပါတယ်။

ဒီအချက်ကို ပြင်ဆင်လိုကြတယ်။ ဘာဖြစ်လို့လဲ ၂၀၁၅ ခုနှစ်မှာ ဒေါ်အောင်ဆန်းစုကြည်
သမ္မတဖြစ်ဖို့အတွက်ပါဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ကလဲ ၂၀၀၈ခုနှစ်၊
ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကို တစိုက်မတ်မတ် တောင်း ဆိုလျက်ရှိပါတယ်။
သူ့အနေနဲ့ နိုင်ငံတော်လုပ်ငန်း တာဝန်တွေကို သည်ထက် ပိုမိုမြင့်မြင့်မားမား ထမ်းဆောင်
နိုင်ဖို့အတွက်သမ္မတဖြစ်ချင်နေပါတယ်။ သည်နေရာမှာ ပြည်သူတစ်ဦးအနေဖြင့်ဖြစ်ချင်တဲ့
ဆန္ဒအမှန်ကိုပြောရမယ် ဆိုရင် ပုဒ်မ(၅၉)ပုဒ်မခွဲ(စ)မှာ ဖော်ပြထားတာတွေကို
မပြင်သင့်ပါဘူး။ဒေါ်အောင်ဆန်းစုကြည်ဟာအမျိုးသားခေါင်းဆောင်ကြီးဗိုလ်ချုပ်အောင်ဆန်းရဲ့
သမီးဖြစ်နေလို့သမ္မတရာထူးမှာ ပေးချင်တယ်ဆိုရင်လဲ ခြွင်းချက်အနေနဲ့သာ ပေးသင့်ပါတယ်။
အထူးကိစ္စတစ်ရပ်အနေနဲ့ စဉ်းစားပေးသင့်ပါတယ်။ မိမိတို့ရဲ့ အိမ်နီးချင်းနိုင်ငံမှာလဲ
ဒီလိုအဖြစ်မျိုးရှိနေပါတယ်။

အိန္ဒိယနိုင်ငံကလက်ရှိ ကွန်ကရက်စ် ပါတီဥက္ကဌ ဆိုနီယာဂန္ဒီဟာ အန္ဒိယနိုင်ငံသူ
မဟုတ်ပါဘူး။ အီတလီနိုင်ငံ မြောက်ပိုင်းရှိ လူစီယာနာမြို့မှာ မွေးဖွားသူဖြစ်ပါတယ်။
အီတလီ သူကလေး အန်တိုနီယာဟာ လက်ရှိမှာ အိန္ဒိယရဲ့The most powerful
woman ဖြစ်သည်။အိန္ဒိယ၏ပထမဦးဆုံး အမျိုးသမီး ၀န်ကြီးချုပ် အင်ဒီယာဂန္ဒီရဲ့ချွေးမ
အိန္ဒိယရဲ့ ခြောက်ယောက်မြောက် ၀န်ကြီးချုပ် ရာဂျစ်ဂန္ဒီရဲ့ ဇနီးဖြစ်ပါတယ်။ရာဂျစ်ဂန္ဒီနှင့်
အိမ်ထောင်ကျပြီးနောက် နိုင်ငံရေး အရှိန် အ၀ါကြီးမားတဲ့ နေရူး-ဂန္ဒီ မိသားစုကြီးထဲသို့
ဝန်ကြီးချုပ် အင်ဒီရာရဲ့ ချွေးမအဖြစ် ရောက်လာခဲ့ရခြင်း ဖြစ်ပါ တယ်။

လက်ရှိဝန်ကြီးချုပ် မန်မိုဆင်းမှာ ကွန်ကရက်စ်ပါတီမှ ဖြစ်ပါတယ်။ ဆိုနီယာဂန္ဒီကို
အိန္ဒိယ ပြည်သူအများစုက ၀န်ကြီးချုပ်(သို့မဟုတ်)သမ္မတ ဖြစ်စေချင်ကြပေမယ့်
သူတို့နိုင်ငံမှာပြဌာန်းထားတဲ့ အိန္ဒိယရဲ့နိုင်ငံသား ဥပဒေအရ ဆိုနီယာဂန္ဒီအနေနဲ့
ဝန်ကြီးချုပ်ရာထူးကို ယူ၍မရပါဘူး။ အဲဒီဥပဒေကို ပြင်ဆင်မှသာ သူမအနေဖြင့်
သမ္မတဖြစ်ပါ လိမ့်မယ်။ လူကြိုက်များတဲ့ ပါတီကြီးတစ်ခုရဲ့ခေါင်းဆောင
တစ်ယောက်အနေဖြင့် ဥပဒေအား ပြင်ဆင်ပေးရန် တောင်း ဆိုခဲ့သော်ဒီမိုကရေစီ
နည်းလမ်းအရ ပြင်ဆင်ဖို့ စဉ်းစား ဆုံးဖြတ်ရမည် ဖြစ်ပါတယ်။ ဒါပေမဲ့ ဆိုနီယာဂန္ဒီဟာ
အိန္ဒိယ နိုင်ငံရဲ့ အနာဂတ်အရေးကို ကြိုတင်မျှော်တွေး၍ လည်းကောင်း၊အိန္ဒိယနိုင်ငံ၏
စည်းမျဉ်းဥပဒေကို လေးစားတန်ဖိုးထား၍ လည်းကောင်း၊ မိမိကိုယ်ကျိုးထက်
တိုင်းပြည်အကျိုးကို ဦးစားပေးသောကြောင့် လည်းကောင်း ဥပဒေကိုပြင်ပေးရန်
တောင်းဆိုခြင်းမပြုခဲ့ဘဲ ပါတီဥက္ကဋ္ဌအနေဖြင့်သာ တိုင်းပြည်အကျိုးကိုသယ်ပိုးလျက်
ရှိနေသည်မှာ အတုယူဖွယ်၊ လေးစားဖွယ်ဖြစ်ပါတယ်။

မိမိကိုယ်ကျိုးစီးပွားတစ်ခုထဲ အတွက်သော်လည်း၊ မိမိခေါင်းဆောင် ဖြစ်ရေးအတွက်
သော်လည်း ပြင်ဆင်မည် ဆိုပါက နောင်နှစ်ပေါင်း များစွာ ကြာမြင့်သည့်အခါ
အငြင်းပွားဖွယ်ကိစ္စများ မပေါ်ပေါက်နိုင်ဟု မည်သူမျှ အာမခံနိုင် မည်မဟုတ်ပါ။
ဒေါ်အောင်ဆန်းကြည်ဟာ အသက်အရွယ်အရ နိုင်ငံရေးလုပ်နိုင်တယ် ဆိုရင်သော်
၂၀၁၅ခုနှစ်ကနေ ၂၀၁၉ ခုနှစ်အထိ လုပ်နိုင်ပါလိမ့်မယ်။ ဒါတောင်အလွန်တစ်ရာ
စွမ်းဆောင်ရည်မြင့်မားတဲ့ အမျိုးသမီးတစ်ဦး အနေဖြင့် ပြောနေခြင်းဖြစ်ပါတယ်။
နောင်လာမည့် မျိုးဆက်သစ်တွေထဲမှာ နိုင်ငံခြားသားကို ဇနီး သို့မဟုတ်
ခင်ပွန်းတော်စပ်ထားသူ တစ်ဦးဦးက သူလဲ သမ္မတ ဖြစ်ချင်ပါတယ်။
ဖြစ်ခွင့်ရှိပါတယ် ဆိုလာခဲ့သော်…
ကျွန်တော်တို့ လက်ခံနိုင်ပါသလား။ လက်ခံသင့်ပါ သလား။ ။

From: ရွှေဥသြ
OE

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D