သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Sunday, August 25, 2013

အင်္ဂါ နှစ်ခုပါ မောင်စိန်မြင့် လိင်ပြောင်းပြီး ပါက ကျောင်း ပြန်တက်မည်

ကျား/မ အင်္ဂါနှစ်မျိုးပါ မောင်စိန်မြင့် ထိုင်း နိုင်ငံ PAYATHAI ဆေးရုံ၌ ကျားအင်္ဂါသို့ အပြီးပြောင်းပြီးပါ က
တက္ကသိုလ်ဝင်တန်း ဆက်တက် မည်ဖြစ်ကြောင်း သိရသည်။
ကျား/မအင်္ဂါနှစ်မျိုးပါ မောင်စိန်မြင့်သည် အသက် ၁၈ နှစ်ရှိပြီဖြစ်ကာ မိုင်းလုံတပ်နယ် ပန်စံကျေးရွာ၌ မွေး
ဖွားခဲ့ပြီး အထက(၁)ကျောက်မဲ၌ တက္က သိုလ်ဝင်တန်းအထိ ပညာသင် ကြားခဲ့ကြောင်း၊ ကျန်းမာရေး အ
ခြေအနေအရ ပညာသင်ကြား ခြင်းကို ခေတ္တရပ်နားခဲ့ရသော် လည်း ထိုင်းနိုင်ငံတွင် ခွဲစိတ်ကုသ မှုခံယူပြီး
ပါက ကျောင်းပြန်တက် မည်ဖြစ်ကြောင်း သိရသည်။

''ပြန်လာရင်တော့ တက္က သိုလ်ဝင်တန်းကို ပြန်တက်မယ်။ ကျွန်တော်က ကျန်းမာရေး မ ကောင်းတော့
ကျောင်းနားထားရ တယ်။ အမေကတော့ ပြန်လာ ရင် ရှင်ပြုပေးမယ်လို့ ပြောတာပဲ။ အခုလောလောဆယ်
ကျွန်တော် ကျန်းမာရေးကောင်းပါတယ်။ကျွန်တော့်ကို ကူညီပေးတဲ့သူတွေ ကိုလဲ ကျေးဇူးတင်ပါတယ်''ဟု
မောင်စိန်မြင့်က ပြောသည်။

မောင်စိန်မြင့်သည် မန္တလေး အထွေထွေရောဂါကုဆေးရုံကြီး ဆီးနှင့် ကျောက်ကပ်ဌာနတွင် ခြောက်ကြိမ်
ခန့် ခွဲစိတ်ကုသမှုများ ပြုလုပ်ကာ ယောက်ျားအင်္ဂါအဖြစ် ပြောင်းလဲလိုက်ပြီဖြစ်သော်လည်း ဆီးလမ်း
ကြောင်းယိုစိမ့်မှုပြဿနာ ကြောင့် ထိုင်းနိုင်ငံဆေးရုံတွင် ယင်း ကဲ့သို့ ကုသမှုခံယူရခြင်းဖြစ် ကြောင်း သိ
ရသည်။

''မန္တလေးမှာ ဆေးကုတဲ့ အခါ နေရေးထိုင်ရေး၊ သွားရေး လာရေးအခက်အခဲတွေရှိတယ်။ ကူညီပေးပါဆို
ပြီး အဖြူရောင် နှလုံးသား ပရဟိတအဖွဲ့က ဆက် သွယ်လာတဲ့အခါမှာ အသင်းသူ၊ အသင်းသားတွေက
လိုအပ်တာ တွေနဲ့ ဆေးဖိုးဝါးခတွေကို ကူညီ ပေးခဲ့တာပါ''ဟု ကျောက်မဲသူ၊ ကျောက်မဲသားများအသင်းမှ
အတွင်းရေးမှူး ဦးစိုင်းကျော်က ပြောသည်။

သြဂုတ် ၂၃ ၊ရန်ကုန်တိုင်းနေ့စဉ်သတင်းစာ

Yangon Media Group

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D