သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Monday, August 26, 2013

ရွှေတိဂုံစေတီတော် ကန့်သတ်ဧရိယာပေါ် ရောက်နေခြင်း၊ ဆိတ်ငြိမ် ရပ်ကွက်များတွင် တည်ဆောက်ခွင့် တင်လာခြင်း တို့ကြောင့် လုံးဝခွင့်မပြုနိုင်သည့် အထပ်မြင့် အဆောက်အအုံ ရှစ်လုံးရှိနေ

Photo: ရွှေတိဂုံစေတီတော် 
ကန့်သတ်ဧရိယာပေါ် ရောက်နေခြင်း၊ ဆိတ်ငြိမ် ရပ်ကွက်များတွင် တည်ဆောက်ခွင့် 
တင်လာခြင်း တို့ကြောင့် လုံးဝခွင့်မပြုနိုင်သည့် အထပ်မြင့် အဆောက်အအုံ 
ရှစ်လုံးရှိနေ
Monday, August 26, 2013

ရွှေတိဂုံစေတီတော် ကန့်သတ်ဧရိယာတွင် ဆောက်လုပ်ခွင့် တင်လာခြင်းနှင့် 
စေတီတော်မြင်ကွင်း လမ်းကြောင်းပေါ် ကျရောက်သည့် နေရာတွင် ဆောက်ခွင့် 
တင်လာခြင်း၊ ဆိတ်ငြိမ်ရပ်ကွက်ဟု သတ်မှတ်ထားသော နေရာများ၌ ဆောက်လုပ်ခွင့် 
တင်လာခြင်းတို့ကြောင့် လုံးဝဆောက်လုပ်ခွင့် ပြု၍မရနိုင်သည့် အထပ်မြင့် 
အဆောက်အအုံ ရှစ်လုံးရှိကြောင်း ရန်ကုန်မြို့တော် စည်ပင်သာရေး ကော်မတီ၊ 
အထပ်မြင့် အဆောက်အအုံများ စစ်ဆေးရေး ကော်မတီမှ သိရသည်။

အထပ်မြင့် အဆောက်အအုံများ စစ်ဆေးရေး ကော်မတီသို့ ဆောက်လုပ်ခွင့် တင်ပြလာသော
 ရှစ်ထပ်နှင့် အထက် အထပ်မြင့် အဆောက်အအုံ ၆၆ လုံးအနက် ၂၃ လုံးကိုသာ 
မူအားဖြင့် ဆောက်လုပ်ခွင့် ပြုခဲ့ခြင်းဖြစ်ပြီး ရှစ်လုံးမှာ လုံးဝခွင့်ပြု၍
 မရနိုင်သည့် အဆောက်အအုံများ ဖြစ်နေသည်။ အဆိုပါ အဆောက်အအုံ ရှစ်လုံးသည် 
ရွှေတိဂုံ စေတီတော် ကန့်သတ်ဧရိယာတွင် ပါဝင်နေခြင်း၊ ရွှေတိဂုံ စေတီတော် 
မြင်ကွင်းလမ်းကြောင်းပေါ် ကျရောက်နေခြင်း၊ ဆိတ်ငြိမ်ရပ်ကွက်များ၌ 
ဆောက်လုပ်ခွင့် တင်လာခြင်း၊ ဆောက်လုပ်မည့် အထပ်ပမာဏနှင့် လျော်ညီသည့် 
မြေအကျယ်အ၀န်း မရှိခြင်း၊ စည်ပင်မှ သတ်မှတ်ထားသည့် Road Building Ratio 
နှင့် မကိုက်ညီခြင်း စသည်တို့ကြောင့် ခွင့်ပြု၍ မရနိုင်ခြင်း ဖြစ်ကြောင်း 
သိရသည်။

ဆောက်လုပ်ခွင့် မပြုခဲ့သည့် အဆောက်အအုံများမှာ ရွှေတိဂုံ စေတီတော် 
ကန့်သတ်ဧရိယာတွင် ပါဝင်သည့် ရွှေဂုံတိုင် ၅ လမ်းတွင် ၁၀ ထပ် အဆောက်အအုံ၊ 
ဗဟန်းမြို့နယ် မြေတိုင်းအမှတ် ၂၀ အေတွင် ၂၂ ထပ် (Commerical Complex) 
ဆောက်လုပ်ခွင့် တင်လာသည့် အဆောက်အအုံနှစ်လုံး၊ ချင်းတွင်းလမ်း၊ ၁၀ ရပ်ကွက်၊
 ကမာရွတ်မြို့နယ် (Blazon ရှော့ပင်း စင်တာအနီး) တွင် ၁၂ ထပ်ခွဲ 
အဆောက်အအုံတစ်လုံး၊ ရွှေတောင်ကြားလမ်းတွင် ၁၆ ထပ် အဆောက်အအုံ၊ အနောက်မေခ 
လမ်းသွယ် (၂) မရမ်းကုန်း မြို့နယ်တွင် ၁၂ ထပ် အဆောက်အအုံ၊ ၀ါးတန်းလမ်း၊ 
လမ်းမတော်မြို့နယ်တွင် အကျယ် ၄၇ ပေသာရှိသည့် မြေကွက်တွင် ၁၇ ထပ်ခွဲတိုက်၊ 
အောက်ကြည့်မြင်တိုင်လမ်း၊ စောရန်ပိုင်ရပ်ကွက်၊ အလုံမြို့နယ်တွင် ၁၇ ထပ် 
အဆောက်အအုံ၊ ဗိုလ်တထောင်မြို့နယ် ၅၄ လမ်းတွင် ၁၂ ထပ်ရှိသည့် ဟိုတယ်စသည့် 
အဆောက်အအုံ များဖြစ်ကြောင်း သိရသည်။

Eleven Media Group ရွှေတိဂုံစေတီတော် ကန့်သတ်ဧရိယာတွင် ဆောက်လုပ်ခွင့် တင်လာခြင်းနှင့် စေတီတော်မြင်ကွင်း လမ်းကြောင်းပေါ် ကျရောက်သည့် နေရာတွင် ဆောက်ခွင့် တင်လာခြင်း၊ ဆိတ်ငြိမ်ရပ်ကွက်ဟု သတ်မှတ်ထားသော နေရာများ၌ ဆောက်လုပ်ခွင့် တင်လာခြင်းတို့ကြောင့် လုံးဝဆောက်လုပ်ခွင့် ပြု၍ မရနိုင်သည့် အထပ်မြင့် အဆောက်အအုံ ရှစ်လုံးရှိကြောင်း ရန်ကုန်မြို့တော် စည်ပင်သာရေး ကော်မတီ၊ အထပ်မြင့် အဆောက်အအုံများ စစ်ဆေးရေး ကော်မတီမှ သိရသည်။
အထပ်မြင့် အဆောက်အအုံများ စစ်ဆေးရေး ကော်မတီသို့ ဆောက်လုပ်ခွင့် တင်ပြလာသော ရှစ်ထပ်နှင့် အထက် အထပ်မြင့် အဆောက်အအုံ ၆၆ လုံးအနက် ၂၃ လုံးကိုသာ မူအားဖြင့် ဆောက် လုပ်ခွင့် ပြုခဲ့ခြင်းဖြစ်ပြီး ရှစ်လုံးမှာ လုံးဝခွင့်ပြု၍ မရနိုင်သည့် အဆောက်အအုံများ ဖြစ်နေသည်။ အဆိုပါ အဆောက်အအုံ ရှစ်လုံးသည် ရွှေတိဂုံ စေတီတော် ကန့်သတ်ဧရိယာတွင် ပါဝင်နေခြင်း၊ ရွှေတိဂုံ စေတီတော် မြင်ကွင်းလမ်းကြောင်းပေါ် ကျရောက်နေခြင်း၊ ဆိတ်ငြိမ်ရပ်ကွက် များ၌ ဆောက်လုပ်ခွင့် တင်လာခြင်း၊ ဆောက်လုပ်မည့် အထပ်ပမာဏနှင့် လျော်ညီသည့် မြေအကျယ် အ၀န်း မရှိခြင်း၊ စည်ပင်မှ သတ်မှတ်ထားသည့် Road Building Ratio နှင့် မကိုက်ညီခြင်း စသည်တို့ကြောင့် ခွင့်ပြု၍ မရနိုင်ခြင်း ဖြစ်ကြောင်း သိရသည်။

ဆောက်လုပ်ခွင့် မပြုခဲ့သည့် အဆောက်အအုံများမှာ ရွှေတိဂုံ စေတီတော် ကန့်သတ်ဧရိယာတွင် ပါဝင်သည့် ရွှေဂုံတိုင် ၅ လမ်းတွင် ၁၀ ထပ် အဆောက်အအုံ၊ ဗဟန်းမြို့နယ် မြေတိုင်းအမှတ် ၂၀ အေတွင် ၂၂ ထပ် (Commerical Complex) ဆောက်လုပ်ခွင့် တင်လာသည့် အဆောက်အအုံနှစ်လုံး၊ ချင်းတွင်းလမ်း၊ ၁၀ ရပ်ကွက်၊ ကမာရွတ်မြို့နယ် (Blazon ရှော့ပင်း စင်တာအနီး) တွင် ၁၂ ထပ်ခွဲ အဆောက်အအုံတစ်လုံး၊ ရွှေတောင်ကြားလမ်းတွင် ၁၆ ထပ် အဆောက်အအုံ၊ အနောက်မေခ လမ်းသွယ် (၂) မရမ်းကုန်း မြို့နယ်တွင် ၁၂ ထပ် အဆောက်အအုံ၊ ၀ါးတန်းလမ်း၊ လမ်းမတော်မြို့နယ်တွင် အကျယ် ၄၇ ပေသာရှိသည့် မြေကွက်တွင် ၁၇ ထပ်ခွဲတိုက်၊ အောက်ကြည့်မြင်တိုင်လမ်း၊ စောရန်ပိုင်ရပ်ကွက်၊ အလုံမြို့နယ်တွင် ၁၇ ထပ် အဆောက်အအုံ၊ ဗိုလ်တထောင်မြို့နယ် ၅၄ လမ်းတွင် ၁၂ ထပ်ရှိသည့် ဟိုတယ်စသည့် အဆောက်အအုံ များဖြစ်ကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D