သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Monday, August 26, 2013

စင်္ကာပူရောက် မြန်မာတွေ ပြည်တွင်းမှာ အလုပ်အကိုင်လျောက်ထားမှု များလာ

Coca ​Cola ​နဲ့ ​Ooredoo ​ကုမ္ပဏီအပါအဝင် ​ပြည်တွင်းက ​ကုမ္ပဏီကြီး ​၁၂ခုမှာ ​စင်္ကာပူနိုင်ငံရောက် ​မြန်မာလုပ်သားတွေ ​အလုပ်လျှောက်ထားတာဟာ ​လျှောက်လွှာပေါင်း ​၁၀၀၀ကျော်ပြီလို့ ​ပြည်တွင်း ​အခြေစိုက် ​Myanmar ​Marketing ​Research ​& ​Development ​(MMRD)ကနေ ​ပြောပါတယ်။

MMRD ​ရဲ့ ​ကုမ္ပဏီခွဲတစ်ခုဖြစ်တဲ့ ​ပြည်တွင်း ​အလုပ်အကိုင် ​ရှာဖွေရေး ​CDC ​ကုမ္ပဏီ ​ဟာ ​ပြည်တွင်း ​ကုမ္ပဏီကြီး ​၁၂ခုနဲ့ ​ချိတ်ဆက်ပြီး ​ပြည်ပရောက် ​မြန်မာနိုင်ငံသားတွေ ​ပြည်တွင်းမှာ ​ပြန်လည်လုပ်ကိုင် ​ဖို့ ​အတွက် ​စင်္ကာပူနိုင်ငံမှာ ​သြဂုတ်လ ​၁၇ ​ရက်နဲ့ ​၁၈ ​ရက်က ​First ​Myanmar ​Jobs ​Fair ​In ​Singapore ​ပွဲပြုလုပ်ပြီး ​ဖိတ်ခေါ်ခဲ့တယ်လို့လည်း ​သိရပါတယ်။


Coca ​Cola ​အပါအဝင် ​ကုမ္ပဏီ ​၁၂ ​ခုမှာ ​လျှောက်ထားသူ ​ဦးရေး ​၁၀၀၀ လောက်ရှိပြီလို့ ​MMRD ​Group ​ရဲ့ ​HR ​Assistant ​Manager ​မထိုက်ရွှေရည်ဦး က ​ယခုလိုပြောပါတယ်။

“လောလောဆယ်လည်း ​အခု ​Coca ​Cola ​မှာလည်း ​လူဦးရေက ​အခု ​သူတို့ ​CVဖောင်လျှောက်ထားတဲ့ ဟာက ​လူ ​အယောက် ​၄၀၀ ​လောက်ရှိတယ်ပေါ့နော်။ ​ဒါ ​Coca ​Cola ​တစ်ခုပဲ။ ​တစ်ခြား ​ကုမ္ပဏီပါ ​Over ​all ​ဆိုရင် ​တော့ ​ကျွန်မထင်တယ် ​ပျမ်းမျှတော့ ​တစ်ထောင်လောက်တော့ ​ရှိသွားမယ်လို့ ​မျှော်လင့်ပါတယ်။”

စင်္ကာပူရောက် ​မြန်မာလုပ်သားတွေအပြင် ​အိမ်နီးချင်းနိုင်ငံတွေမှာ ​လုပ်ကိုင်နေတဲ့ ​မြန်မာလုပ်သားတွေကို ​ ပြည်တွင်းမှာ ​ပြန်လည် ​လုပ်ကိုင်ဖို့အတွက် ​အဓိကရည်ရွယ်တာဖြစ်ပြီး ​အွန်လိုင်းကလျှောက်ထားသူတွေ ရှိသလို ​တစ်ချို့ဆိုရင် ​ပြည်တွင်းမှာ ​ပြန်လည် ​ရောက်ရှိနေပြီလိုလည်း ​ဆိုပါတယ်။

ပြည်တွင်းနဲ့ချိတ်ဆက်ထားတဲ့ ​ကုမ္ပဏီကြီး ​၁၂ ​ခုဟာ ​City ​Mart ​၊ ​Coca ​Cola ​၊ ​KBZ ​Bank ​၊ ​Ooredoo ​၊ ​Nokia ​Siemens ​Network ​၊ ​Fonterra ​၊ ​CDSG ​၊ ​Schieder ​Electric ​၊ ​Forever ​Group ​၊ ​AA ​Medical ​၊ ​Myanmar ​Brewery ​နဲ့ ​MMRD ​Group ​တို့ဖြစ်တယ်လို့ ​သိရပါတယ်။

ဒီကုမ္ပဏီတွေကနေ ​နည်းပညာပိုင်း ​လုပ်သားတွေ၊ ​Marketing ​ကျွမ်းကျင်သူတွေ၊ ​ဘဏ်လုပ်ငန်းဆိုင်ရာ ​ကျွမ်းကျင်သူတွေနဲ့ ​အခြား ​လုပ်သား ​အမျိုးမျိုးကို ​ခေါ်ယူသွားမှာ ​ဖြစ်ပါတယ်။

ယခုလို ​ပြည်ပက ​မြန်မာလုပ်သားတွေကို ​ဖိတ်ခေါ်တာဟာ ​ပြည်တွင်းက ​စီပွားရေး ​လုပ်ငန်းတွေ ​တိုးတက် ပြောင်းလဲစေချင်တာ ကြောင့် ​ဖြစ်တယ်လို့လည်း ​CDC ​ကုမ္ပဏီရဲ့ ​ဒါရိုက်တာ ​ဦးလင်းကျော်ထွန်း ​က ​ယခုလို ပြောပါတယ်။

“ပြည်ပက ​ဝင်လာတဲ့ ​ခုနက ​အတွေ့အကြုံရှိတဲ့ ​မြန်မာတွေပြန်လာပြီးတော့ ​ပြည်တွင်းမှာရှိတဲ့ ​ကိုယ့်မြန်မာ တွေကို ​ပြန်ပြီးတော့ ​Knowledge ​Sharing ​ပေါ့နော်။ ​သူတို့ ​တက်ကျွမ်းထားတာလေးတွေ ​ဖလှယ်ပြီးတော့ ​ဒီမြန်မာနိုင်ငံရဲ့ ​စီးပွားရေး ​ကဏ္ဍမှာ ​တိုး တက်ပြောင်းလဲအောင် ​တစ်ခန်း ​တဏ္ဍဘေးကနေပြီးတော့ ​ပါဝင် ပေးတဲ့ ​သဘောပါ”

ပြည်ပက ​မြန်မာလုပ်သားတွေကို ​ပြန်လည်ဝင်ရောက်လာဖို့ ​ဖိတ်ခေါ်တာ ​ဖြစ်တဲ့အတွက် ​လစာနှုန်းထားတွေ ကလည်း ​ပြည်ပနဲ့ ​ကွာဟမှု သိပ်မရှိဘူးလို့ ​ခန့်မှန်းထား ပါတယ်။

အိမ်နီးချင်းနိုင်ငံတွေကနေ ​မြန်မာလုပ်သားတွေကို ​ယခုလို ​ပြန်လည်ဖိတ်ခေါ်သွားဖို့ ​အတွက် ​လာမယ့် ​၂ ​လ၊ ​၃ ​လအတွင်းမှာ ​ဆက်လက် ​လုပ်ဆောင်သွားအုံးမယ်လို့ ​သိရပြီး ​ဆက်လက်ဖိတ်ခေါ်မယ့် ​အပိုင်းကတော့ ​ကဏ္ဍမျိုးစုံကို ​ဦးတည်မထားတော့ဘဲ ​ကဏ္ဍတစ်ခုချင်းဆီအလိုက် ​ဆက်လက် ​ဖိတ်ခေါ်သွားမယ်လို့လည်း ​ပြောဆိုခဲ့ပါတယ်။

မြန်မာနိုင်ငံဟာ ​ပြုပြင်ပြောင်းလဲမှုတွေကြောင့် ​ရင်းနှီးမြုပ်နှံသူတွေနဲ့အတူ ​ပြောင်းလဲလာပြီးပြည်ပရောက်နေ တဲ့ ​ကျွမ်းကျင် ​ပညာရှင်တွေ ​လုပ်သားတွေကို ​ကိုယ့်နိုင်ငံမှာ ​ပြန်လည် ​လုပ်ကိုင်စေလိုတဲ့အကြောင်း
နိုင်ငံတော်သမ္မတ ​စီပွားရေး ​အကြံပေးဒေါက်တာ ​အောင်ထွန်းသက်က ပြောတဲ့အကြောင်း ​RA ​သတင်း ထောက် ​စူးရှက ​သတင်းပေး ​ပို့ထားပါတယ်။

ABC

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D