ယင်းကဲ့သို့ ဖြန့်ဝေခြင်းကို ဈေးကွက်အတွင်း ကွန်ဒုံး မိတ်ဆက်သည့်အနေနှင့် စတင် ဖြန့်ချိသွားမည်ဖြစ်ပြီး အမျိုးသား အများစုရှိသည့် နိုက်ကလပ်နှင့် စင်တင်တေးဂီတများကို အဓိကထား၍ ကွန်ဒုံး အရေအတွက် ခြောက်သောင်း အခမဲ့ဖြန့်ဝေသွားမည် ဖြစ်ကြောင်း ၎င်းကထပ်မံ ပြောကြားသည်။
ရန်ကုန်မြို့တော်၌ နိုက်ကလပ် ၁၅ ခုတွင် ကွန်ဒုံးအခမဲ့ ဖြန့်ဝေသွားမည်ဖြစ်ပြီး မန္တလေးမြို့တော်ရှိ စင်တင်ဂီတဆိုင်များ အားလုံးတွင် အခမဲ့ဖြန့်ဝေပေးသွားမည် ဖြစ်ကြောင်း အဆိုပါကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။
“ရန်ကုန်နဲ့ မန္တလေးကို အဓိကထားပြီး လုပ်သွားမှာပါ။ မန္တလေးမှာက နိုက်ကလပ် မရှိတော့ အမျိုးသားများတဲ့ စင်တင်တေးဂီတတွေမှာ သွားရောက် ဖြန့်မှာပါ။ Brand တစ်ခုအနေနဲ့ လူတွေ Choice လုပ်ပြီး သုံးတတ်အောင်လို့ မိတ်ဆက်ပေးတဲ့အနေနဲ့ ဖြန့်ဝေသွားမှာပါ” ဟု ၎င်းက ဆိုသည်။
လူအများစုသည် လိင်ဆက်ဆံရာတွင် ကွန်ဒုံးအသုံးပြုမှု အားနည်းသဖြင့် မြန်မာတစ်နိုင်ငံလုံးရှိ လိင်တူ ချစ်သူများနှင့် အမျိုးသားများ လာရောက်လေ့ရှိသော တောင်ပြုန်းပွဲတော်၊ ရတနာ့ဂူ ပွဲတော်ရက်များတွင် ကွန်ဒုံးအခမဲ့ ဖြန့်ဝေပေးခြင်း၊ လက်ကမ်းစာစောင်များ ဝေငှခြင်း၊ နေ့ ချင်းပြီး သွေးစစ်ဆေး ပေးခြင်းတို့ ပြုလုပ်ရကြောင်း ခုခံအားကျ ဆင်းရေးနှင့် ကာလသားရောဂါ တိုက်ဖျက်ရေးအဖွဲ့မှ ဒေါက်တာကျော်စိုးက The Voice သို့ ပြောကြားသည်။
Durex အမှတ်တံဆိပ် ကွန်ဒုံးများ ထုတ်လုပ်သည့် ကုမ္ပဏီသည် ၁၉၂၉ ခုနှစ်မှ စတင်ကာ နိုင်ငံပေါင်း ၁၇ နိုင်ငံတွင် ကွန်ဒုံး ထုတ်လုပ်လျက်ရှိပြီး ကွန်ဒုံးသုံးခုပါ တစ်ဘူးလျှင် ကျပ် ၉၀၀ မှ ၂၀၀၀ ကျပ်ကြား ရှိကြောင်း Reckitt Benckiser Health Care ကုမ္ပဏီထံမှ သိရသည်။


အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော...

No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...