သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Monday, August 26, 2013

နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး KNU၊ RCSS/SSA နှင့် အစိုးရ အကြိုဆွေးနွေး

Photo: နိုင်ငံလုံးနသေးသည်။ တိုင်းရင်းသား လက်နက်ကိုင်အားလုံး ပါဝင်မည့် နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲ ကျင်းပရန် ကရင်အမျိုးသား အစည်းအရုံး (KNU)၊ ရှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ RCSS/SSA နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ၏ ငြိမ်းချမ်းရေး အလုပ်အဖွဲ့ (Technical Team) တို့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း မြန်မာ ငြိမ်းချမ်းရေးစင်တာမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

သြဂုတ်လ ၂၃ ရက်နေ့က ရန်ကုန်မြို့ရှိ မြန်မာ ငြိမ်းချမ်းရေးစင်တာတွင် ပြုလုပ်ခဲ့သော ယင်းဆွေးနွေးတွင် တိုင်းရင်းသား လက်နက်ကိုင်အားလုံး ပါဝင်မည့် နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေးအတွက် ကြိုတင်ပြင်ဆင်မှု (Frame Work) ကို ဆွေးနွေးခဲ့ကြောင်း ၎င်းကဆက်လက် ပြောကြားသည်။

တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေးကို ၂၀၁၃ ခုနှစ် ဇူလိုင်လအတွင်း ပြုလုပ်နိုင်ရန် ကြိုးပမ်းမည်ဟု နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ ဗြိတိန်ခရီးစဉ်တွင် ပြောကြားခဲ့သော်လည်း KIO နှင့် အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်ခြင်း မရှိသည့်အတွက် ရွှေ့ဆိုင်းထားရသည်။

အဆိုပါ နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးပွဲကို ၂၀၁၃ ခုနှစ်အတွင်း ကျင်းပနိုင် မည် ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက သြဂုတ် ၅ ရက်နေ့တွင် ABSDF အဖွဲ့နှင့် တွေ့ဆုံစဉ် ပြောဆိုထားသည်။

တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်ရန် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ ၁၁ ဖွဲ့ ရှိသည့်အနက် ၁၀ ဖွဲ့နှင့် ပြည်ထောင်စုအဆင့် လက်မှတ် ရေးထိုးထားသော်လည်း KIO/KIA အဖွဲ့နှင့် လက်မှတ်ရေးထိုးရန် ကျန်ရှိနေသေးသည်။
 
From : ..the voice

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D