
သံဆူးကြိုးဖြင့် မလုံမခြုံ ကာရံ ထားသော မြန်မာ ဘက်က ခြံစည်းရိုး ( ဓါတ်ပုံ- နိရဉ္စရာ)
မြန်မာဘက်က နယ်စပ်တွင် စစ်တပ် တပ်ရင်း (၃) ခုကို တိုးချထားသည်ဆိုသော သတင်းကြောင့် ဘင်္ဂလား
ဒေခ်ျ့ဘက်က နယ်စပ်တွင် တပ်လှန့်ထားကြောင်း ဘင်္ဂလာဒေခ်ျ့ သတင်းစာများက ရေးသားသည်။
ဘင်္ဂလာဒေခ်ျ့ နိုင်ငံထုတ် The Daily Star သတင်းစာတွင် BGB on alert, not alarmed ခေါင်းစည်းဖြင့်
ရေးသားထားသော သတင်းတွင် ဘင်္ဂလာဒေခ်ျ့ နယ်ခြားစောင့်တပ်ဖွဲ့ BGB ညွှန်ကြားရေးမှူးချုပ် Azziz
Ahmed ကို ကိုးကားပြီး သတင်း ဖေါ်ပြသည်။
မစ္စတာ Azziz မှ မိမိတို့ အနေဖြင့် နယ်စပ် တလျှောက်တွင် မြန်မာဘက်မှ တပ်များ တိုးချနေသည်ကို သ
တင်းမရသေးကြောင်း၊ မိမိတို့ တပ်ဖွဲ့မှလည်း သတင်းပေးပို့ခြင်း မရှိပါကြောင်း၊ သို့သော်လည်း စောင့်
ကြည့်နေကြောင်း၊ စိုးရိမ်စရာတော့ မရှိပါကြောင်း သတင်းထောက်များသို့ ပြောကြားသည်။
နယ်စပ်ရှိ ဘင်္ဂလာဒေခ်ျ့ နယ်ခြားစောင့် တပ်ဖွဲ့များ၏ သတင်းပေးပို့ချက် အရ နယ်စပ် အခြေအနေမှာ
ပုံမှန်အတိုင်း ရှိနေသည်ဟု သူက ဆက်ပြောသည်။
သို့သော်လည်း နယ်စပ်တွင် မြန်မာ နစကကို ဖျက်သိမ်းပြီးနောက်ပိုင်းတွင် ရဲတပ်ဖွဲ့ဖြင့် နယ်စပ် လုံခြုံ
ရေးကို အစားထိုးနေရာ နယ်စပ် လုံခြုံရေး ချော့မွေ့အောင် မြန်မာဘက်မှ စစ်တပ်တချို့ကို လုံခြုံရေး
ထိန်းသိမ်းရန် ချထား၍ ရှိကြောင်း ပြောဆိုသည်။
မြန်မာ မီဒီယာ အချို့မှ မြန်မာ- ဘင်္ဂလာဒေခ်ျ့ နယ်စပ် တလျှောက်တွင် စစ်တပ် တပ်ရင်း (၃)ခုကို တိုး
ချပြီး လုံခြုံရေးကို တိုးမြှင့် အားဖြည့်နေကြောင်း၊ စစ်တပ် စခန်းများကို နယ်စပ် စီရိုမျဉ်းမှ (၅) မိုင် အ
ကွာတွင် တည်ဆောက်နေကြောင်း မြန်မာ လုံခြုံရေး သတင်းရပ်ကွက်များကို ကိုးကားပြီး များမကြာမီ
က သတင်း ဖေါ်ပြသည်ဟု ဆိုသည်။
ယင်းအပြင် မြန်မာ့ Eleven သတင်းတွင် ရခိုင်ပြည်နယ် ၀န်ကြီးချုပ်ကို ကိုးကားပြီး နောက်ထပ် ရဲတပ်
ရင်း (၂) ခုကို နယ်စပ်သို့ စေလွတ်မည်ဖြစ်ကြောင်း ဖေါ်ပြသည်ဟု ၎င်းသတင်းစာက ရေးသားသည်။
ယင်းသို့ သတင်းထွက်လာပြီးနောက် ဘင်္ဂလာဒေခ်ျ့ အာဏာပိုင်များက နယ်စပ်ကို တပ်လှန့်ထား
ကြောင်း၊ သို့သော်လည်း သတိပေးမူမျိုးဖြင့် တပ်လှန့် နိုးဆော်ထားခြင်း မဟုတ်ကြောင်း ပြောဆို
သည်။
မြန်မာ အနောက်ဘက် နယ်စပ်တွင် ယခင်က (စစ်တပ်၊ ရဲ၊ လ၀က၊ အကောက်ခွန်) တို့ဖြင့် ဖွဲ့စည်း
ထားသေ နစက တပ်ဖွဲ့က လုံခြုံရေး ကို တာဝန်ယူခဲ့သော်လည်း ဇွန်လ အတွင်းက နစကကို နိုင်ငံ
တော် သမ္မတ အမိန့်ဖြင့် ဖျက်သိမ်းပြီးနောက် ရဲတပ်ဖွဲ့က ယခုအခါ လုံခြုံရေး တာဝန်ကို အစားထိုး
ထမ်းဆောင် နေသည်ဟု သိရသည်။
နိဉ္စရာ-သတင်းဋ္ဌာန by admin


အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော...
No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...