သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Monday, September 23, 2013

ပုဂံ မြင်းလှည်း သမားများ စက်ဘီး ဆိုင်ကယ် ငှားရမ်းမှု ပိတ်ပင်ရန် တောင်းဆိုမည်


မြင်းလှည်း ငှားနေသော ပုဂံဘုရားဖူးများကိုတွေ့ရစဉ်။ ဓာတ်ပုံ - မေသက်ဇင်
ပုဂံ ဒေသတွင် အနှေး ယာဉ်မောင်း မြင်းလှည်း သမား များ စုပေါင်း ၍ စက်ဘီးဆိုင်ကယ်ငှားရမ်းမှု အား
ပိတ်သွားရန် စာတင်သွား မည်ဖြစ်ကြောင်း သိရသည်။
ပုဂံ-ညောင်ဦးဒေသတွင် တရုတ်နိုင်ငံထုတ် စက်ဘီးဆိုင် ကယ်များ ဝင်ရောက်လာမှုကြောင့် ခရီးသွားများ
အား ပြေးဆွဲပေးလျက် ရှိသော မြင်းလှည်းများ ဝင် ငွေထိခိုက်မှုများရှိလာသောကြောင့် မြင်း လှည်းမောင်း
သူများ စုပေါင်း ကာ စာတင်မည်ဖြစ်ကြောင်း သိရ သည်။

''ကျွန်တော်တို့ အရင်က ဆိုရင် တစ်နေ့ကို အနည်းဆုံး ၂၅၀၀၀ တော့ရ တယ်။ အခုစက် ဘီးဆိုင်ကယ်
တွေ ပေါ်လာတော့ ဧည့်သည်တွေ က မြင်းလှည်းကို အရင်လို မစီးကြဘူး။ အခုဆို ဧည့်သည်ရတာက
အရင်ကလိုပုံ မှန်မရှိဘူး။ ဧည့်သည်မရတဲ့နေ့ တွေက များလာတယ်။ အဲဒါ ကြောင့် စာတင်ဖို့ လုပ်သွားမှာ
ပါ''ဟု မြင်းလှည်းမောင်းသည် မှာ ၁၁နှစ်ခန့်ရှိပြီဖြစ်သော ကိုရဲ က ပြောသည်။

ပုဂံ-ညောင်ဦးဒေသတွင် နိုင်ငံခြားခရီးသွားများအား ဆိုင် ကယ်စီးနင်းလိုက်ပါခွင့်ကို ပိတ် ထားသော်လည်း
ယခုစက်ဘီးဆိုင် ကယ်အား ပုဂံမြို့တော်စည်ပင် သာယာဌာနမှ စီးခွင့်ပေးထား ကြောင်း၊ အနှေးယာဉ်
မောင်းများ အား စည်ပင်သာယာဌာနမှ ခွင့် ပြုထားသောကြောင့် စာတင် မည်ဆိုပါက စည်ပင်သာယာဌာန
အား စာတင်သွားမည်ဖြစ်ကြောင်း ယင်းက ဆက်လက်ပြောသည်။

မြင်းလှည်းမောင်းရန်အ တွက် လိုင်စင်သက်တမ်းအား တစ် နှစ်စာ ငွေကျပ် ၁ဝဝဝဝခန့်ပေး ဆောင်ရကာ
မြင်းစာဖိုးမှာလည်း နေ့စဉ်နှင့်အမျှ ရင်းနှီးရသော ကြောင့် ယခုအခါတွင် ဝင်ငွေ နည်းပါးမှုနှင့် ထိခိုက်မှုများ
ရှိလာ သောကြောင့် မြင်းလှည်းမောင်း သူများစုပေါင်းကာ သက်ဆိုင်ရာ သို့ စာတင်သွားမည်ဖြစ်သည်။

အဆိုပါကိစ္စနှင့်ပတ်သက် ၍ ''သူတို့က မြင်းစာဖိုးဈေးကြီး လို့ မတတ်နိုင် တာတို့ ဘာတို့ ပြောနေပေမယ့်
အန်တီတို့ဒီစက်ဘီးတွေကို ရင်းနှီးရတာက နည်းတာမဟုတ်ဘူး မြင်းလှည်းထက် ပိုပြီး ဒုက္ခရောက်တယ်။
ခရီးသွားပါးတဲ့ အခုလိုရာသီဆိုပိုတောင် ဆိုးသေးတယ် မြင်းစာထက်ပိုပြီး အလုပ်ရှုပ်တယ်။ စာတင်တယ်
ဆိုလဲ အများသဘောနဲ့အညီ လုပ်ရမှာပေါ့''ဟု ပုဂံဒေသမှ စက် ဘီးနှင့် စက်ဘီးဆိုင်ကယ်များ ငှားရမ်း
လျက်ရှိသော မိုးမိုးစက် ဘီးငှားဆိုင်မှ ပိုင်ရှင်ဒေါ်အေးဝင်းက ပြောသည်။

စက်ဘီးဆိုင်ကယ်မှာ တစ် စီးလျှင် တန်ဖိုးအားဖြင့် ကျပ်လေး သိန်းဝန်းကျင်ခန့်ရှိပြီး တစ်နေ့တာ ငှားရမ်း
ခအား ငွေကျပ် ၈၀၀၀ ခန့် သတ်မှတ်ထားကာ တစ်နေ့ တာ ငှားရမ်းခဝင်ငွေမှာ ပုံမှန်မရှိ ကြောင်း၊ တချို့
သော နိုင်ငံခြား ခရီးသွားများမှာ မစီးတတ်သူများ ရှိသောကြောင့် စက်ဘီးသာငှား ရမ်းကြပြီး စက်ဘီး
ဆိုင်ကယ်ဝင် ရောက် ငှားရမ်းမှုမှာ ညောင်ဦး ဘက်မှ စတင်ခေတ်စားခြင်းဖြစ် ကြောင်း သိရသည်။

မေသက်ဇင် - Yangon Media Group

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D