သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Sunday, September 22, 2013

အမြန်လမ်းပေါ် ယာဉ်တိုက်ရာ သုံးဦး ဒဏ်ရာရ


ယာဉ်တိုက်မှုအပြီးတွေ့ရသော ပျက်စီးနေသည့် ဂျစ်ကား ဓာတ်ပုံ-ရဲဇာနည်ဖေ့စ်ဘွတ်ခ်
အမြန်လမ်းပေါ်တွင် အရှိန်လွန်ပြီး လမ်းဘေး၌ ကာရံထားသောတံတားတိုင်အား ၀င်ရောက်တိုက်မိ
သောကြောင့် ကားပေါ်ပါ လူသုံးဦး ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။

စက်တင်ဘာ ၁၆ ရက် နံနက် ၁၁ နာရီခွဲအချိန်တွင် နေပြည်တော် ဥတ္တရသီရိမြို့နယ်၊ ရန်ကုန် - မန္တ
လေးအမြန်လမ်း မိုင်တိုင်အမှတ် ၂၃၉/၃ နှင့် ၂၃၉/၄ ကြားတွင် လမ်းဘေးကွန်ကရစ်တိုင်အား ၀င်
တိုက်မိသောကြောင့် လူသုံးဦး ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။

မန္တလေးမှ နေပြည်တော်သို့ မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ငှက်ကြီးချောင်းကျေးရွာနေသူ အမျိုးသား
တစ်ဦး မောင်းလာသော စူပါမန္တလာဂျစ်သည် အရှိန်မထိန်းနိုင်ဘဲ တံတားကို ကာရံထားသော ကွန်
ကရက်တိုင်အား တိုက်မိပြီး တိမ်းမှောက်သွားခဲ့သည်။

အဆိုပါ ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်မောင်းအမျိုးသားတွင် ဒဏ်ရာအချို့သာရရှိခဲ့သည်။ အ
လားတူ ယာဉ်မောင်း၏ဇနီးတွင်လည်း ၀ဲဘက်လက်ချောင်း၊ ၀ဲဘက်လက်ဖျံနှင့် နဖူးတို့တွင်ပွန်းပဲ့
ဒဏ်ရာများ ရရှိခဲ့ပြီး အသက်(၁၁)နှစ်အရွယ် သမီးဖြစ်သူတွင် မျက်လုံးနှစ်လုံးကြား၊ ယာဘက်
မျက်လုံးဘေး တစ်လက်မခန့်စီ ပွန်းပဲ့ဒဏ်ရာနှင့် ကျောကုန်းယာဘက် တစ်လက်မခန့်တွင် ဒဏ်
ရာများ အသီးသီး ရရှိခဲ့သည်။

““ယာဉ်တိုက်မှုဖြစ်ဖြစ်ချင်း သုံးယောက်လုံးကို နေပြည်တော်ဆေးရုံ တင်ပေးလိုက်ပါတယ်။ သက်
သာတယ်လို့ သိရပါတယ်”” ဟု ပန်းတင်အမြန်လမ်းရဲစခန်းမှ တာဝန်ကျအရာရှိတစ်ဦးက စက်တင်
ဘာ ၂၀ ရက် ညနေတွင် ပြောသည်။ ယင်းယာဉ်တိုက်မှုကြောင့် ယာဉ်မောင်းအား ပန်းတင်အမြန်
လမ်းရဲစခန်းမှ ပြစ်မှုဆိုင်ရာပုဒ်မ ၃၃၇/၃၃၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

7day daily

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D