သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Sunday, September 22, 2013

တောင်သူများကို တရားစွဲ လယ်ယာမြေများကို ခြံစည်းရိုးခတ် တားမြစ်ပေးရန် တောင်းဆိုခြင်းကို ကျေးရွာ အုပ်ချုပ်ရေးက တာဝန် မယူ

နေပြည်ကောင်စီနယ်မြေ ၊ ဂူနှစ်လုံးဆည်စု ကျေးရွာအုပ်စု မကျည်းကုန်းကျေးရွာနှင့် ဂွေးတောက်ရိုးကျေး
ရွာမှ တောင်သူများသည် ၎င်းတို့၏ လယ်ယာမြေများကို ရယူထားပြီး ပြေလည်အောင် ဖြေရှင်းဆောင်ရွက်
ပေးခြင်းမရှိသဖြင့် ၀င်ရောက်လုပ်ကိုင်ကြရမှာ အမှုဖွင့်တိုင်ကြားခံရထားစဉ် ရယူထားသူ ဗိုလ်ခင်မောင်ဝင်း
က လယ်ယာမြေ များကို ရှင်းလင်းခြင်း ခြံစည်းရိုးကျောက်တိုင်စိုက် သွပ်စူးကြိုး ကာရန် လုပ်ငန်းများ လုပ်
ကိုင်နေသည်ကို တားမြစ်ပေးရန် ကျေးရွာ အုပ်ချုပ်ရေး အဖွဲ့ဝင်အား ယနေ့ 21.9.2013 ရက်နေ့တွင် သွား
ရောက်ပြောဆိုရာ တာဝန်မယူကြောင်း ပြောဆိုလိုက်သည်ဟု သိရသည်။


အဆိုပါကိစ္စတွင် တောင်သူများက ၎င်းတို့၏လယ်ယာမြေများကို ရယူထားသူဦးခင်မောင်ဝင်းအား လယ်
ယာမြေများအတွက် ဆွေးနွေးညှိနှိုင်း၍ ငွေကြေးတိတိကျကျပေးချေရန် တောင်းဆိုရာမှ ဦးခင်မောင်ဝင်း
က သစ်တောဌာနထံမှ လုပ်ပိုင်ခွင့်ရရှိထားပြီဖြစ်သည်ဟု ဆိုကာ တောင်သူများနှင့် ဆွေးနွေးညှိနှိုင်းခြင်း
မရှိဘဲ လယ်ယာမြေများတွင် ရှင်းလင်းခြင်း ၊ ခြံစည်းရိုးကျောက်တိုင်စိုက် သွပ်စူးကြိုးကာရံခြင်းများကို
လုပ်ကိုင်လာခြင်းဖြစ်သည်။

ဆွေးနွေးညှိနှိုင်းပေးခြင်း မရှိသဖြင့် တောင်သူများပြန်လည်ဝင်ရောက်လုပ်ကိုင်ခဲ့ကြရာ ဒက္ခိဏ(မြို့မ)
ပေါက်တောရဲစခန်းတွင် တောင်သူများအား ကျူးကျော်ဝင်ရောက်မှုဖြင့် အမှုဖွင့်တိုင်ကြားထားသည်ဟု
သိရသည်။

တောင်သူများနှင့် လယ်ယာမြေများကို ရယူထားသူ ဦးခင်မောင်ဝင်းတို့ အခြေအတင်ဖြစ်နေစဉ် တောင်
သူ ဦးသောင်းကြည်၏ သား ကျွဲကျောင်းနေသည့်ကလေးအား ဦးခင်မောင်ဝင်းက ကျွဲချည်ကြိုးဖြင့် ရိုက်
လိုက်သဖြင့် ဒက္ခိဏ(မြို့မ)ပေါက်တောရဲစခန်းတွင်ပင် သွားရောက်အမှုဖွင့် တိုင်ကြားရာ (၂)ပတ်ခန့်
ကြာသည်အထိ အမှုဖွင့်မပေးသေးကြောင်း သိရသည်။

ဦးခင်မောင်ဝင်းဘက်မှ အမှုဖွင့်တိုင်ကြားသည်ကို ရဲစခန်းမှူးက စစ်ဆေးရာတွင် ပထမဆုံးနေ့တွင် ခြိမ်း
ခြောက်ပြောဆိုမှုများ ရှိခဲ့ပြီး တိုင်ကြားစာကို ဖတ်ကြားမပြဘဲ စစ်ဆေးခဲ့ခြင်းဖြစ်ပြီး ဒုတိယနေ့တွင်မှ
တိုင်ကြားစာကို ပြ၍ စစ်ဆေးခြင်းဖြစ်ကြောင်း ၊ အစောပိုင်းတွင် ငွေကြေးရယူထားသူများကိုသား အမှု
ဖွင့် ထားသည်ဟု သိရပြီး နောက်ပိုင်းတွင်မှ ငွေကြေးရယူထားခြင်း မရှိသော ဦးကြည်သိန်း နှင့် မချစ်စု
တို့ကိုပါ အမှုတွဲတွင်ပါသည်ဟု ဆိုကာ ခေါ်ယူစစ်ဆေးမေးမြန်းခြင်းဖြစ်ကြောင်းဖြင့် တောင်သူများက
ဆိုသည်။

တောင်သူများအနေဖြင့် ၎င်းတို့အားတရားစွဲဆိုပြီး ဦးခင်မောင်ဝင်းအနေဖြင့် အကွက်များထဲတွင် လုပ်
ငန်းလုပ်ဆောင်နေခြင်းကို ဖြေရှင်းဆောင်ရွက်ပြီးပါမှ ဆက်လက်လုပ်ကိုင်ရန် ယာယီအားဖြင့် လုပ်ငန်း
လုပ်ဆောင်ခြင်းကို နှစ်ဖက်စလုံးအား (ယာယီ)တားမြစ်ပေးနိုင်ပါရန် မြို့နယ် အထွေထွေအုပ်ချုပ်ရေး ၊
ရဲစခန်း နှင့် ကျေးရွာအုပ်ချုပ်ရေးများအား စာဖြင့်တင်ပြထားသော်လည်း ယနေ့ လူကိုယ်တိုင်သွား
ရောက်ပြောဆိုရာတွင် ကျေးရွာအုပ်ချုပ်ရေးမှ တာဝန်ယူမည်မဟုတ်ကြောင်း ပြောဆိုလိုက်ခြင်း ဖြစ်
သည်။

ထွန်းထက်

by Myanmar News Now

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D