သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Sunday, September 22, 2013

လှိုင်သာယာတွင် ဆိုင်ကယ် စီးခွင့်ပေးရန် လူ ၂၀၀ ကျော် ဆန္ဒထုတ်ဖော်

ရန်ကုန်၊ စက်တင်ဘာ ၂၁
ရန်ကုန်ဆင်ခြေဖုံး လှိုင်သာယာမြို့နယ်အတွင်း ဆိုင်ကယ် စီးနင်းမှု တရားဝင် ခွင့်ပြုပေးရန် ကျန်စစ်သား
ရပ်ကွက်တွင် လူ ၂၀၀ ကျော်က စက်တင်ဘာ ၂၁ ရက်တွင် တရားဝင် ဆန္ဒထုတ်ဖော်ခဲ့ကြောင်း အဆိုပါ
ဆန္ဒထုတ်ဖော်မှုတွင် ပါဝင်သူ ဆိုင်ကယ်ကယ်ရီ မောင်းသူ ဦးလှိုင်ကြီးက ပြောကြားသည်။

အဆိုပါ ဆန္ဒထုတ်ဖော်မှုကို လှိုင်သာယာမြို့နယ် ကျန်စစ်သားရပ်ကွက်မှ စတင်ကာ မြို့နယ်အတွင်း ဆိုင်
ကယ်စီးနင်းခွင့် ရရှိရေး၊ ဆိုင်ကယ် စီးနင်းသူများ အကာအကွယ် ပေးရေး၊ တန်းတူ အရေးယူပေးရေး၊
ဆိုင်းဘုတ်များကို ကိုင်ဆောင်ကာ လှိုင်သာယာမြို့နယ် ချမ်းမြေ့သာဇံဘုရားသို့ ဆိုင်ကယ်စီးနင်းသူများ၊
ဆိုင်ကယ် ကယ်ရီသမားများက လမ်းလျှောက်ခဲ့ကြောင်း အဆိုပါ ဆန္ဒပြသူများထံမှ သိရှိရသည်။

လှိုင်သာယာမြို့နယ်တွင် ဆိုင်ကယ်များကို ဆက်တိုက် ဖမ်းဆီးမှုများကြောင့် ဆိုင်ကယ်သိမ်းခံရပါက မိ
သားစု စားဝတ်နေရေးကို ထိခိုက်လျက် ရှိကြောင်း ဆိုင်ကယ် ကယ်ရီမောင်းသူ ဦးလှိုင်ကြီးက ရှင်းပြ
သည်။

“တစ်နေ့မှ ဆီဖိုးနုတ်ပြီးရင် ၃၅၀၀ လောက်ပဲရတာ။ ဖမ်းရင် ဘာနဲ့ ထမင်းစားရမလဲ” ဟု ၎င်းကဆိုသည်။

ရန်ကုန်မြို့တွင်း စီးနင်းမှု တားမြစ်ထားသည်ကို လက်ခံသော်လည်း လှိုင်သာယာမြို့နယ်သည် နယ်နိမိတ်
ကျယ်ဝန်းပြီး တစ်နေရာမှ တစ်နေရာသို့ သွားရန် ဆိုင်ကယ် လိုအပ်ချက် ရှိသောကြောင့် လည်းကောင်း၊
ဆိုင်ကယ်များကို တရားဝင် စီးနင်းခွင့် လိုင်စင်ထုတ်ပေးပြီး စည်းကမ်း သတ်မှတ်ရန် လိုအပ်သောကြောင့်
လည်းကောင်း ဆိုင်ကယ် စီးခွင့်ပေးရန် ဆန္ဒထုတ်ဖော်မှုတွင် ပါဝင်သူ တရားလွှတ်တော်ရှေ့နေ ဦးဌေးက
ပြောကြားသည်။

The Voice Weekly

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D