မြိတ် ၊ ၂၂-၉-၂၀၁၃
တနင်္သာရီတိုင်း ဒေသကြီး၊
မြိတ်မြို့တွင် ထိုင်းနိုင်ငံမှ တစ်ဆင့် တင်သွင်း လာသည့် IPM Satellite
Receiver အသေးစား စလောင်းများကို ယခုလဆန်း ပိုင်းကစပြီး အသုံးပြုသူ
များပြား လာကြောင်း စလောင်း လိုက်လံ တပ်ဆင် ပေးနေသူ မြိတ်မြို့ခံများ ထံမှ
သိရှိရသည်။
အဆိုပါ ထိုင်းနိုင်ငံထုတ်
IPM Satellite Receiver စလောင်း၏ အရောင်မှာ လိမ္မော်ရောင် ဖြစ်ပြီး
အရွယ်အစား အားဖြင့် (၁)ပေခွဲခန့် ရှိကာ ရုပ်သံ လိုင်းပေါင်း (၃ဝဝ)
ကျော်ခန့် ပါရှိကြောင်း သိရှိရသည်။
အဆိုပါ IPM Satellite Receiver စလောင်းတွင် မြန်မာ ရုပ်သံလိုင်း အချို့နှင့် DVB ဒီမိုကရစ်တစ် မြန်မာ့အသံ စသည့် အစီအစဉ် များပါရှိပြီး ကျန်သည့် လိုင်းများမှာ ယိုးဒယား ရုပ်သံလိုင်း များသာ အများဆုံး ပါရှိကြောင်း၊ အဆိုပါ စလောင်း၏ စလောင်းစက် ဈေးနှုန်းမှာ ၃၅ဝဝဝ ကျပ် ဝန်းကျင်ရှိပြီး တစ်ဆိုင်နှင့် တစ်ဆိုင် ဈေးနှုန်း အနည်းငယ် ကွာဟကြောင်း မြိတ်မြို့ရှိ လျှပ်စစ်ပစ္စည်း အရောင်းဆိုင် များမှ သိရသည်။ အဆိုပါ IPM Satellite Receiver စလောင်းသည် တစ်ရက်ကို လေးစုံမှ ဆယ်စုံအထိ ရောင်းအား ကောင်းလျက် ရှိကြောင်း သိရှိရသည်။

MWD

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော...

No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...