သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Tuesday, July 9, 2013

တည်ဆောက်ဆဲ ဘုရင့်နောင် ခုံးကျော်တံတား၏ ပင်မကွန်ကရစ်တိုင် ပြိုကျမှုဖြစ်ပွား

7.8.16
ဘုရင့်နောင်ခုံးကျော်တံတား ပင်မကွန်ကရစ်တိုင် ပြိုကျမှုအား ဇူလိုင်  ၈ ရက်က တွေ့ရစဉ်
သမိုင်းမှ လှိုင်သာယာသို့ ချိတ်ဆက်ပေးမည့် တည်ဆောက်နေဆဲ ဘုရင့်နောင် ခုံးကျော်တံတား၏ ပင်မ ကွန်ကရစ်တိုင် ပြိုကျခဲ့ကြောင်း သတင်းရရှိသည်။
ဇူလိုင် ၈ ရက် ညနေ ၄ နာရီခွဲခန့်တွင် ပြိုကျခဲ့သော ကွန်ကရစ်တိုင်မှာ သမိုင်းမှ လှိုင်သာယာသို့ ဆက်သွယ် မည့် အဓိကပင်မကွန်ကရစ်တိုင် အမှတ် ပီစီ-၁၇ ဖြစ်ကြောင်း ဘုရင့်နောင် ခုံးကျော်တံတား တည်ဆောက်ရေး လုပ်ငန်းခွင်မှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

ပင်မကွန်ကရစ်တိုင် ပြိုကျရခြင်းမှာ လုပ်ငန်းခွင်အတွင်း အသုံးပြုလျက်ရှိသည့် ကရိန်းမှ တိုက်မိ ခဲ့သောကြောင့် ဖြစ်ကြောင်း၊ ဆောက်လုပ်သည့် အရည်အသွေး မပြည့်မီခြင်း မဟုတ်ကြောင်း တာဝန်ယူတည် ဆောက်နေသည့် FMI ကုမ္ပဏီမှ ပြောရေးဆိုခွင့်ရှိသူ ကိုမြင့်ကျော်၏ ပြောကြားချက်အရ သိရသည်။
ယင်းဖြစ်စဉ်အား တွေ့ရှိခဲ့သူ တစ်ဦးက ''အကြီးအကျယ်တိုက်တာ မဟုတ်ဘဲနဲ့ လဲကျသွားခဲ့တဲ့ တည်ဆောက်မှုတွေကို နည်းနည်း စိုးရိမ်ရတယ်။ နောက်ပြီး ပြိုကျခဲ့တဲ့တိုင်က အောက်ခြေ ကွန် ကရစ်လောင်းတဲ့ အဆင့်ထိပဲ ရှိသေးပေမယ့် အပေါ်သံတိုင်တွေ အများအပြား တင်ထားတဲ့အတွက်ကြောင့် ခံနိုင်ရည်အား မရှိခဲ့တာ ဖြစ်ဖို့များပါတယ်'' ဟု ပြောသည်။
ပင်မကွန်ကရစ်တိုင် ပြိုကျမှု ဖြစ်စဉ်ကြောင့် သမိုင်းမှ လှိုင်သာယာ-အင်းစိန်သို့ ဆက်သွယ်ထားသည့် ကားလမ်းကြောများ နှစ်နာရီခန့် ပိတ်ထားခဲ့ရခြင်းကြောင့် ပြိုကျသည့် ဖြစ်စဉ်အနီး ဆက်စပ်နေရာများတွင် ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပွားခဲ့သည်။
ဘုရင့်နောင် ခုံးကျော်တံတားအား ၂၀၁၂ ခုနှစ် ဇွန်လအတွင်းမှစ၍ FMI ကုမ္ပဏီမှ အဓိက တာဝန်ယူ တည်ဆောက်ခဲ့ပြီး ခန့်မှန်းကုန်ကျငွေ ၂၆ ဘီလီယံခန့် ရှိမည်ဟု ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီမှ သိရသည်။

From...EMG

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D