သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Tuesday, July 9, 2013

ဗုဒ္ဓဂယာ ဗုံးပေါက်ကွဲမှုကြောင့် ရွှေတိဂုံစေတီတော်တွင် လုံခြုံရေးတိုးမြှင့်ချထား

အိန္ဒိယနိုင်ငံဗုဒ္ဓဂယာတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သောကြောင့် ရန်ကုန်တိုင်းဒေသကြီး ရှိ ရွှေတိဂုံ စေတီတော် တွင် လုံခြုံရေးတိုးမြှင့်ချထားမည်ဖြစ်ကြောင်း ရွှေတိဂုံစေတီတော် ဂေါပကရုံးမှ သိရှိရသည်။
လုံခြုံရေးတိုးမြှင့် ချထားမှုအား သက်ဆိုင်ရာ ဂေါပကအဖွဲ့နှင့် ပြည်သူ့ရဲတပ်ဖွဲ့ပူးပေါင်းကာ လုံခြုံရေး ချထား မည်ဖြစ်ကြောင်း သိရှိရသည်။

“လက်ရှိယူထားတဲ့ လုံခြုံရေးထက်ကို ပိုတိုးပြီးတော့ လုံခြုံရေးယူသွားမယ်။ ကျွန်တော်တို့ လုံခြုံရေးချထားဖို့ ကိစ္စကိုလည်း အစည်းအဝေးလုပ်ပြီး တိုင်ပင်ဆွေးနွေးနေပါတယ်” ဟု ဂေါပကရုံးမှ တာဝန်ရှိသူ တစ်ဦး က ပြော သည်။
အဆိုပါ ဗုံးပါက်ကွဲမှုမှာ ဇူလိုင်လ (၇)ရက် နေ့တွင် ဗုံး(၈)လုံး အတွဲလိုက်ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ရဟန်း သံဃာတော် (၂)ပါးနှင့် လူ(၅)ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
“လုံခြုံရေးယူဖို့ကိုတော့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က တာဝန်ယူပြီးလုပ်နေတယ်။ အင်အားဘယ်လောက်တို့ ဘာတို့  ကတော့ မသိဘူး။ ရဲတပ်ဖွဲ့ရဲ့ အခြေခံအုပ်ချုပ်မှုအောက်ကနေပဲ လိုက်တာပါ”ဟု ဂေါပကရုံးမှာ တာဝန်ရှိသူ တစ်ဦးကပြောသည်ပေါက်ကွဲမှုတွင် ဒဏ်ရာရရှိခဲ့သည့် ရဟန်းသံဃာတော်မှာ မြန်မာနိုင်ငံမှ စာလာသင်သော ဘုန်းကြီးတစ်ပါး၊ တိဘက်ဘုန်းကြီးတစ်ပါးနှင့် လူ(၅)ဦးခန့် ဒဏ်ရာရရှိခဲ့ကာ မပါက်ကွဲသေးသော ဗုံး(၄) လုံးအား တွေ့ရှိခဲ့ကြောင်း အိန္ဓိယနိုင်ငံ အာဏာပိုင်များ၏ ထုတ်ပြန်ချက်အရ သိရှိရသည်။
ရန်ကုန်နှင့် အလားတူ မန္တလေးတိုင်းအတွင်းရှိ တန်ခိုးကြီးဘုရားများ ဖြစ်သော မဟာမြတ်မုနိဘုရားကြီး၊ စွယ်တော်မြတ်စေတီ၊ ပြင်ဦးလွင်ရှိ မဟာအံ့ထူးကံသာစေတီနှင့် တန်ခိုးကြီးဘုရားများတွင် ပေါက်ကွဲမှု မဖြစ်ပေါ်စေရန် တိုးမြှင့်ကာ လုံခြုံရေးချထားကြောင်း သိရသည်။
ဗုံးအတွဲလိုက်ဖောက်ခွဲခဲ့သည့် တရားခံအား အမြန်ဆုံးအရေးယူပေးရန် သီရိလင်္ကာ သမ္မတက အိန္ဒိယ အစိုးရ ထံ တောင်းဆိုထားကြောင်းကိုလည်း သိရှိရသည်။

From...မြစ်မခ

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D