သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Monday, July 8, 2013

အီဂျစ်ထိပ်တိုက် ရင်ဆိုင်မှု လူ ၄၂ ဦးသေဆုံး

ဗွီအိုအေ (မြန်မာပိုင်း)

08.07.2013
အီဂျစ်နိုင်ငံမှာ ရာထူးက ဖြုတ်ချခံလိုက်ရတဲ့ သမ္မတ မိုဟာမက် မော်စီကို ထောက်ခံသူတွေနဲ့  စစ်တပ်အကြား တနင်္လာနေ့က ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် ပစ်ခတ်မှုတွေကြောင့် လူ ၄၂ ဦး သေဆုံးတဲ့အတွက် ဘယ်သူ့မှာ တာဝန်ရှိတယ် ဆိုတဲ့အပေါ် စစ်တပ်နဲ့ မော်စီကို ထောက်ခံသူတွေအကြား အပြန်အလှန် စကားစစ်ထိုးနေကြပါတယ်။


တနင်္လာနေ့အစောပိုင်းတုန်းမှာ မော်စီကို ထောက်ခံသူတွေ စုဝေး ဆန္ဒပြခဲ့ကြတဲ့ အိမ်စောင့်တပ်ဖွဲ့ ဌာနချုပ်အပြင်မှာ မျက်ရည်ယိုဗုံး မီးခိုးငွေ့တွေနဲ့ ပြည့်နေပြီး အဲဒီနေရာမှာ သေနတ်နဲ့ပစ်ခတ်သံတွေလည်း ကြားခဲ့ကြရတယ်လို့ မျက်မြင် သက်သေတွေက ပြောပါတယ်။

အီဂျစ်အိမ်စောင့်တပ် ရုံးချုပ်အပြင်မှာ ဆန္ဒပြနေကြသူတွေကို စစ်တပ်ဖက်က အရင်ပစ်ခတ်ခဲ့တာလို့ မော်စီရဲ့ မူဆလင်ညီအကိုတော်များအဖွဲ့က တနင်္လာနေ့မှာ စွပ်စွဲပြောဆိုပါတယ်။ အကြမ်းဖက်သမားတွေက သူတို့ဌာနချုပ်ကို ၀င်စီးဖို့ ကြံစည်တာဖြစ်တယ်လို့ စစ်ဖက် အရာရှိတွေကလည်း ပြန်လည် စွပ်စွဲ ပြောဆိုပါတယ်။

နှစ်ဖက်စလုံးက အခြေအနေတွေကို ထိန်းထိန်းသိမ်းသိမ်းလုပ်ဆောင်ကြဖို့နဲ့ ဖြစ်သွားကိစ္စနဲ့ပတ်သက်ပြီး စုံစမ်း စစ်ဆေးမှုတွေ ပြုလုပ်ဖို့ အိမ်စောင့်အစိုးရသမ္မတက တောင်းဆိုလိုက်ပါတယ်။ ဒါပေမဲ့ အခုလို အကြမ်းဖက်မှုတွေ ဖြစ်သွားတဲ့ကိစ္စက ကြားဖြတ်အစိုးရ ဖွဲ့စည်းဖို့ ဆောင်ရွက် ချက်တွေကို နှောင့်နှေးသွားစေနိုင်ပါတယ်။

တနင်္လာနေ့မှာ ဖြစ်သွားခဲ့တဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေကြောင့် အစိုးရသစ်နဲ့ လက်ရှိ ပြုလုပ်နေတဲ့ တွေ့ဆုံ ဆွေးနွေးပွဲကနေ နှုတ်ထွက်တဲ့အကြောင်း အစွန်းရောက် အဖွဲ့အစည်းတခုဖြစ်တဲ့ Salafi Nour Party က ပြောပါတယ်။ သူတို့အဆိုအရ လူတွေကို အစုလိုက် အပြုံလိုက် သတ်ဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။


VOA>>

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D