သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Monday, July 8, 2013

မှန်ကန်တဲ့ စိတ်နေစိတ်ထား

သင့်အား ထိခိုက်နာကျင်စေသူကို ကျေးဇူးတင်ပါ။
သူ့ကြောင့် သင့်စိတ်ဓာတ် ပိုကြံ့ခိုင်ခဲ့လို့ပါပဲ။
သင့်အား ခလုတ်တိုက်လဲကျစေသူကို ကျေးဇူးတင်ပါ။
သူ့ကြောင့် သင့်ခြေနှစ်ဖက် ပိုသန်မာခဲ့လို့ပါပဲ။

သင့်အား လိမ်ညာခဲ့သူကို ကျေးဇူးတင်ပါ။
သူ့ကြောင့် သင်အသိဉာဏ် ပိုတိုးခဲ့လို့ပါပဲ။
သင့်အား အထင်အမြင်သေးသူကို ကျေးဇူးတင်ပါ။
သူ့ကြောင့် သင့်ကိုယ်သင်လေးစားရမှန်း သိခဲ့လို့ပါပဲ။
သင့်အား စွန့်လွှတ်ခဲ့သူကို ကျေးဇူးတင်ပါ။
သူ့ကြောင့် သင့်ကိုယ်သင် အားကိုးတတ်ခဲ့လို့ပါပဲ။
ဘဝကိုပြောင်းလဲချင်ရင် ပထမဦးဆုံးပြောင်းလဲရမှာက ကျွန်တော်တို့ရဲ့ စိတ်နေစိတ်ထားကို ဖြစ်တယ်။
စိတ်နေစိတ်ထားဖြောင့်မှန်ရင် ဒီလောကကြီးက နေရောင်တွေနဲ့ လင်းလက်မှာဖြစ်တယ်။
လူလူချင်းကြားမှာ ထူးခြားတဲ့ခြားနားချက်တွေက သိပ်မရှိကြဘူး။
တကယ်ခြားနားတယ်ဆိုလို့ စိတ်နေစိတ်ထားပဲ ရှိတယ်။
"ဘဝကို သင်မောင်းနှင်မလား? ဘဝမောင်းနှင်တာကို သင်ခံမလား?
သင့်ရဲ့စိတ်နေစိတ်ထားက မောင်းနှင်သူရဲ့နေရာမှာ ဘယ်သူရှိမယ်ဆိုတာကို ဆုံးဖြတ်ပေးလိမ့်မယ်"တဲ့။
စိတ်ညစ်စရာ၊ စိတ်ဓာတ်ကျစရာအဖြစ်နဲ့ ကြုံတဲ့အခါ လူတချို့က ကိုယ့်ရည်မှန်းချက်၊ ကိုယ့်စိတ်ကူးအိပ်မက်ကို လက်လွတ်ပြီး ကိုယ်လွတ်ရုန်းကြတယ်။ လက်လျှော့ကြတယ်။
လူတချို့က ခေါင်းငုံ့အရှုံးမပေးဘဲ ကိုယ့်အမှားကိုခွဲခြမ်းစိတ်ဖြာပြီး ရှေ့ကိုရဲရဲတိုးကြတယ်။
အခက်အခဲကနေ အလွတ်ရုန်းပြီး ကိုယ့်ရည်မှန်းချက်၊ ကိုယ့်စိတ်ကူး ဦးတည်ရာဆီ ဆက်လျှောက်ကြတယ်။
ကံကြမ္မာ အခက်အခဲတွေကို ကျွန်တော်တို့ ထိန်းချုပ်မရနိုင်ဘူး။ ဒါပေမဲ့
စိတ်နေစိတ်ထားကို ကျွန်တော်တို့ ထိန်းချုပ်လို့ရနိုင်တယ်။ တခြားလူကို ကျွန်တော်တို့ ပြောင်းလဲလို့မရနိုင်ဘူး။ ဒါပေမဲ့ ကိုယ့်ကိုယ်ကို ကျွန်တော်တို့ ပြောင်းလဲလို့ရတယ်။ ဖြစ်ပျက်ပြီးတဲ့အရာတွေကို ကျွန်တော်တို့ ပြောင်းလဲလို့ မရနိုင်ဘူး။ ဒါပေမဲ့ စိတ်နေစိတ်ထားကို ပုံမှန်ဖြစ်အောင် ကျွန်တော်တို့ပြောင်းလဲလို့ရနိုင်တယ်။
လုပ်လိုစိတ်ရှိရင် အခက်အခဲဆိုတာကို ကျော်လွှားနိုင်သလို လုပ်ချင်စိတ်ရှိရင် လမ်းက ပေါက်စမြဲပါ။ ဖြောင့်မတ်မှန်ကန်တဲ့ စိတ်နေစိတ်ထားက လူကို စိတ်လက်ချမ်းသာရှိစေပါတယ်။ စိတ်နေစိတ်ထားဆိုတာ သင်ကိုယ်တိုင် လုပ်ယူလို့ရတဲ့အရာပါ။ မှန်ကန်တဲ့ စိတ်နေစိတ်ထားကို သင်လိုချင်တိုင်း ရနိုင်ပါတယ်။

နိုင်းနိုင်းစနေ

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D