သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Sunday, July 14, 2013

ပညာရေး ပြုပြင်ပြောင်းလဲဖို့ အကြံပြုချက် သမ္မတ ဦးသိန်းစိန် လက်ခံဆွေးနွေး



မြန်မာနိုင်ငံပညာရေး ပြုပြင်ပြောင်းလဲဖို့ ဥပဒေပြင်ဆင်ရေး အဆိုတင်ထားချက်တွေကို သဘောကျကြောင်း မြန်မာနိုင်ငံ ပညာရေးကွန်ရက် အဖွဲ့ကို သမ္မတ ဦးသိန်းစိန်က ဒီကနေ့ တွေ့ဆုံပြော ကြားလိုက်ပါတယ်။
မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးပြုပြင်ပြောင်းလဲမှုကွန်ရက် NNER က ညီလာခံဆွေးနွေးချက်တွေနဲ့ ပတ်သက်ပြီး  ကွန်ရက်အဖွဲ့ဝင်တွေကို နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ဒီကနေ့ ရန်ကုန်လွှတ်တော် အဆောက်အအုံဝင်းမှာ
ခေါ်ယူတွေ့ဆုံခဲ့ဆွေးနွေးစဉ် အခုလို ပြောကြားခဲ့တာလို့ တွေ့ဆုံပွဲကို တက်ရောက်ခဲ့တဲ့ NNER အဖွဲ့က စာရေးဆရာ ကိုတာ (ခေါ်) ဒေါက်တာသန့်လွင်မောင်က RFA ကို ပြောပြပါတယ်။

“မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေး ပြုပြင်ပြောင်းလဲမှုကွန်ရက်တင်ထားတဲ့ ဘယ်လိုပြုပြင်ပြောင်းလဲရေး လုပ်ရင် ကောင်းမလဲဆိုတဲ့ဟာကိုလေ သမ္မတဆီကိုလဲရောက်ရော ခေါ်ပြီးတော့သူ့ကို တင်ပြခိုင်းတာပေါ့၊ ပညာရေးပြုပြင်ပြောင်းလဲဖို့ ဥပဒေတင်ထားတာ သူသဘောကျပါတယ်တဲ့၊ တချို့ဟာတွေက လွှတ်တော်နဲ့ ပညာရေးဌာနတို့ကို တိုင်ပင်ပြီးတော့ လုပ်လို့ရရင်လုပ်ပေးမှာပေါ့လို့ပြောတယ်”

ဒီလိုတွေ့ဆုံရာမှာ တချို့ပညာရေး ပြုပြင်ပြောင်းလဲမှု ကိစ္စရပ်တွေဟာ လွှတ်တော်နဲ့ ပညာရေးဝန်ကြီးဌာန ပူးတွဲလုပ်ဆောင်သွားမယ်လို့ သမ္မတက ပြောကြောင်းလည်း သိရပါတယ်။
မြန်မာနိုင်ငံ ပညာရေးပြုပြင်ပြောင်းလဲမှုအတွက် ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်းက ရန်ကုန်မြို့ ခဝဲခြံမှာ ညီလာခံကျင်းပပြီး ဆွေးနွေးမှုရလာဒ်တွေကို နိုင်ငံတော်သမ္မတနဲ့ လွှတ်တော်ထံ တင်ပြခဲ့တာပါ။

From:RFA

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D