သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Sunday, July 14, 2013

ဒီမိုကရေစီကို နားလည်ပြီဆိုရင်

အမေရိကန် NSA ရဲ့ ကွန်ထရက်တာဟောင်း System Administrator လုပ်ခဲ့တဲ့ စနိုဒန် ရုရှမှာ သောင်တင်နေတယ်..... ရုရှမှာ နိုင်ငံရေး ခိုလှုံခွင့်တောင်းပေမယ့် ပူတင်ရဲ့ အမေရိကန်လျှို့ ဝှက်ချက်တွေ ဆက်ပြီး မဖော်ထုတ်ပဲနေမှ လက်ခံနိုင်မယ် ဆိုတော့ သောင် မတင်ရေမ ကျ ဖြစ်နေလေ ရဲ့.......

ရုရှက လူ့အခွင့်အရေး အဖွဲ့တွေကတော့ စနိုဒန်ကို ကာကွယ်ဖို့ ကြိုးစားနေကြပေမယ့် ရုရှနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကတော့ ဒါဟာ လူ့အခွင့်အရေးမဟုတ်ပဲ နိုင်ငံတစ်နိုင်ငံရဲ့ လျှို့ဝှက်ချက်ကို ဖော်ထု တ် တာ ဖြစ်တဲ့ အတွက် ရာဇဝတ်မှုလို့ ဆိုနေတယ်.....

လူ့အခွင့်အရေး ခေါင်းစဉ်က ကြည့်ရင်တော့ စနိုဒန်ဟာ သူသိသမျှ သူထုတ်ဖော်ပြောပိုင်ခွင့် ရှိနေမှာပေါ့.... ဒါပေမယ့် နိုင်ငံ တစ်နိုင်ငံအနေနဲ့ ကြည့်မယ်ဆိုရင် ဒါဟာ နိုင်ငံတော်အပေါ် သစ္စာဖောက်မှုပဲ...... ရုရှကြီးကလည်း အမေရိကန်နဲ့ အခုမှ အဆင်ပြေကာစမှာ ပြဿနာ တက်ချင်တဲ့ပုံသဏ္ဍန် သိပ်မတွေ့ရဘူး..... ဒီတော့ လူ့အခွင့်အရေးသမားတွေ ဘယ်လိုရှေ့ဆက် စခန်းသွားမလဲ စောင့်ကြည့်ရမယ်..... နေရာတကာမှာ လူ့အခွင့်အရေးဟာ ရှေ့တန်းတင်လို့မရဘူးဆိုတာ ပေါ်လွင်လာတယ်.......
.
ပြည်တွင်းမှာဆိုရင်လည်း နမူနာကြည့်ရမယ့် သာဓကကတော့ NLD ပဲ...... တစ်ချိန်က NLD ပါတီဆိုတာ စစ်အစိုးရရဲ့ မျက်စိ ဒေါက်ထောက်အကြည့်ခံခဲ့ရတဲ့ အဓိက အတိုက်အခံပါတီကြီး တစ်ခုပဲ..... အထူးသဖြင့် ပါတီရဲ့ လှုပ်ရှားမှုတွေကို စစ်အစိုးရကို သတင်းပေးခဲ့တဲ့ လူတွေရှိခဲ့တယ်..... ဒါကြောင့် ဒေါ်စုဟာ ပါတီကို လုံးလုံး ယုံကြည်နိုင်မှုမရှိခဲ့ပဲ သူဘာလုပ်မယ်ဆိုတာကို ကြိုထုတ်မပြောပဲ တစ်ကိုယ်တော် လှုပ်ရှားနေခဲ့ရတယ်......

အခုထိကို ဒေါ်စုဘယ်ခြေကိုလှမ်းမယ်ဆိုတာ ပါတီတွင်းက ပြန်ကြားရေးပိုင်း တာဝန်ယူထားတဲ့သူတွေတောင် သေခြာမသိရတဲ့ အနေအထားမျိုး ဖြစ်နေတယ်..... အခြားတစ်ဖက်က ပြန်ကြည့်မယ်ဆိုရင်တော့ အဲ့ဒိ NLD ပါတီတွင်းက သတင်းပေးတွေဟာ အကြောင်းကြောင်းကြောင့် ဒါမှမဟုတ် ပါတီရဲ့ ဗဟိုချုပ်ကိုင်မှုတွေကို မကျေနပ်လို့ သတင်းပေးကြတာလည်း ဖြစ်နိုင်တယ်လို့ ဆိုရမယ်...... ဒါဟာလည်း သူတို့ရဲ့ လူ့အခွင့်အရေးတစ်ရပ် ဖြစ်နေပြန်တယ်..... ဒါပေမယ့် ပါတီဘက်က ကြည့်ရင်တော့ သစ္စာဖောက်ပေါ့..... ဒါကြောင့်လည်း ဒေါ်စုက ပါတီအပေါ် ပါတီဝင်တွေ သစ္စာရှိကြပါလို့ ခဏခဏ တိုက်တွန်းနေရတယ်....... အဲ့ဒိလို ကိစ္စမှာ လူ့အခွင့်အရေးနဲ့ လူတစ်ဦးခြင်း လွတ်လပ်စွာ ထုတ်ဖော်ပြောခွင့် ဒီမိုကရေစီ အနှစ်သာရ ပျောက်ဆုံးနေပြန်တယ်.....

ကျွန်တော် စိတ်ဝင်စားတာကတော့ ပါတီအပေါ် သစ္စာရှိတာနဲ့ လူ့အခွင့်အရေးနဲ့ ဘယ်လို လွန်ဆွဲကြမလဲ ဆိုတာကိုပဲ...... ဘာကြောင့်လည်းဆိုတော့ NLD အတွင်းပိုင်းက မကျေနပ်မှုတွေ အပြင်ကို လျှံထွက်လာနေတာ လူသိနည်းပေမယ့် လက်တွေ့ဖြစ်နေတဲ့အတွက် NLD က ဘယ်လိုသုံးသပ်မလဲ ဆိုတာကိုပါ.......

စနိုဒန်က လူ့အခွင့်အရေးသမားတွေဘက်ကကြည့်ရင် မှန်တယ်၊ အမေရိကန်ရဲ့ မတရားဖိနှိပ်ခဲ့သူတွေ ဘက်ကကြည့်ရင် သူဟာ သူရဲကောင်း ဒါပေမယ့် အမေရိကန်အတွက်တော့ နိုင်ငံအပေါ် သစ္စာဖောက်တဲ့သူ........ ဒီလိုပဲ NLD အတွင်းပိုင်းက မကျေနပ်မှုတွေ ထုတ်ပြောတဲ့သူတွေဟာ ဒီမိုကရေစီ လူ့အခွင့်အရေးအရ သူတို့ လွတ်လပ်ပိုင်ခွင့် ဆိုပေမယ့် ပါတီဘက်က သတ်မှတ်တာက ပါတီအပေါ် သစ္စာစောင့်သိမှု မရှိ.......

အဲ့ဒိတော့ နောက်ဆုံး စိတ်ဝင်တစား စောင့်ကြည့်ရမယ့် ကိစ္စကတော့ ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ သစ္စာရှိမှု သစ္စာစောင့်သိမှု ဆိုတာကို ဘယ်လိုပေတံတွေနဲ့ တိုင်းတာကြမလဲ ဆိုတာပါပဲ......

From:Voice of James Mint

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D