သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Tuesday, July 9, 2013

ဗုဒ္ဓဂယာ ပဒေသာဗုံး ပေါက်ကွဲမှုများအပေါ် အစိုးရနှင့် ဒေါ်စု ဝေဖန်

ဗုဒ္ဓဂယာ ပဒေသာဗုံး ပေါက်ကွဲမှုများအပေါ် 
အစိုးရနှင့် ဒေါ်စု ဝေဖန် 

မဇ္ဈိမသတင်းဌာန | အင်္ဂါနေ့၊ ဇူလိုင်လ ၀၉ ရက် ၂၀၁၃ ခုနှစ် ၁၇ နာရီ ၂၅ မိနစ် 

နယူးဒေလီ (မဇ္ဈိမ)။ ။ အိန္ဒိယနိုင်ငံရှိ ဗုဒ္ဓဂယာတွင် တနင်္ဂနွေနေ့ နံနက်က 
ဗုံးများ ဆက်တိုက် ပေါက်ကွဲခဲ့မှုနှင့် ပတ်သက်၍ မြန်မာအစိုးရ 
နိုင်ငံခြားရေးဝန်ကြီးနှင့် ဒေါ်အောင်ဆန်းစုကြည်တို့က ၎င်းတို့၏ 
စိုးရိမ်ကြောင့်ကြမှုများကို ထုတ်ဖော်ပြောဆိုလိုက်သည်။ 

အိန္ဒိယ နိုင်ငံခြားရေး အတွင်းဝန် ရန်ဂျန် မာသိုင်း Ranjan Mathai က မြန်မာ 
နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် နေပြည်တော်တွင် တွေ့ဆုံခဲ့ပြီး
 ဒေါ်အောင်ဆန်းစုကြည်နှင့်မူ ရန်ကုန်တွင် တွေ့ဆုံခဲ့ရာ ၎င်းတို့၏ သဘောထားကို 
ကြားသိခဲ့ရခြင်းဖြစ်ကြောင်း အိန္ဒိယ နေ့စဉ်ထုတ် သတင်းစာများက ရေးသားကြသည်။ 

မြန်မာဝန်ကြီးအနေဖြင့် တနင်္ဂနွေအဖြစ်အပျက်နှင့် အကြမ်းဖက်သမားများ 
ကွန်ယက်ဖွဲ့နေမှုကို ရှုတ်ချ ပြစ်တင်ဝေဖန်လိုက်ပြီး 
ဒေါ်အောင်ဆန်းစုကြည့်နေဖြင့် အဆိုပါ အဖြစ်အပျက်အပေါ် ထိခိုက် 
တုန်လှုပ်မိရကြောင်းနှင့် လုံခြုံရေး ပိုမိုချထားပေးရန် မျှော်လင့်ကြောင်း 
အိန္ဒိယ သတင်းစာများက ဆိုသည်။ 

ဗုဒ္ဓဂယာ ဗုံးပေါက်ကွဲမှုများနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးရရှိချက်များကိုလည်း 
မြန်မာနိုင်ငံနှင့် မျှဝေသွားမည်ဟု မစ္စတာ မာသိုင်း က ပြောဆိုခဲ့သည်။ 

“ရရှိလာတဲ့ စုံစမ်းစစ်ဆေးမှုတွေကို မြန်မာနိုင်ငံနဲ့ မျှဝေသွားမှာပါ။ 
ဗုဒ္ဓဂယာကို ငြိမ်းချမ်းပြီး ဘုရားဖူးရာအရပ်အဖြစ် ဆက်လက် တည်နေစေပါမယ်” 

ထို့ပြင် နှစ်နိုင်ငံ လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများလည်း 
တည်ဆောက်သွားမည်ဟု ဆိုသည်။ 

ဒဏ်ရာရ မြန်မာသံဃာတော်၏ ကျန်းမာရေးအခြေအနေမှာ စိုးရိမ်ရမယ့် အန္တရာယ် 
မရှိတော့ဘဲ ကောင်းမွန်စွာ ပြုစုစောင့်ရှောက်ထားကြောင်း အိန္ဒိယ 
နိုင်ငံခြားရေး အတွင်းဝန်က ပြောဆိုခဲ့သည်။ 

ဗုဒ္ဓဘာသာဝင်များ အထွတ်အမြတ်ထားရာ အိန္ဒိယနိုင်ငံ၊ ဘီဟာပြည်နယ်ရှိ 
ဗုဒ္ဓဂယာတွင် တနင်္ဂနွေ နံနက်စောပိုင်းက နာရီဝက်အတွင်း ဗုံး ကိုးလုံး 
ဆက်တိုက်ပေါက်ကွဲခဲ့ရမှုနှင့် ပတ်သက်၍ အိန္ဒိယ၏ သံခင်းတမန်ခင်း ဆက်ဆံရေးတွင် 
အရှက်ရစရာတခု ဖြစ်လာခဲ့သည်။ 

အထူးသဖြင့် ဗုဒ္ဓဘာသာ အများစု နေထိုင်ရာ မြန်မာ၊ ထိုင်း၊ သီရိလင်္ကာ၊ တရုတ်၊ 
ဂျပန်၊ ဘူတန်နိုင်ငံတို့နှင့် ဖြစ်သည်။ ထိုနိုင်ငံများအတွက် အိန္ဒိယမှာ 
ကမ္ဘာ့ဗုဒ္ဓဘာသာအသိုင်းအဝိုင်းအတွင်း ထူးခြားမှု ရှိနေသည်။ 

ထို့ကြောင့် နိုင်ငံတကာဆိုင်ရာ ဘာသာရေး အဆောက်အအုံများအား လုံခြုံရေး 
နှစ်ဆတိုးမြှင့်ချထားဖို့ ဖြစ်လာခဲ့ပြီး အိမ်နီးချင်း နိုင်ငံများ၊ 
အထူးသဖြင့် မူဆလင်များနှင့် ဗုဒ္ဓဘာသာများအကြား ပဋိပက္ခများ ဖြစ်ပွားနေသည့် 
နိုင်ငံများ လုံခြုံရေးပိုင်းတွင် အိန္ဒိယအနေနှင့် ပိုမိုစွမ်းသန်သည့် ကဏ္ဍမှ 
ပါဝင်ဖို့ လိုအပ်လာကြောင်း သတင်းစာများက ထောက်ပြကြသည်။

မဟာဗောဓိ ပရဝုဏ်အတွင်းတွင်ပင် ဗုံး လေးလုံး ပေါက်ကွဲခဲ့ရာ PhD ဘွဲ့ယူရန် 
ပညာသင် ရောက်ရှိနေသော မြန်မာသံဃာတပါးနှင့် တိဘက်လူမျိုးတဦး 
ထိခိုက်ဒဏ်ရာရရှိသွားခဲ့ပြီး ဂါယာဆေးရုံကြီးတွင် တက်ရောက်ကုသမှုခံယူနေရသည်။ 

လုံခြုံရေး ကင်မရာများ၏ မှတ်တမ်းများအရ မသင်္ကာသူ နှစ်ဦးကို 
ပုံဖော်နိုင်ခဲ့ပြီး စုံစမ်းထောက်လှမ်းရာမှ တဦးကို တနင်္လာနေ့က 
ဖမ်းဆီးရမိပြီး စစ်ဆေးနေဆဲဖြစ်သည်။

မဇ္ဈိမသတင်းဌာန
နယူးဒေလီ (မဇ္ဈိမ)။ ။ အိန္ဒိယနိုင်ငံရှိ ဗုဒ္ဓဂယာတွင် တနင်္ဂနွေနေ့ နံနက်က ဗုံးများ ဆက်တိုက် ပေါက်ကွဲ ခဲ့မှုနှင့် ပတ်သက်၍ မြန်မာ အစိုးရ နိုင်ငံခြားရေး ဝန်ကြီးနှင့် ဒေါ်အောင်ဆန်းစုကြည် တို့က ၎င်းတို့၏ စိုးရိမ်ကြောင့်ကြမှုများကို ထုတ်ဖော်ပြောဆိုလိုက်သည်။


အိန္ဒိယ နိုင်ငံခြားရေး အတွင်းဝန် ရန်ဂျန် မာသိုင်း Ranjan Mathai က မြန်မာ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် နေပြည်တော်တွင် တွေ့ဆုံခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့်မူ ရန်ကုန်တွင် တွေ့ဆုံခဲ့ရာ ၎င်းတို့၏ သဘောထားကို ကြားသိခဲ့ရခြင်းဖြစ်ကြောင်း အိန္ဒိယ နေ့စဉ်ထုတ် သတင်းစာများ က ရေးသား ကြသည်။


မြန်မာဝန်ကြီးအနေဖြင့် တနင်္ဂနွေအဖြစ်အပျက်နှင့် အကြမ်းဖက်သမားများ ကွန်ယက်ဖွဲ့နေမှုကို ရှုတ်ချ ပြစ် တင်ဝေဖန်လိုက်ပြီး ဒေါ်အောင်ဆန်းစုကြည့်နေဖြင့် အဆိုပါ အဖြစ်အပျက်အပေါ် ထိခိုက် တုန်လှုပ်မိ ရကြောင်းနှင့် လုံခြုံရေး ပိုမိုချထားပေးရန် မျှော်လင့်ကြောင်း အိန္ဒိယ သတင်းစာများက ဆိုသည်။


ဗုဒ္ဓဂယာ ဗုံးပေါက်ကွဲမှုများနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးရရှိချက်များကိုလည်း မြန်မာနိုင်ငံနှင့် မျှဝေသွား မည်ဟု မစ္စတာ မာသိုင်း က ပြောဆိုခဲ့သည်။


“ရရှိလာတဲ့ စုံစမ်းစစ်ဆေးမှုတွေကို မြန်မာနိုင်ငံနဲ့ မျှဝေသွားမှာပါ။ ဗုဒ္ဓဂယာကို ငြိမ်းချမ်းပြီး ဘုရားဖူးရာ အရပ်အဖြစ် ဆက်လက် တည်နေစေပါမယ်”


ထို့ပြင် နှစ်နိုင်ငံ လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများလည်း တည်ဆောက်သွားမည်ဟု ဆိုသည်။


ဒဏ်ရာရ မြန်မာသံဃာတော်၏ ကျန်းမာရေးအခြေအနေမှာ စိုးရိမ်ရမယ့် အန္တရာယ် မရှိတော့ ဘဲ ကောင်းမွန်စွာ ပြုစုစောင့်ရှောက်ထားကြောင်း အိန္ဒိယ နိုင်ငံခြားရေး အတွင်းဝန်က ပြောဆို ခဲ့သည်။


ဗုဒ္ဓဘာသာဝင်များ အထွတ်အမြတ်ထားရာ အိန္ဒိယနိုင်ငံ၊ ဘီဟာပြည်နယ်ရှိ ဗုဒ္ဓဂယာတွင် တနင်္ဂနွေ နံနက်စောပိုင်းက နာရီဝက်အတွင်း ဗုံး ကိုးလုံး ဆက်တိုက်ပေါက်ကွဲခဲ့ရမှုနှင့် ပတ်သက်၍ အိန္ဒိယ၏ သံခင်း တမန်ခင်း ဆက်ဆံရေးတွင် အရှက်ရစရာတခု ဖြစ်လာခဲ့သည်။


အထူးသဖြင့် ဗုဒ္ဓဘာသာ အများစု နေထိုင်ရာ မြန်မာ၊ ထိုင်း၊ သီရိလင်္ကာ၊ တရုတ်၊ ဂျပန်၊ ဘူတန်နိုင်ငံ တို့နှင့် ဖြစ်သည်။ ထိုနိုင်ငံများအတွက် အိန္ဒိယမှာ ကမ္ဘာ့ဗုဒ္ဓဘာသာအသိုင်းအဝိုင်းအတွင်း ထူးခြားမှု ရှိနေသည်။


ထို့ကြောင့် နိုင်ငံတကာဆိုင်ရာ ဘာသာရေး အဆောက်အအုံများအား လုံခြုံရေး နှစ်ဆတိုးမြှင့် ချထား ဖို့ ဖြစ်လာခဲ့ပြီး အိမ်နီးချင်း နိုင်ငံများ၊ အထူးသဖြင့် မူဆလင်များနှင့် ဗုဒ္ဓဘာသာများအကြား ပဋိပက္ခ များ ဖြစ်ပွားနေသည့် နိုင်ငံများ လုံခြုံရေးပိုင်းတွင် အိန္ဒိယအနေနှင့် ပိုမိုစွမ်းသန်သည့် ကဏ္ဍမှ ပါဝင်ဖို့ လိုအပ်လာကြောင်း သတင်းစာများက ထောက်ပြကြသည်။


မဟာဗောဓိ ပရဝုဏ်အတွင်းတွင်ပင် ဗုံး လေးလုံး ပေါက်ကွဲခဲ့ရာ PhD ဘွဲ့ယူရန် ပညာသင် ရောက် ရှိနေသော မြန်မာသံဃာတပါးနှင့် တိဘက်လူမျိုးတဦး ထိခိုက်ဒဏ်ရာရရှိသွားခဲ့ပြီး ဂါယာဆေးရုံကြီးတွင်
တက်ရောက်ကုသမှုခံယူနေရသည်။


လုံခြုံရေး ကင်မရာများ၏ မှတ်တမ်းများအရ မသင်္ကာသူ နှစ်ဦးကို ပုံဖော်နိုင်ခဲ့ပြီး စုံစမ်းထောက်လှမ်းရာမှ တဦးကို တနင်္လာနေ့က ဖမ်းဆီးရမိပြီး စစ်ဆေးနေဆဲဖြစ်သည်။


မဇ္ဈိမသတင်းဌာန

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D