သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Tuesday, July 9, 2013

မွတ်စလင်အစွန်းရောက် သူပုန်များက ဖိလစ်ပိုင်စစ်တပ်အား တိုက်ခိုက်၊ စစ်သားငါးဦး သေဆုံး

ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်းတွင် ဂါရီလာမွတ်စလင်သူပုန် ၁၀၀ ကျော်က စစ်သားများအား တိုက်ခိုက် ခဲ့ သောကြောင့် စစ်သားငါးဦးသေဆုံးပြီး၊ အနည်းဆုံးသူပုန် ခုနစ်ဦးလည်း သေဆုံးခဲ့ကြောင်း ဇူလိုင် ၈ ရက် က အေအက်ဖ်ပီ သတင်းဌာနမှဖော်ပြထားသည်။

ယင်းအပြုအမူကြောင့် ဖိလစ်ပိုင်အစိုးနှင့် နိုင်ငံအတွင်း အကြီးဆုံးသူပုန် အုပ်စုဖြစ်သည့် မွတ်စလင် စစ်သွေး ကြွဂါရီလာတို့အကြား ငြိမ်းချမ်းရေး ဦးတည်ချက်ကို ထိခိုက်စေခဲ့သည်ဟု ဖိလစ်ပိုင်စစ်တပ်မှ သတင်း ထုတ်ပြန်ကြေညာခဲ့သည်။

အေက Datu Paing မြို့နှင့် မြောက်ဘက် Cotabato စီရင်စုအတွင်း ရှိ ကျေးရွာများတွင်လည်း ဘန်ဆာမို ရို “လွတ်လပ်သော အစ္စလာမ်မစ် တိုက်ခိုက်သူများ” ဟု အမည်ရသည့် သူပုန်အဖွဲ့နှင့် အစိုးရတပ်ဖွဲ့ဝင် များအကြား တိုက်ပွဲများဖြစ်ပွားခဲ့ပြီး၊ အစိုးရဘက်မှ သူပုန် များခိုအောင်းနေနိုင်သည့် တောင်တန်းများ ဘက်သို့ ဇူလိုင် ၇ ရက်က အမြောက်များဖြင့် ပစ်ခတ်ခဲ့သည်ဟု ဒေသဆိုင်ရာစစ်တပ်ပြောဆိုခွင့်ရ ပုဂ်္ဂိုလ် တစ်ဦးဖြစ်သည့် ဗိုလ်ကြီးအန်တိုနီဘယ်လိုကပြောသည်။

ယခုဖြစ်ပွားခဲ့သော တိုက်ပွဲများတွင် နိုင်ငံအတွင်း အကြီးမားဆုံး သူပုန်အုပ်စုဖြစ်သော ဂါရီလာသူပုန်အုပ် စုမှ လွန်ခဲ့သည့် နှစ်,နှစ်ခန့်က ခွဲထွက်သွားခဲ့သည့် အင်အား ၁၁,၀၀၀ ခန့်ရှိသော မိုရိုအစ္စလာမ်မစ် သူပုန် အဖွဲ့လည်း ပါဝင်ပတ်သက်ခဲ့သည်။ အဆိုပါ ခွဲထွက်သူပုန်အုပ် စု၏ ခေါင်းဆောင် Ameril Umbra Kato ကမူ အစိုးရနှင့်ဂါရီလာ သူပုန်များအကြား ငြိမ်းချမ်းရေးဆွေးနေမှုများကို ပယ်ချခဲ့ပြီး အ ဆိုပါ ငြိမ်းချမ်းရေး ဆွေးနွေးမှုများမှာ ယခုအချိန်တွင် ပြီးဆုံး သွားပြီဖြစ်ကြောင်းနှင့် ၄င်းတို့ အနေဖြင့် နိုင်ငံ ၏ တောင်ပိုင်းတွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ မွတ်စလင်လွတ်မြောက် နယ်မြေအဖြစ်ရရှိရန် ဆက်လက် တိုက်ပွဲဝင် သွားမည်ဟု ပြောကြားခဲ့သည်။

Datu Paing မြို့တိုက်ခိုက်မှုတွင် သူပုန်များဘက်မှ စစ်သားများ စီးနင်းလာသော ထရပ်ကားတစ်စီးအား အင်အားပြင်း ဗုံးတစ် လုံးနှင့် ဖောက်ခွဲခဲ့ခြင်းဖြစ်ပြီး ယင်းတိုက်ခိုက်မှုကြောင့် ဒုဗိုလ်တစ် ဦးနှင့် စစ်သားနှစ် ဦး သေဆုံးခဲ့ကာ ရင်ဆိုင်တိုက်ပွဲ များ ဖြစ် ပွားခဲ့သော်လည်း သူပုန်များ ဘက်မှ ပြန် လည်ဆုတ်ခွာသွားခဲ့ သည်ဟု စစ်တပ်မှတရားဝင် သတင်းထုတ်ပြန်ကြေညာခဲ့သည်။

မဇ္ဈိမ

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D