သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Tuesday, July 9, 2013

ပါးရွဲ့သွားလျှင်

Re-post By ACM 9-7-2013
ပါးတစ်ခြမ်းရွဲ့တာဟာ လေဖြတ် တာကြောင့်ဖြစ်လေ့မရှိပါဘူး။ ပါးရွဲ့ ခြင်းနှင့်
အတူ မျက်လုံးတစ်ဖက်မှိတ်မ ရခြင်း၊ ပါးဖောင်းကြည့်လျှင် နှစ်ဖက် စလုံး
မဖောင်းနိုင်ဘဲ တစ်ဖက်၌ပိန်နေ ခြင်း၊ လေချွန်မရခြင်း၊ နဖူးကြောတွန့် ကြည့်လျှင် တစ်ဖက်၌တွန့်မရခြင်း၊ လျှာအရသာ အာရုံမကောင်းတော့ခြင်း စသည်တို့ပါ ယှဉ်တွဲဖြစ်တတ်ပါတယ်။
ဦးခေါင်းနဗ်ကြောမကြီး (၁၂)စုံရှိသည့် အနက် အမှတ် (၇) နဗ်ကြောမကြီး
( facial nerve) ချွတ်ယွင်းခြင်းကြောင့် ပါးတစ်ခြမ်းရွဲ့ရခြင်းဖြစ်ပါတယ်။ အကြောင်းရင်း မည်မည်ရရ မပြော နိုင်သေးပေမယ့် အအေးပတ်ခြင်း၊
ရေယုန် ( herpes simplex) ဗိုင်းရပ်စ်ကြောင့်ဖြစ်နိုင်ပါတယ်။

(၁) မျက်စဉ်းခတ်ပါ
မှိတ်မရသည့်မျက်လုံးဟာ လေ သလပ်ခြင်းကြောင့် ခြောက်သွေ့ပြီး နီရဲလာတတ်ပါတယ်။ မျက်လုံး အစို ဓါတ်ထိန်းနိုင်အောင် မျက်စဉ်း ခတ် ပေးပါ။ဆေးအဖြစ်သုံးရတဲ့ မျက်စဉ်း ဆေးမဟုတ်ဘဲ မျက်ကပ်မှန်သုံးသူ များအတွက် မျက်စဉ်းရည်ကို ဦးစား ပေးဝယ်ယူအသုံးပြုပါ။
(၂) ဗိုက်တာမင်ဖြည့်တင်းပါ
ဗိုက်တာမင် B1 ၊ B2 ၊ B6 ၊ B12 အစုံပါတဲ့ နဗ်ကြောအားဆေးများ ထိုးဆေးဖြစ်စေ၊ စားဆေးဖြစ်စေ မှီဝဲပါ။
(၃) နွားနို့ခေတ္တရှောင်ပါ
(၄) ပန်ကာဖွင့်ခြင်း၊
အဲကွန်းဖွင့်ခြင်း လေတိုက်သည့်ပတ်ဝန်းကျင်၌ နေထိုင် ခြင်းရှောင်ပါ။
(၅) မျက်နှာကြွက်သားများ လေ့ကျင့် ခန်းလုပ်ပါ
ပါးစပ်ဟပြီးရယ်ပါ။ မျက်ခုံးပင့် ပါ။ လေချွန်ပါ။ မျက်လုံးကိုအားနှင့် မှိတ်ပါ။
(၆) ရေနွေးကပ်ပါ
အပူချိန်သိပ်မပြင်းတဲ့ ရေနွေး အိတ်ကို အားနည်းတဲ့ဘက် (ပါးမရွဲ့ ဘဲကျန်ခဲ့တဲ့ဘက်) မှာ (၃) မိနစ်ကပ် (၃) မိနစ်နားပြီး ထပ်ကာထပ်ကာ ကပ်ပေးပါ။
(၇) ရေများများသောက်ပါ
(၈) ဆရာဝန်နှင့်တိုင်ပင်ပါ
ပါးရွဲ့တဲ့အခါ သောက်ရတတ် တဲ့ဆေးကတော့ Prednisolone ဆေး
ဖြစ်ပါတယ်။ မိမိနှင့်လိုက်ဖက်တဲ့ ဆေးပမာဏကို ဆရာဝန်ကပဲ ချိန်ဆ
ပေးနိုင်တဲ့အတွက် ဆရာဝန်နှင့် တိုင်ပင်ပါ။
သီဟ
Source:WebMD
Health Updates Journal
အေးချမ်းမွန် Copy & Credit To >Health Updates Journal < Thank
Re-post By ACM 9-7-2013

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D