သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Tuesday, July 9, 2013

အကယ်ဒမီ ချစ်စနိုးဦး ရဲ့ ငယ်ဘဝအိပ်မက်

==========================
ပရိသတ်များက ချစ်စနိုးဦးရဲ့ ဇာတ်ကားကို မျှော်လင့်ပေမယ့် သီချင်း အဆိုများတဲ့ အကယ်ဒမီ ချစ်စနိုးဦးက "အနု ပညာအလုပ်က စနိုးဘဝ အတွက် ၁ဝဝ ရာခိုင်နှုန်းကို သက် ဆိုင်နေတာ။ ဒီအနုပညာနဲ့ပဲ အသက်ရှင်တယ်။ စနိုး ဒီလိုသရုပ်ဆောင်မင်းသမီးတစ်ယောက်
မဖြစ်ခင် ငယ်ဘဝအိပ်မက်ဆို အင်ဂျင်နီယာ တအားဖြစ်ချင်တယ်။ အင်ဂျင်နီယာပဲ လုပ်မယ်လို့ ဆုံးဖြတ်ချက်ချခဲ့ပေမယ့် ၉ တန်း၊ ၁ဝတန်း ပြီးသွားတဲ့အချိန်မှာ ကိုယ်ရည်မှန်းထားတာနဲ့ လုံးဝဆန့်ကျင်ဘက်ဖြစ် သွားတဲ့ မင်းသမီးကိုဖြစ်သွား တယ်။ ဒါလည်း ပါရမီရှိလို့ ဖြစ်နိုင်တာပါ။

မင်းသမီးစဖြစ်တာက ကျောင်း ကပွဲမှာ စနိုးကိုတွေ့တော့ ဗီစီဒီရိုက်ဖို့ ကမ်းလှမ်းလာကြတယ်။ စနိုးရဲ့ ကေ...ျး ဇူးရှင်တွေက အများကြီးပေါ့။ စနိုးရဲ့ပင်ကိုက ပါရမီပါလာလို့ မင်းသမီးဖြစ် ခွင့်ရတယ်ယုံကြည်တယ်" လို့ ပြောပြခဲ့ပါတယ်။ မော်ဒယ်သင်တန်း အတွေ့ အကြုံမရှိပေမယ့် ရှိုးလျှောက်ဖြစ်တဲ့ သူမရဲ့အကြောင်းကိုလည်း မေးကြည့် တော့ "စနိုးက မော်ဒယ်သင်တန်းတို့၊ ဘာတို့ မတက်ခဲ့၊ အတွေ့အကြုံမရှိ ခဲ့ပေမယ့် သရုပ်ဆောင်သင်တန်းတော့ တက်ဖူးတယ်။ အခု ရှိုးတွေ လျှောက် ဖြစ်တာကလည်း ကိုယ်က အနုပညာသမားဆိုတော့ ကိုယ့်ကို ယုံကြည်လို့လာ အပ်တာကို လုပ်ပေးတာပါ။ ပြီးတော့ အခုခေတ်က မော်ဒယ်သင်တန်းတွေဆို တအားကို များလာတာတွေ့ရ တယ်။ ဒီခေတ်လူငယ်တွေအတွက် အခွင့် အရေးပိုရတာပေါ့။ စနိုးတို့ခေတ်တုန်းကဆိုရင် ပရိသတ်တွေကအစ အား ပေးမှုကွာတယ်။ အချိန်တွေအများကြီး ယူပြီးလုပ်ခဲ့ရတယ်။ အဲဒီတုန်းက ပရိသတ်အားပေး တာ လျှမ်းလျှမ်း တောက်ဆိုရင် မထက်တို့၊ ကိုသား ကြီးတို့၊ မအူဝဲတို့ပေါ့။ သူတို့ကို အားကျပြီး ကြိုးစားခဲ့ရတာလေ။ အခုခေတ်က ကိုယ်တို့လောက် အချိန်မပေးရပါဘူး။ အသစ်ဆိုပေ မယ့် လုပ်တတ်ကိုင်တတ် ရင် ချက်ချင်းနေရာပေးတယ်လေ" လို့ ပြောပြပါတယ်။
ပရိသတ်တွေ ကိုယ့်ကို အသိအမှတ်ပြုဖို့ ကြိုးစားခဲ့ပြီး အချိန်တွေ လည်း အများကြီးပေးဆပ်ပြီးပြီ။အခုဆိုရင်အကယ်ဒမီဆုရှင် ချစ်စနိုး ဦးဖြစ်လာပြီဆိုတော့အနုပညာမှတ်တိုင်ကို မေးကြည့် တော့ "စလုပ်တဲ့ အချိန်မှာ ဗီစီဒီရိုက် တယ်၊ ပြက္ခဒိန် ရိုက်တယ်။ ဒါတွေနဲ့ ပရိသတ်တွေ ကိုယ့်ကို မျက်မှန်း တန်းမိဖို့တော်တော်ကြိုးစားခဲ့ရ တယ်။ ကြိုးစားခဲ့လို့ လည်း အခုစနိုး တို့ အခုအချိန်မှာ၊ အခုလိုနေရာမှာ ရပ်နေနိုင်တာပါ။ အလုပ်တစ်ခုကလွယ်လွယ်နဲ့ အောင်မြင်ရင် ဘယ်သူမှ တန်ဖိုးမထားဘူး။ အခုရောက်နေတဲ့ နေရာကို တန်ဖိုးထား တယ်၊မြတ်နိုး တယ်" လို့ ပြော ပါတယ်။
ထူးထူး

Popular Journal

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D