သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Tuesday, July 9, 2013

မှားတတ်တဲ့ အယူအဆများ

Tuesday, July 9, 2013
(၁) အလင်းရောင်နည်းနည်းနှင့် စာဖတ်လျှင် မျက်စိမှုန်တတ်သလား
အလင်းရောင်မလုံလောက်တဲ့ နေရာမှာစာဖတ်တဲ့အခါမျက်စိဝန် ထုပ်ဝန်
ပိုးဖြစ်စေပါတယ်။ ဒါပေမယ့် အများစုတွေးထင်နေကြတဲ့ မျက်စိ ပျက်ခြင်း၊ မျက်စိမှုန်ခြင်းမဖြစ်နိုင်ပါ ဘူး။မျက်စိကိုခဏတာ ဒဏ်ဖြစ်စေ ခြင်းမှအပ မျက်လုံးရဲ့လုပ်ငန်း၊ မျက်လုံးဖွဲ့စည်းပုံများမှာ ထိခိုက်ပျက်စီးမှု ဖြစ်ပေါ်ခြင်း
မရှိပါဘူး။ Sjogren's syndrome လို့ခေါ်တဲ့ရောဂါမှာ မျက်စိအားစိုက်
... စာဖတ်လျှင်မျက်စိ မှုန်လာတတ်ပေမယ့် ခဏနားလိုက် တာနှင့် ပြန်သက်
သာလာပါတယ်။

(၂) အေးပြီးစိုစွတ်နေတဲ့နေရာမှာအအေးမိလွယ်သလား
အအေးမိပြီး နှာစေးချောင်းဆိုး ခြင်း၊ ဖျားနာခြင်းဖြစ်တာဟာ Rhino virus လို့ခေါ်တဲ့ဗိုင်းရပ်စ်ကူးစက်ခံရတာကြောင့်ဖြစ်ပါတယ်။ ရာသီဥတု အေးလို့ အအေးမိဖျားနာတာမဟုတ် ပါဘူး။ ဗိုင်းရပ်စ်ကူးစက်ခြင်းကြောင့်ဖြစ်ပါတယ်။ မကြာခဏလက်ဆေး ပါ။အိပ်ရေးဝအောင်အိပ်ပါ။ အအေး မိတုပ်ကွေး
ဖျားဟာ ဗိုင်းရပ်စ်ကြောင့် ဖြစ်တဲ့အတွက် ပဋိဇီဝ (antibiotics) ဆေး
များသောက်လျှင် မပျောက်ပါ။ နှာစေးပျောက်ဆေး၊ ချောင်းဆိုး ပျောက်ဆေး၊ အဖျားကျဆေးများ သောက်ထားပြီး ရက်အနည်းငယ် အနားယူတာနှင့်
ပြန်ကောင်းလာမှာ ဖြစ်ပါတယ်။
(၃) ခေါင်းလျှော်ချိန်မဟုတ်ဘဲ ခေါင်း လောင်းရေချိုးလျှင် အပူရှပ်တတ်
သလား
အပူရှပ်ခြင်း ( heat stroke) ဆိုတာ ခန္ဓာကိုယ်အပူချိန်အလွန် မြင့်တက်ပြီး အပူစွန့်ထုတ်တဲ့လုပ် ငန်းတွေအလုပ်မလုပ်တော့လို့ဖြစ်ပါတယ်။ နေပူ
ထဲကပြန်လာပြီး ရေချိုး ခြင်း၊ ခေါင်းရေလောင်းခြင်းရှောင်ပါ။ အပူဒဏ်
ကြောင့်ဦးနှောက်သွေး ကြောတွေကျယ်ပြီး သွေးဖိအားတက် နေတဲ့အချိန်မှာ ရုတ်တရက်ရေအေး အေးနှင့်ထိတွေ့လျှင် သွေးကြောကျုံ့ ပြီး ပေါက်ထွက်
တတ်ပါတယ်။ ၄င်း ပြဿနာတစ်ခုကလွဲလို့ အေးအေး လူလူရှိတဲ့အချိန်
ခေါင်းရေလောင်း ချိုးလျှင် အပူရှပ်တာတွေ၊ အပူကန် တာတွေ မဖြစ်နိုင်
ပါဘူး။
သီဟ


Myanmar International News

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D