သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Sunday, July 7, 2013

ကျိုင်းတုံတွင် ဓားဖြင့်မသေမချင်း ခုတ်သတ်သော လူသတ်မှုဖြစ်

 ရွှေတြိဂံဒေသ ကျိုင်းတုံမြို့နယ် ဟိုနောင်ဆင် ကျေးရွာ တွင် ဇူလိုင်လ ၄ ရက်နေ့ နံနက် ၁၁ နာရီအချိန်က ဓားဖြင့် မသေမချင်း ခုတ်သတ်သော လူသတ်မှု တစ်ခု ဖြစ်ပွား ခဲ့ကြောင်း ကျိုင်းတုံမြို့နယ် ရဲစခန်းမှူး ဒုရဲမှူးရဲကြည်က The Voice သို့ ပြောကြားသည်။
ကျိုင်းတုံမြို့နယ် ဟိုနောင်ဆင်ကျေးရွာတွင် နေထိုင်သော ဦးတူးတယ်ကို နေအိမ်၌ လာရောက်တည်းခိုသူ ဦးအိုက်အွန်က အရှည် ၂၁ လက်မခန့်ရှိ ဓားဖြင့်မသေမချင်း ခုတ်သတ်ခြင်း ဖြစ်ကြောင်း ယင်းမြို့ ရဲစခန်းမှတ်တမ်းများ အရ သိရသည်။

"အိုက်အွန်က အရင်တစ်ခေါက်ပဲ သူ့အမျိုးတွေနဲ့ အိမ် အလည်လာဖူးတာ၊ အခုသေတဲ့သူက ခါးနာလို့ ဘေးအိမ်က အဘွားကို လာနှိပ်ခိုင်းတာ။ အဘွားနဲ့ မတွေ့လို့ ကျွန်တော်တို့နဲ့ စကားထိုင်ပြောနေရင်း သူကမပြောမဆိုနဲ့ ဓားနဲ့ဝင်ခုတ်တာ၊ ကျွန်တော်တို့လည်း ကြောက်လို့ ထွက်ပြေးရတယ်" ဟု မျက်မြင် တွေ့ရှိသူ ဦးအားဖြိုက The Voice သို့ ပြောကြားသည်။
သေဆုံးသူ ဦးတူးတယ်သည် ညာဘက်မျက်လုံး၊ ဘယ်ဘက်နားထင်၊ နဖူးနှင့် ဦးခေါင်းနောက်စေ့တို့ကို ဓားဖြင့် ခုတ်ခံရခြင်းကြောင့် ယင်းနေအိမ်တွင်ပင် ပွဲချင်းပြီးသေဆုံး သွားခြင်းဖြစ်ကြောင်း ကျိုင်းတုံမြို့နယ် မှုခင်းဆရာဝန်၏ ဆေးစစ်ချက်အရ သိရသည်။ "ဦးလေးကို ဓားနဲ့ခုတ်သတ်တာ သိလို့ ရွာကလူတွေ ဝိုင်းဖမ်းတော့ပါလာတဲ့ ဓားနဲ့ ပြန်ရန်မူလို့ ရဲစခန်းကိုဖုန်းဆက် အကူအညီ တောင်းရတယ်" ဟု ယင်းတရားခံကို ဖမ်းဆီးရာတွင် ပါဝင်သူ သေဆုံးသူ၏ တူမတော်စပ်သူ မအားမီက The Voice သို့ ပြောဆိုသည်။

ယင်းသို့ ဓားဖြင့် ခုတ်သတ်သည့် အကြောင်းအရင်းနှင့် ယင်းသို့ဖြစ်ပွားစဉ် ဦးအိုက်အွန်၏ စိတ်အခြေအနေတို့ မည်သို့ ရှိသည်ကို မသိရှိရသေးပေ။ ပြစ်မှုကျူးလွန်သူကို ဆယ်မိနစ်အတွင်း ဖမ်းဆီးရ မိခဲ့ပြီး(ပ) ၈၅/၂၀၁၃ ပြစ်မှုဆိုင်ရာ ပုဒ်မ ၃၀၂၊ အမှုကြီးအမှတ်စဉ် ၅/၂၀၁၃ ဖြင့် စစ်ဆေးအရေးယူလျက် ရှိကြောင်း ယင်းမြို့ ရဲစခန်းထံမှ စုံစမ်းသိရှိရသည်။
ရွှေတြိဂံဒေသ ကျိုင်းတုံမြို့နယ် ဟိုနောင်ဆင် ကျေးရွာ တွင် ဇူလိုင်လ ၄ ရက်နေ့ နံနက် ၁၁ နာရီအချိန်က ဓားဖြင့် မသေမချင်း ခုတ်သတ်သော လူသတ်မှု တစ်ခု ဖြစ်ပွား ခဲ့ကြောင်း ကျိုင်းတုံမြို့နယ် ရဲစခန်းမှူး ဒုရဲမှူးရဲကြည်က The Voice သို့ ပြောကြားသည်။ ကျိုင်းတုံမြို့နယ် ဟိုနောင်ဆင်ကျေးရွာတွင် နေထိုင်သော ဦးတူးတယ်ကို နေအိမ်၌ လာရောက်တည်းခိုသူ ဦးအိုက်အွန်က အရှည် ၂၁ လက်မခန့်ရှိ ဓားဖြင့်မသေမချင်း ခုတ်သတ်ခြင်း ဖြစ်ကြောင်း ယင်းမြို့ ရဲစခန်းမှတ်တမ်းများ အရ သိရသည်။

"အိုက်အွန်က အရင်တစ်ခေါက်ပဲ သူ့အမျိုးတွေနဲ့ အိမ် အလည်လာဖူးတာ၊ အခုသေတဲ့သူက ခါးနာလို့ ဘေးအိမ်က အဘွားကို လာနှိပ်ခိုင်းတာ။ အဘွားနဲ့ မတွေ့လို့ ကျွန်တော်တို့နဲ့ စကားထိုင်ပြောနေရင်း သူကမပြောမဆိုနဲ့ ဓားနဲ့ဝင်ခုတ်တာ၊ ကျွန်တော်တို့လည်း ကြောက်လို့ ထွက်ပြေးရတယ်" ဟု မျက်မြင် တွေ့ရှိသူ ဦးအားဖြိုက The Voice သို့ ပြောကြားသည်။
သေဆုံးသူ ဦးတူးတယ်သည် ညာဘက်မျက်လုံး၊ ဘယ်ဘက်နားထင်၊ နဖူးနှင့် ဦးခေါင်းနောက်စေ့တို့ကို ဓားဖြင့် ခုတ်ခံရခြင်းကြောင့် ယင်းနေအိမ်တွင်ပင် ပွဲချင်းပြီးသေဆုံး သွားခြင်းဖြစ်ကြောင်း ကျိုင်းတုံမြို့နယ် မှုခင်းဆရာဝန်၏ ဆေးစစ်ချက်အရ သိရသည်။ "ဦးလေးကို ဓားနဲ့ခုတ်သတ်တာ သိလို့ ရွာကလူတွေ ဝိုင်းဖမ်းတော့ပါလာတဲ့ ဓားနဲ့ ပြန်ရန်မူလို့ ရဲစခန်းကိုဖုန်းဆက် အကူအညီ တောင်းရတယ်" ဟု ယင်းတရားခံကို ဖမ်းဆီးရာတွင် ပါဝင်သူ သေဆုံးသူ၏ တူမတော်စပ်သူ မအားမီက The Voice သို့ ပြောဆိုသည်။

ယင်းသို့ ဓားဖြင့် ခုတ်သတ်သည့် အကြောင်းအရင်းနှင့် ယင်းသို့ဖြစ်ပွားစဉ် ဦးအိုက်အွန်၏ စိတ်အခြေအနေတို့ မည်သို့ ရှိသည်ကို မသိရှိရသေးပေ။ ပြစ်မှုကျူးလွန်သူကို ဆယ်မိနစ်အတွင်း ဖမ်းဆီးရ မိခဲ့ပြီး(ပ) ၈၅/၂၀၁၃ ပြစ်မှုဆိုင်ရာ ပုဒ်မ ၃၀၂၊ အမှုကြီးအမှတ်စဉ် ၅/၂၀၁၃ ဖြင့် စစ်ဆေးအရေးယူလျက် ရှိကြောင်း ယင်းမြို့ ရဲစခန်းထံမှ စုံစမ်းသိရှိရသည်။

 From:The Voice

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D