ကချင်ပြည်နယ်ရှိကျောက်စိမ်းလုပ်ကွက်အချို့တွင်ယခင်ကထက်ကျောက်စိမ်းထွက်ရှိမှုနည်းပါးလာကြောင်း
ကျောက်စိမ်းလုပ်ငန်းရှင်များထံမှသိရသည်။တိုက်ပွဲကာလမှာနားထားပေမယ့်တရားမ၀င်တူးဖော်နေတာတွေအများကြီးပဲဟုမြစ်ကြီးနားမှကျောက်စိမ်းကျောက်မျက်လုပ်ငန်းရှင်ဦးကျော်ကျော်စိုးကပြောသည်။မြန်မာ့တပ်မတော်နှင့်ကချင်လွတ်မြောက်ရေးတပ်မတော်တို့ကြားတစ်နှစ်ကျော်ဖြစ်ပွားနေသောတိုက်ပွဲများကြောင့်ယင်းဒေသရှိကျောက်စိမ်းလုပ်ကွက်အများစုရပ်နားထားရသည်။ထို့ကြောင့်ကျောက်စိမ်းကျောက်မျက်လုပ်ကွက်အများစုကိုသတ္တုတွင်းဝန်ကြီးဌာနကယာယီဆိုင်းငံ့ထားခဲ့ပြီးပြန်လည်လုပ်ကိုင်ခွင့်ပေးမည့်ရက်ကိုလုပ်ငန်းရှင်များနှင့်ညှိနှိုင်းဆောင်ရွက်နေကြောင်းသတ္တုတွင်းဝန်ကြီးဌာနညွှန်ကြားရေးမှူးချုပ်ဦးဝင်းထိန်ကပြောသည်။
တိုက်ပွဲကြောင့်ရပ်နားနေစဉ်အတွင်းလုပ်ကွက်အများစုမှာရပ်နားထားရသော်လည်းတရားမ၀င်တူးဖော်မှုများရှိနေပြီးနေ့စဉ်နယ်စပ်လမ်းကြောင်းများမှတစ်ဆင့်တရုတ်နိုင်ငံသို့ကျောက်စိမ်းအရိုင်းတုံးများတင်ပို့မှုများကြောင့်ဈေးကွက်တွင်ရှားပါးနေပြီဖြစ်သည်။
ရပ်နားထားရသည့်ကာလအတွင်းကုန်သည်အများစုကသိုလှောင်
ထားသောကျောက်စိမ်းကျောက်မျက်အများစုကိုတရုတ်ကုန်သည်အချို့ကဈေးကောင်းပေးဝယ်ယူလာမှုတို့ကြောင့်သိုလှောင်ထားသူများ၏လက်ထဲတွင်ကုန်သလောက်နီးပါးရှိနေပြီဖြစ်ကြောင်းကျောက်စိမ်းကုန်သည်များကပြောသည်။
“လုပ်ကွက်တွေဘက်က
ထွက်တာမရှိသေးတဲ့အချိန်မှာ တခြားနေ
ရာတွေကနေ တူးကြတယ်။ အဲဒီဘက်မှာလဲ အကန့်အသတ်မထားဘဲ အလွန်အကျွံတွေတူးကြတော့
ကုန်ပြီပေါ့။ တချို့ဆို
ကျောက်စိမ်းတူးရာကနေရွှေကျင်တဲ့လိုင်းဘက်ကိုတောင်ပြောင်းကုန်ကြပြီဟုဖားကန့်ဒေသခံတစ်ဦးကဆိုသည်။
ထို့ပြင် တရုတ်နိုင်ငံကလည်း ကျောက်စိမ်းကို မြန်မာနိုင်ငံမှ အဓိက၀ယ်
ယူနေသဖြင့် ကချင်ပြည်နယ်တွင် ကျောက်စိမ်းအထွက်နှုန်းလျော့ကျ
လာခြင်းက တရုတ်ပြည်အတွက် စိုးရိမ်စရာတစ်ခုဖြစ်လာခဲ့သည်။
မြန်မာနိုင်ငံတွင် ကျောက်စိမ်းကျောက်မျက်နှင့်ပတ်သက်ပြီး အချောထည်
ထုတ်လုပ်နိုင်မှု နည်းပါးခြင်းက တစ်ဖက်နိုင်ငံသားများအတွက် အခွင့်ကောင်း
တစ်ခုဖြစ်ပြီး အကြမ်းထည်များကို အလုံးအရင်းဖြင့်
ဝင်ရောက်ဝယ်ယူနေခြင်းကလည်းဈေးနှုန်းမြင့်တက်လာခြင်းဖြစ်နိုင်သည်ဟုမြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းအတွင်းရေးမှူး(၃)
ကပြောသည်။ယင်းကဲ့သို့ဒေသ၏ကျောက်စိမ်းအဓိကထွက်ရှိရာ
နယ်မြေများတွင် အထွက်နှုန်းလျော့ကျလာခြင်းများကြောင့် ပြည်တွင်းရှိ လက်ဝတ်
ရတနာဈေးကွက်သို့ပင် ရိုက်ခတ်မှုအချို့ ရှိနေပြီဖြစ်ကြောင်း သတင်းရ
ရှိသည်။
ဓာတ်ပုံ- ကျော်ဇေယျ
7Day News Journal
No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...