သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Friday, September 20, 2013

သက်တမ်းလွန် ငွေဖြည့်ကတ်များ တစ်လအတွင်း ပြန်လဲပေးမည်

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ဖြန့်ဖြူးရောင်းချနေသော မိုဘိုင်းလ်ဖုန်း ကြိုတင် ငွေဖြည့်ကတ်များမှာ သတ်မှတ်ကာလထက် ကျော်လွန်နေသော်လည်း ရောင်းချသုံးစွဲရခြင်း မရှိသေးသော သက်တမ်းလွန် ကတ်များကို သက်ဆိုင်ရာ ကိုယ်စားလှယ်များမှ တစ်ဆင့် တစ်လအတွင်း ပြန်လည် လဲလှယ်ပေး မည် ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း မိုဘိုင်းလ်ဌာနမှ တာဝန်ရှိသူတစ်ဦး က ပြောကြားသည်။ သက်ဆိုင် ရာ တရားဝင် ကိုယ်စားလှယ်များက အကြောင်းအမျိုး မျိုးကြောင့် မရောင်းချလိုက်ရသော သက်တမ်းလွန် ငွေဖြည့်ကတ်များ ကို မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက သက်တမ်းတိုးပေးနိုင်ခြင်း မရှိသော်လည်း ကတ်အသစ်ဖြင့် အစားထိုးပေးနိုင်မည် ဖြစ်ကြောင်း ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများ စွမ်းဆောင် ရည် အကဲဖြတ်အဖွဲ့က ကြေညာထားသည်။ “လဲလှယ်ပေးတာကတော့ GSM, CDMA, WCDMA အကုန်လုံးပဲ။ တရားဝင် ကိုယ်စားလှယ်တွေက Customer တွေဆီက သက်တမ်း လွန် ငွေဖြည့်ကတ်တွေကို စုထားပြီး လာပို့ပေးရတယ်။ 

အဲဒီကတ်တွေကို MPT မှာ သုံးပြီး မသုံးပြီး လာစစ်ပြီးတော့မှ လဲပေးတာ” ဟု အဆိုပါ မိုဘိုင်းလ်ဌာနမှ အရာရှိတစ်ဦးက ဆိုသည်။ သက်တမ်းလွန် ငွေဖြည့်ကတ်များကို သက်တမ်းကုန်သည့် နေ့ရက်မှ တစ်လ အတွင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏  တရားဝင် ကိုယ်စားလှယ်က အခကြေးငွေ မယူဘဲ  ငွေဖြည့် ကတ် အသစ်ဖြင့် အစားထိုး ပြန်လည် ထုတ်ပေးနေကြောင်း၊ ကိုယ်စားလှယ်ဆိုင်များ လက်ခံ ထားသော သက်တမ်းလွန် ငွေဖြည့်ကတ်များကို နောက်ထပ် တစ်လအတွင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း သို့ အပ်ရ မည် ဖြစ်ကြောင်း ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများ စွမ်းဆောင်ရည် အကဲဖြတ် အဖွဲ့က ကြေညာ ထားသည်။ “ငွေဖြည့်ကတ် သက်တမ်းလွန် သွားတာမျိုးတော့ ဆိုင်မှာတော့ သိပ်မကြုံ ဘူး။ အနည်းအကျဉ်းပါ။ ပြန်လဲရင် အလုပ်ရှုပ်လို့ တစ်ခုနှစ်ခုလောက်ဆို မလဲဖြစ်ဘူး” ဟု ရန်ကုန်မြို့ရှိ Star Mobile ဆိုင်မှ တာဝန်ရှိသူ ဦးဇော်မင်းက ဆိုသည်။

 မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက မိုဘိုင်းလ်ဖုန်း ငွေဖြည့်ကတ်များအတွက် လိုအပ်သော အချက်အ လက်များကို မှတ်တမ်းပြုလုပ်၍ ဖြန့်ဖြူးရောင်းချမည့် သက်ဆိုင်ရာ ကုမ္ပဏီထံသို့ လွှဲပြောင်းပေး ရာတွင် ငွေဖြည့်ကတ်သက်တမ်း (Expiry Date) ကို မှတ်တမ်းစတင်ပြုလုပ်သည့် ရက်မှစတင် ၍ ခြောက်လ သတ်မှတ်ထားကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ထုတ်ပြန်ထားသည်ဟု ၂၀၁၃ ခုနှစ် စက်တင်ဘာ ၁၉ ရက်နေ့ထုတ် The Voice သတင်းစာတွင် ဖော်ပြထားပါသည်။ 


From:ခေတ်လူငယ်

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D