သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Tuesday, September 17, 2013

ဘ၀၏အနှစ်သာရသုံးပါး

͋ ͋ ͋ ͋ ͋ ͋ ͋ ͋ ͋ ͋ ͋ ͋ ͋ ͋ ͋ ͋ ͋ ͋ ͋ ͋ ͋ ͋ ͋ ͋ ͋ ͋ ͋ ͋ ͋ ͋ ͋
“စည်းစိမ်ဥစ္စာ အနှစ်ရှာပြုပါ ဒါနမှတ်
မိမိခန္ဓာ အနှစ်ရှာ၊ စောင့်ပါသီလမှတ်
အသက်ဇီဝါ၊ အနှစ်ရှာ၊ ဘာဝနာဟုမှတ်...
လှူပါ၊ စောင့်ပါ၊ ပွားများပါ၊ သုံးဖြာအနှစ်မှတ် ”

ဟူသော လင်္ကာလေးအတိုင်း မှတ်သားရပါမည်။ ထိုသုံးပါးတို့တွင် စည်းစိမ်၏
အနှစ်သာရကား ဒါနပြုခြင်းဖြစ်သည်။ တချို့က ဒါနကို သံသရာရှည်စေတတ်
သောတရားဟု ပြောတတ်ကြ၏။ ဒါနကား သံသရာမရှည်၊ ဘ၀ကို တပ်မက်
သော တဏှာသည်သာလျှင် သံသရာကိုရှည်စေတတ်ပါ၏။ ဒါနသည် လောဘ
တဏှာကို ပါးသထက် ပါးစေသော အစွမ်းသတ္တိရှိ၏။ ငွေတစ်ထောင်ကို ပေးလှူ
လိုက်သော အလှူရှင်သည် ထိုငွေတစ်ထောင်အပေါ် တွယ်တာတပ်မက်သော
လောဘတဏှာကို ပယ်သတ်နိုင်သောကြောင့်ဖြစ်၏

လူတစ်ဖက်ခန့်ရှိသော သစ်ပင်ကြီးတစ်ပင်ကိုဖြတ်ကြရာ၌ အဆင့်မြင့်သော စက်
လွှနှင့်ဖြတ်လျှင် မြန်မြန်ပြတ်၏။ စက်လွှမပြောနှင့် ငမန်းစွယ်လွှတောင် မ၀ယ်နိုင်
သော တောသူတောင်သားများကား ရဲဒင်းဖြင့်သာလျှင် ဖြည်းဖြည်းချင်းဖြတ်ကြရ
၏။ စက်လွှသမားရော၊ ရဲဒင်းသမားရော သစ်ပင်ကိုပြတ်အောင် ဖြတ်ကြတာ
ချင်း အတူတူပင်ဖြစ်သည်။ လက်နက်၏ စွမ်းရည်အလိုက် အနှေးနှင့်အမြန်ကား
ကွာခြားပေလိမ့်မည်။ ထို့အတူ တဏှာလောဘခေါ် သမုဒယသစ္စာကို ပယ်သတ်
ကြရာ၌ ရဲဒင်းနှင့်တူသောဒါနဖြင့် ပယ်သတ်သူလည်းရှိသည်။

စက်လွှနှင့်တူသော မဂ်တရားဖြင့်ပယ်သတ်သူလည်း ရှိသည်။ ဒါနဖြင့်လောဘ
ကို ပယ်သတ်နေသူကို မဂ်တရားဖြင့် မပယ်သတ်ရကောင်းလားဟု အပြစ်တင်
ဖွယ်မလိုပေ။ အပြစ်ရှိသူကိုသာလျှင် အပြစ်တင်ရသည်။ ကဲ့ရဲ့ရသည်။ ပြစ်တင်
ကဲ့ရဲ့လျှင်ပင် ဒီပုဂ္ဂိုလ်ရဲ့သန္တာန်မှာရှိတဲ့ မစ္ဆရိယတရားဟာ အင်မတန်စက်ဆုပ်ဖို့
ကောင်းတယ် စသောအားဖြင့် ဓမ္မဓိဋ္ဌာန်ဖြင့် ကဲ့ရဲ့ရှုတ်ချရသည်။ ဒီပုဂ္ဂိုလ်ဟာ နှ
မြောတယ် စသောအားဖြင့် ပုဂ္ဂလဓိဋ္ဌာန် မပြောကောင်းပေ။ ချီးမွမ်းစရာဆိုလျှင်
လည်း ထို့အတူသာလျှင် ပြောဆိုချီးမွမ်းရမည်။

ပြစ်တင်ကဲ့ရဲ့စရာမဟုတ်ဘဲ ပြစ်တင်ကဲ့ရဲ့ခဲ့လျှင် ပရ၀မ္ဘနသဘောပါသွားပေပြီ။ ပရ၀မ္ဘန သဘောဖြင့်ပြောဆိုမိလျှင် မိမိကိုယ်ကိုချီးမြှောက်သော အတ္တုက္ကံသန
သဘောသို့ ချဉ်းကပ်ပြီးဖြစ်နေတတ်သည်။ ထို့ကြောင့် ပညာရသူတော်ကောင်း
မှန်သမျှ တရားဟောရာအခါ၊ စာရေးရာအခါတို့၌ အတ္တုက္ကံသန၊ ပရ၀မ္ဘနသံသရာ
ရှည်သည်ဟု ပြောခဲ့သူများကိုရည်စူး၍ လယ်တီဆရာတော်ကြီးက -

အချို့သောသူတို့ကား ဒါနကုသိုလ်သည် မဂ်ဖိုလ်သို့မဆောင်နိုင် သံသရာရှည်
ဖို့ဖြစ်၏။ အကြောင်းမူကား ဒါနမည်သည် စေတနာတရားပေတည်း။ ထိုစေတနာ
တရားသည် မဂ္ဂင်ရှစ်ပါးတို့တွင် တစ်စုံတစ်ရာသောမဂ္ဂင်၌ မပါဝင်(မဂ်မျိုးဖိုလ်မျိုး)
မဟုတ်ဟုဆိုကြ၏။ မိုက်လေစွ၊ မှားလေစွ။ အဘယ့်ကြောင့်ဆိုသော် ထိုဒါနစေတ
နာမှာ နိဗ္ဗိဒါဉာဏ်သည် ဦးစီးလျက်ရှိ၏။ ထိုဉာဏ်သည် မဂ္ဂင်ရှစ်ပါးတွင် သမ္မာဒိဋ္ဌိ
ဟူသော ဦးတည်မဂ္ဂင်ကြီးမျိုးဖြစ်၏။

ထိုစေတနာနှင့်ယှဉ်သော သင်္ကပ္ပတရား၊ ၀ီရိယတရား၊ သတိတရား၊ သမာဓိတရား
များသည် မဂ္ဂင်ရှစ်ပါးတွင် သမ္မာဝါယမ၊ သမ္မာသင်္ကပ္ပ၊ သမ္မာသတိ၊ သမ္မာသမာဓိ
ဟူသော မဂ္ဂင်တရားမျိုးဖြစ်၏ ဟူ၍ရေးသားသတိပေးတော်မူခဲ့ပါသည်။ ဤနေရာ
၌ အလှူရှင်တိုင်း အရေးတကြီးသိသင့်သော ကြောင်ပန်းဆရာတော်ကြီး၏ သြ၀ါဒ
စကားလေးတစ်ခုကို ဖော်ပြပါမည်။ ၄င်းသြ၀ါဒစကားလေးမှာ -

ရေနေတစ်တောင်ရှိသော ရေတွင်းမှရေကို ခပ်ယူပြီးသုံးစွဲသော်လည်း တစ်တောင်
ပြည့်အောင် ရေပြန်ထွက်မြဲဖြစ်၏။ ကုန်မည်စိုး၍ မခပ်ယူမသုံးစွဲလျှင်လည်း ရေ
တစ်တောင်သာရှိ၏ဟူ၍ဖြစ်၏။ မှန်ပေသည်။ ဥစ္စာရှင်များအနေဖြင့် လှူလိုက်လျှင်
အထူးတလည်လျော့မသွားပေ။ အဘယ့်ကြောင့်နည်း။ ဘယ်ဘက်ကတစ်ဆုပ်ကြဲ
လို့ ညာဘက်ကတစ်လှည်းဝင် ဟူသောစကားအတိုင်း ရတနာသုံးပါးကျေးဇူး
ကြောင့်တစ်နည်းမဟုတ်၊ တစ်နည်းဖြင့် ဥစ္စာပစ္စည်းများ ပြန်ဝင်လာသည်ကို မြင်
တွေ့နေရသောကြောင့်ပါတည်း။

အရှင်ဇဝန

____________________________________

Buddhavasa Tiloka

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D