သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Friday, September 20, 2013

ကိုရီးယားတွင် အလုပ် လုပ်သည့် မြန်မာ လုပ်သားများ တစ်လလျှင် ဝမ် ခုနစ်သောင်းခွဲ တိုးမြင့်ရရှိမည်


ကိုရီးယားသမ္မတနိုင်ငံတွင် EPS စနစ်အရ သွားရောက် အလုပ်လုပ်ကိုင်ခဲ့သူများ
လာမည့် ၂၀၁၄ ခုနှစ်မှစ၍ ကိုရီးယားနိုင်ငံသို့ သွားရောက်လုပ်ကိုင်မည့် မြန်မာ လုပ်သားများ တစ်လလျှင်
လုပ်ခ ၀မ်ဆယ်သိန်း ရှစ်သောင်းကျော် ရရှိမည် ဖြစ်ကြောင်း အစိုးရ ပြည်ပအလုပ်အကိုင်ရှာ ဖွေရေး အေ
ဂျင်စီမှ မန်နေဂျင်းဒါရိုက်တာ ဦးဝင်းမြင့်ကပြောသည်။

ကိုရီးယားနိုင်ငံသို့ EPS စနစ်ဖြင့် လာရောက်လုပ်ကိုင်သော နိုင်ငံပေါင်း ၁၅နိုင်ငံမှ နိုင်ငံခြားသား လုပ်သား
များအတွက် လုပ်ခလစာတိုးမြှင့်ရန် ယင်းနိုင်ငံရှိ အနည်းဆုံး အခကြေးငွေကော်မတီမှ မဲခွဲဆုံးဖြတ်ခဲ့ရာ
လာမည့် ၂၀၁၄ခုနှစ်တွင် ယခင်ထက် လုပ်ခလစာ ကိုရီးယားငွေ ၀မ်ခုနစ်သောင်းခွဲကျော် တိုးမြှင့်ပေးရန်
အတည်ပြုခဲ့ခြင်းဖြစ်သည်။

ယခင်က ကိုရီးယားနိုင်ငံသို့ သွားရောက်လုပ်ကိုင်သည့် အလုပ်သမားများသည် တစ်နာရီလျှင် ၀မ် ၄၈၅၀
ရရှိခဲ့ပြီး အလုပ်ချိန် ၈ နာရီသတ်မှတ်ထားရာ တစ်လလျှင် ၀မ် ၁၀ သိန်းရှစ်ထောင်ခန့် ရရှိသည်။

ယခုအခါ အလုပ်လုပ်ချိန် တစ်နာရီလျှင် ၀မ် ၅၂၁၀ အဖြစ် ပြောင်းလဲသတ်မှတ်ခဲ့ပြီး တစ်လလျှင် ကိုရီး
ယားငွေ ၀မ် ၁၀ သိန်းရှစ်သောင်းကျော် ရရှိတော့မည်ဖြစ်သည်။

လစာတိုးမြှင့်ပေးရန်အတွက် ယင်းနိုင်ငံရှိ အနည်းဆုံးအခကြေးငွေသတ်မှတ်ရေးကော်မတီသည် ပြီးခဲ့
သည့်ဇူလိုင်လက မဲခွဲဆုံးဖြတ်ခဲ့ကာ ညှိနှိုင်းဆွေးနွေးခဲ့ခြင်းဖြစ်သည်။ ယခုအခါ ကိုရီးယားနိုင်ငံ၌ စိုက်
ပျိုးရေးလုပ်သားအဖြစ် လုပ်ကိုင်ရန် မြန်မာအလုပ်သမားနှစ်ထောင်ကျော်အား အလုပ်ခေါ်ဆိုထားလျက်
ရှိကြောင်း ယင်းအေဂျင်စီထံမှ သတင်းရရှိသည်။

ကိုရီးယားနိုင်ငံတွင် စိုက်ပျိုးရေးလုပ်သားအဖြစ် သွားရောက်လုပ်ကိုင်သည့် နိုင်ငံခြားသားလုပ်သားများ
သည် ၎င်းနိုင်ငံတွင် တည်ဆဲဥပဒေအဖြစ် ပြဋ္ဌာန်းထားသော အလုပ်သမားဥပဒေ၌ ၎င်းတို့လုပ်သားများ
အတွက် အကျိုးခံစားခွင့် ပါဝင်ခြင်းမရှိသဖြင့် အလုပ်ချိန်၊ နားရက်၊ ခွင့်ရက်များ အတည်တကျ သတ်
မှတ်ထားခြင်းမရှိဟု ဆိုသည်။

ထို့ကြောင့် မြန်မာအလုပ်သမားအများစုမှာ လုပ်ငန်းခွင်မှထွက်ပြေးကာ ပြောင်းရွှေ့လုပ်ကိုင်လျက်ရှိ
ကြောင်း သတင်းရရှိသည်။

ယခုအခါ ကိုရီးယားနိုင်ငံတွင် စိုက်ပျိုးရေးလုပ်သားများ လိုအပ်လျက်ရှိသဖြင့် အလုပ်ခေါ်ဆိုရန် မြန်
မာအလုပ်သမားများကို ကမ်းလှမ်းထားပြီး လုပ်သားများခေါ်ဆိုမှုအတွက် ကိုရီးယားဘာသာ အရည်
အချင်းစစ် EPS စာမေးပွဲဖြေဆိုရန် လျှောက်လွှာများအား စက်တင်ဘာ ၃၀၊ ၃၁ရက်တွင် ထုတ်ပေး
မည်ဖြစ်သည်။

အဆိုပါစာမေးပွဲဖြေဆိုရန် စုစုပေါင်းလုပ်သား ၃၅၀၀ ခေါ်ယူထားသည့်အနက် စိုက်ပျိုးရေးလုပ်သား
ဦးရေ ၂၅၀၀၊ ဆောက်လုပ်ရေးလုပ်ငန်းခွင်အတွင်း လုပ်ကိုင်ရန် မြန်မာအလုပ်သမား ၁၀၀၀ တို့ကို
စာမေးပွဲဖြေဆိုရန် ခေါ်ယူထားသည်။

ကိုရီးယားနိုင်ငံသို့ သုံးနှစ်ကျော်အတွင်း မြန်မာအလုပ်သမား ၈၀၀၀ ကျော် စေလွှတ်ပြီးဖြစ်ကာ ယ
ခုနှစ်အတွင်း လုပ်သား ၃၀၀၀ ကျော် စေလွှတ်ခဲ့ပြီးဖြစ်သည်။

7day daily

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D