သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Friday, September 20, 2013

မြန်မာတွင် တရုတ် ရင်းနှီးမြှုပ်နှံမှု တစ်ဟုန်ထိုး ကျဆင်းနေကြောင်း အစီရင်ခံစာ ဖော်ပြ


လက်ပံတောင်းတောင်ကြေးနီစီမံကိန်းကို ကန့်ကွက်နေကြသော ဒေသခံများ
ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ)
နိုင်ငံတကာ ငြိမ်းချမ်းရေးနှင့် လုံခြုံရေး သုတေသနအဖွဲ့ စတမ်ဆန်စင်တာက တရုတ်-မြန်မာစီးပွားရေး ပူး
ပေါင်း ဆောင်ရွက်နေခြင်း အပေါ် သုံးသပ်ချက် အစီရင်ခံစာ တစ်စောင်ကို စက်တင်ဘာ ၁၆ ရက်က
ထုတ်ပြန်လိုက်သည်။

တစ်ဖက်နှင့်တစ်ဖက် ယုံကြည်မှုကင်းမဲ့ခြင်းများ၊ ရန်လိုမုန်းတီးခြင်းများကို လျှော့ချရန်အတွက် တရုတ်ရင်းနှီး
မြှုပ်နှံသူများနှင့် မြန်မာအစိုးရတို့၏ ကြိုးပမ်းမှုများသည် နှစ်နိုင်ငံအကျိုးရှိစေမည့် တာဝန်သိသော ရင်းနှီးမြှုပ်
နှံမှု တိုးမြှင့်ရေးတို့အပေါ် သုံးသပ်ထားခြင်းဖြစ်သည်။

““မြန်မာနိုင်ငံအတွင်း တရုတ်၏ ရင်းနှီးမြှုပ်နှံမှု ရှေ့အလားအလာများ””ဟု အဓိပ္ပာယ်ရသည့်ခေါင်းစဉ်ဖြင့်
ထုတ်ပြန်သည့် အစီရင်ခံစာ၌ မြန်မာနိုင်ငံတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများစွာ လိုအပ်လျက်ရှိရာ အထူးသ
ဖြင့် ခေတ်မီသည့် စက်မှုနိုင်ငံအဖြစ် အမြန်ထူထောင်နိုင်ရေးအတွက် အဆင့်လည်းမမီ၊ ပြည့်စုံလုံလောက်
မှုလည်းမရှိသေးသည့် အခြေခံအဆောက်အအုံများကဏ္ဍတွင်ဖြစ်သည်ဟု ဆိုသည်။မြန်မာနိုင်ငံတွင် တ
ရုတ်တို့၏ ရင်းနှီးမြှုပ်နှံမှု တစ်ဟုန်ထိုးကျဆင်းသွားခြင်းကို အစီရင်ခံစာတွင် မှတ်တမ်းများဖြင့် ဖော်ပြထား
ရာ ၂၀၀၈-၂၀၁၁ ခုနှစ်တွင် တရုတ်တို့၏ ရင်းနှီးမြှုပ်နှံမှု ဒေါ်လာသန်း ၁၃၀၀ ရှိခဲ့ရာမှ ၂၀၁၂-၂၀၁၃ ဘ
ဏ္ဍာရေးနှစ်တွင် ဒေါ်လာ ၄၀၇ သန်းသာ ကျန်တော့သည်။

မြန်မာနိုင်ငံတွင်းရှိ တရုတ်တို့၏ ရင်းနှီးမြှုပ်နှံမှုများကို မြန်မာအစိုးရက လုံလောက်သောအကာအကွယ်ပေး
ခြင်းမရှိဟု တရုတ်တို့က ယူဆထားသည်။ မြန်မာကို ရင်းနှီးမြှုပ်နှံရန်မကောင်းသော၊ အန္တရာယ်များသောနေ
ရာအဖြစ် ယခုအခါ တရုတ်တို့က လက်ခံထားသည်ဟု အစီရင်ခံစာက ကောက်ချက်ဆွဲထားသည်။

မြန်မာနိုင်ငံတွင် တရုတ်တို့၏ အကြီးမားဆုံးရင်းနှီးမြှုပ်နှံမှုသုံးခုမှာ မြစ်ဆုံရေကာတာ၊ လက်ပံတောင်းတောင်
ကြေးနီစီမံကိန်းနှင့် တရုတ်-မြန်မာရေနံနှင့် ဓာတ်ငွေ့ပိုက်လိုင်းတို့ဖြစ်သည်။ ၎င်းစီမံချက်များတွင် ဒေသခံ
များက ဆန့်ကျင်ကန့်ကွက်ကြရာ၌ တရုတ်ရင်းနှီးမြှုပ်နှံသူများအတွက် ပြဿနာများဖြစ်ပေါ်ခဲ့ရပြီး မသေချာ
မရေရာသည့်အနေအထား ရောက်ခဲ့ရသည်။

စတမ်ဆန် အစီရင်ခံစာအရ တရုတ်၏ ရင်းနှီးမြှုပ်နှံမှုများ လျော့ကျသွားလျှင် မြန်မာနိုင်ငံ၏ စီးပွားရေးမှာ မ
မျှော်လင့်ထားသည့်နည်းများဖြင့် ထိခိုက်နိုင်သည်ဟု ဆိုသည်။ ယခုအခါ တချို့တစ်ဝက် တိုးတက်မှုများ
ရှိလာနေသည်။

““မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံတဲ့အခါ ပိုပြီးလက်ခံလာအောင် ကြိုးပမ်းတဲ့အနေနဲ့ တရုတ်က အမြတ်ခွဲဝေတဲ့
နေရာမှာ ပိုကောင်းလာအောင် ပြင်ဆင်နေပါတယ်။ သဘာဝပတ်ဝန်းကျင်နဲ့ လူမှုရေးတာဝန်ယူမှု အစီအမံ
တွေကိုလည်း မြန်မာနိုင်ငံထဲမှာ လုပ်ဆောင်နေပါပြီ””ဟု အစီရင်ခံစာက ဆိုသည်။

အခြားနိုင်ငံများတွင် ရင်းနှီးမြှုပ်နှံရာ၌ လိုအပ်သည့် အရေးကြီးသင်ခန်းစာများကို မြန်မာနိုင်ငံအတွင်း ရင်
ဆိုင်ရသော ပြဿနာများမှတစ်ဆင့် တရုတ် နိုင်ငံက သင်ယူရရှိခဲ့သည်ဟုလည်း ဆိုသည်။စတမ်ဆန်အဖွဲ့
မှ တရုတ်၏ မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှုအကြောင်း အစီရင်ခံစာရေးသားသူ ယွန်ဆွန်းသည် ယခင်
က International Crisis Group ၏ တရုတ်ဆိုင်ရာ သုံးသပ်လေ့လာသူဖြစ်ပြီး အမေရိကန်-တရုတ် ဆက်
ဆံရေးကျွမ်းကျင်သူအဖြစ်လည်း လုပ်ကိုင်ခဲ့သည်။

7day daily

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D