သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Thursday, September 19, 2013

ဖခင်ဖြစ်သူက သမီးငယ် ဒုက္ခိတဖြစ်မှု အတွက် ဆေးထိုးသော ဆရာဝန်ကို အမှုဖွင့်

ရန်ကုန်၊ စက်တင်ဘာ ၁၈
ရွှေပြည်သာမြို့နယ် လိပ်ကုန်း ကျေးရွာတွင် အမျိုးသား တစ်ဦးသည် အဖျားဝေဒနာ ခံစားနေရသော
အသက်လေးနှစ်အရွယ် သမီးဖြစ်သူကို ဆေးခန်း၌ ကုသစဉ် ဆရာဝန်က ဆေးထိုး မှားသဖြင့် ဘယ်
ဘက်ခြေ ထောက်အောက်ပိုင်းမှာသိမ်ဝင်သွားကာ လမ်းမလျှောက်နိုင်တော့သည့် ဒုက္ခိတဘဝရောက်
ခဲ့သည်ဟုဆိုကာ ဆေးခန်းပိုင်ရှင် ဆရာဝန်ကို စက်တင်ဘာလ ၁၇ ရက်နေ့က အမှုဖွင့်တိုင်တန်းထား
ကြောင်း လှော်ကားနယ်မြေ ရဲစခန်းတွင် အရာရှိတစ်ဦးက ပြောကြားသည်။

ရွှေပြည်သာမြို့နယ် လိပ်ကုန်း ကျေးရွာတွင် ယခုနစ် ဧပြီလ ၇ ရက်နေ့က လိပ်ကုန်းကျေးရွာနေ အ
သက်လေးနှစ် အရွယ်ရှိ သမီးဖြစ်သူ မပြည့်စုံသည် ကိုယ်ပူကာဖျားနာနေသောကြောင့် ယင်းမြို့နယ်
(၁၄) ရပ်ကွက်ရှိ အောင်သစ္စာ ဆေးခန်းသို့ လာရောက် ကုသခဲ့ရာ အသက် ၇၅ နှစ် အရွယ်ရှိ အမျိုး
သမီးဆရာဝန် ဒေါက်တာမိုလီဟာမက်က ကလေးငယ်၏ ညာဘက်တင်ပါးတွင် ဆေးတစ်လုံးထိုးပေး
ခဲ့ပြီး အိမ်ပြန်အရောက်တွင် ကလေးငယ်မှာ လမ်းလျှောက်၍ မရတော့ကြောင်း ယင်းရပ်ကွက် အုပ်
ချုပ်ရေးမှူး ဦးဌေးဝင်းက ပြောကြားသည်။

အဆိုပါ ဆေးခန်းသို့ သုံးရက်ဆက်တိုက် ပြသခဲ့သော်လည်း သက်သာမှု မရှိသဖြင့် ဒေါက်တာ မိုလီ
ဟာမက်က ရန်ကုန် ကလေးဆေးရုံကြီးသို့ သွားရောက် ကုသရန် ပြောကြားခဲ့ရာ ဆေးရုံတွင် ကုသ
ခဲ့သော်လည်း ကလေးငယ်၏ ဘယ်ဘက်ခြေထောက် အောက်ပိုင်းမှာ သိမ်ဝင်သွားကာ လမ်းမလျှောက်
နိုင်တော့သည့် ဒုက္ခိတဘဝ ရောက်ခဲ့သောကြောင့် ဖခင်ဖြစ်သူက ၎င်းဆရာဝန်ကို အမှုဖွင့် တိုင်ကြားခြင်း
ဖြစ်ကြောင်း ယင်းအုပ်ချုပ်ရေးမှူးက ဆက်လက်ပြောကြားသည်။

ကလေးက ဆေးခန်းသို့ ရောက်ရှိလာစဉ် အဖျားကျဆေး ၁ စီစီကိုသာ ညာဘက်တင်ပါးသို့ ထိုးပေးခဲ့ပြီး
ယခုသိမ်ဝင်ခဲ့သော ခြေထောက်သည် ဘယ်ဘက်သာ ဖြစ်ကြောင်း၊ ကလေးငယ်၏ ဆေးကုသစရိတ်
လိုအပ်သောကြောင့် လည်းကောင်း ကလေး၏ မိဘများက ချို့တဲ့သောကြောင့် လည်းကောင်း ငွေကျပ်
ကိုးသိန်းကို ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ထောက်ပံ့ လှူဒါန်းခဲ့ကြောင်း၊ ဆေးထိုးမှားသည်ဟု ဆိုသည်
မှာ မဟုတ်မှန်ကြောင်း အမှုဖွင့်ခံရသည့် လုပ်သက်နှစ် ၄၀ ကျော်ကြာ ဆေးကုသခဲ့သော အောင်သစ္စာ
ဆေးခန်းပိုင်ရှင် အမျိုးသမီးဆရာဝန် ဒေါက်တာမိုလီဟာမက်က ပြောကြားသည်။

ဆေးကုသမှု စရိတ်သည် ငွေကျပ် ကိုးသိန်းမက ကုန်ကျခဲ့သည့်အပြင် သမီးဖြစ်သူသည် ဒုက္ခိတဘဝ
ရောက်ခဲ့သောကြောင့် ကလေးငယ်၏ ဖခင်ဖြစ်သူ ဦးမောင်ဇော်က တရားလိုပြုကာ တိုင်ကြားခဲ့ခြင်း ဖြစ်
ကြောင်း လှော်ကားနယ်မြေ ရဲစခန်းထံမှ သိရှိရသည်။

အောင်သစ္စာ ဆေးခန်းသည် ဆေးကုသစရိတ် သက်သာသောကြောင့် (၁၄) ရပ်ကွက်တွင် နေထိုင်သူများ
နှင့် လိပ်ကုန်းကျေးရွာရှိ နေထိုင်မကောင်းသူများ အားထားကုသလျက်ရှိသော ဆေးခန်း ဖြစ်ကြောင်း ယင်း
ရပ်ကွက်နေသူများထံမှ သိရှိရသည်။

အဆိုပါ အမှုကို (ပ) ၂၈၂/၁၃၊ ပုဒ်မ ၃၃၈ ဖြင့် အမှုဖွင့်ထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး
ထံမှ သိရှိရသည်။

The Voice Weekly

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D