သူငယ်ချင်းတို့ရေ မင်္ဂလာပါဗျာ...

မင်္ဂလာပါ...မြန်မာဆိုဒ်များမှသတင်းနှင့်ကဗျာများကိုပြန်လည်ဖော်ပြထာသောကျနော်ရဲ့ဆိုဒ်လေးကိုအားပေးကြတဲ့မိတ်ဆွေအပေါင်းအားလုံးကိုအထူးကျေးဇူးတင်ပါတယ်...ခွင့်မတောင်ဘဲတင်ထားသောဤကဗျာပိုင်ရှင်ဆရာကြီးများကိုလဲအထူးကျေးဇူးတင်ရှိပါတယ် ဆိုဒ်တော်တော်များများမှပြန်လည်မျှဝေထားပါတယ်... ""

MOUSE

ကြိုဆိုပါ၏

top up


Related Posts Plugin for WordPress, Blogger...

ရွှေ မြန်မာတို့

အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော... "မောင်ရဲဝင်းနိုင်"

မင်းကျေနက်ဖို့

မင်းကလိုလားတော့လည်း ငါ............ ဘာများတတ်နိုင်မှာတဲ့လဲ အချစ်ရယ် ငါ့တစ်ကိုလုံး လောင်ကျွမ်းပြီးမှ ရမဲ့အလင်းကို မင်း လိုလားတယ်ဆိုရင်လည်း အဲဒီအမှောင်ထဲမှာ တစ်ချက်ကလေး ငေးကြည့်လိုက်ပါ မင်းတွေ့ရဲ့လား မင်းအတွက်လောင်ကျွမ်းနေတဲ့ ငါ့ဘဝ ဆွေးမြည့်ပြာကျ သွားပါစေ... မင်းကျေနက်ဖို့ ငါ့ဘဝကို မင်းအတွက် လောင်ကျွမ်းပေးရကျိုး နက်ပါပြီ... အချစ်ရယ်... "မောင်ရဲဝင်းနိုင်"

Thursday, September 19, 2013

ဗုဒ္ဓဘာသာမှာ ဘာလေ့လာရမလဲ

Buddhaငယ်ငယ်တုန်းကပေါ့။ ကျနော်ဆိုရင် ဖတ်စရာ စာအုပ်တစ်အုပ်ဝယ်ဖြစ်တဲ့ အခါ ဒီစာအုပ်အသား
ဘာနဲ့လုပ်ထားလဲဆိုတာ သိအောင် အသား ကို သေချာပွတ်ကြည့်မိတယ်။ စာအုပ်သား ထူပြီး ဖြူနေရင်
ဒါဝါးသားကောင်းကောင်းနဲ့ လုပ်တာ ဖြစ်ရမယ်လို့ မှတ်ချက်ချမိတယ်။

ထုတ်ဝေတဲ့ ခုနှစ်ကို ကြည့်မိတယ်။ ဒါက ဘယ်နှစ်ထုတ်လဲပေါ့။ ၁၉၉၅ လို့သိလိုက်ရရင် ၁၉၉၅ ခုနှစ်က
ဒီလိုစာအုပ်တွေရှိနေပါလား ၉၅ ဆိုတော့ ငါမမွေးခင် ဘယ်နှစ်နှစ်လဲ အစရှိသဖြင့်လိုက်တွေးနေမိတယ်။
နောက် အဖုံးမှာ ဆွဲထားတဲ့ ပုံလေးလှရင် ဒါ ဘယ်နိုင်ငံက အနုပညာ လက်ရာ ဖြစ်ရမယ်။ စာအုပ် မျက်
နှာဖုံးက စာလုံး ကာလာရောင်နဲ့ စတိုင်ကို ကြည့်ပြီး ဒီစတိုင်က လှတယ်။ ဒီ font style ကတော့ ဒိတ်
အောက်နေပြီ အစရှိ သဖြင့်ပေါ့။ ၁၉၉၅ ခုနှစ်က မြန်မာ သုံးတဲ့ Myanmar font တွေ ပုံစံကို ကျနော်မြင်
ရတာ ပုံစံတစ်မျိုးပေါက်နေတယ်လေ။ စာမျက်နှာ နောက်ဆုံးကို ကြည့်မိလိုက်တယ်။ အဆုံးကိုတော့မ
ဖတ်သေးဘူး။ အရသာပျက်မှာ စိုးလို့၊ နောက်ဆံးမှာ ပုံတွေများလည့်မလားပေါ့။

ပြီးရင်စာအုပ်စစချင်းက အမှာစာမှာ ရေးတဲ့သူရဲ့  အာဘော်ကို သုံးလေးကြောင်းလောက် ဖတ်မိတယ်။
စာအရေးလား၊ စကားအရေးလား။ သူတို့ခေတ်အရေးအသားတွေက ဒီခေတ်မှာ အမြင်ဆန်းတယ်လေ။
သည်၏ သုံးပုံတွေခြားနားတယ်။ လတ္တံ့ ဆိုတာမျိုးတွေ သုံးကြတာ လေ့လာမိတယ်။

ကဲအားလုံး ခြေစ ခေါင်းဆုံး ကြည့်ပြီး စာဖတ်တော့မယ်ဆိုတော့ အချိန်ကြည့်လိုက်တော့ တစ်နာရီ ကုန်
လို့ကုန်မှန်းမသိ သိလိုက် ရတယ်။ တော်သေးတာပေါ့။ စာအုပ်က ကိုယ်အပိုင်ဝယ်ထားတဲ့ စာအုပ်မို့။ စာ
ကြည့်တိုက်မှာ ထိုင်ဖတ်နေရင် အချိန်က နှမြောစရာ။ အားလုံး ပြီးတော့မှ စာအုပ်ဖတ်ဖြစ်လိုက်တယ်။
ဒါတောင်ဖတ်ရင်း အာရုံစိုက်ရ မျက်စိငြောင်းလို့ နားလိုက်ဖတ်လိုက်နဲ့ တော်တော်နဲ့ ခရီးမရောက်ဘူး။
စာကို တစ်ကြောင်းချင်းစီ စာလုံးအခွဲ ဆိုလို့ရင်းကို စေ့စေ့ပေါက်ပေါက်သိချင်တဲ့ ဝါသနာကလည်း ထုံ
တော့ တစ်ပတ်တောင်ကြာသွားပါတယ်။

ဆိုလိုရင်းက ဒီလိုပါ။

ကျနော်တို့ လူ့ဘဝသက်တမ်းက အသက် ၈၀။ ကျနော်ကတော့ ၅၀ ကျော်လောက်နဲ့ တွက်ထားတာ။
ဒီလောက်နည်းတဲ့အချိန်ကာလအတွင်း ဘဝမှာ ဘာတွေ လုပ်ရမလဲ။ များသယောင် ထင်ရတဲ့အချိန်
တွေက တစ်ရက်ပြီးတစ်ရက် ကုန်လို့ကုန်မှန်းမသိ ကုန်သွားတယ်။

ယနေ့အထိ ဗုဒ္ဓဘာသာဝင်တွေ အချိန်ကုန်လို့ကုန်မှန်းမသိ ကုန်နေတာ သိသူ နည်းပါလိမ့်မယ်။ ဟုတ်
တယ်လေ။ ပုဂံခေတ်ကဘုန်းကြီး အရည်းကြီးလား ဘာသာခြားလား စင်္ကြဝဌာ ရဲ့အလွန်မှာ ဘာရှိလဲ။
ဘုရားက တရားကို ဘယ်ခေတ်စကားနဲ့ ဟောသလဲ။ ဘယ်ခေတ်က ဗုဒ္ဓ နဲ့ ဘုရား အဓိပ္ပါယ်ကွာခြား
ချက်က ဘယ်လိုလဲ။ ဒီလိုနဲ့ မေးခွန်းပေါင်းများစွာနဲ့ အလုပ်ရှုပ်ခေါင်းရှုပ် နေကြတယ်။ ကျနော်လည်း
ခေါင်းအရှုပ်ခံခဲ့ဖူးတယ်။ သူများ ငြင်းခုန်နေတာတွေ အချန်ကုန်ဖတ်ခဲ့ဖူးတယ်။

မြတ်စွာဘုရား ဟောခဲ့ပါတယ်။ သံသရာဝဋ်ဆင်းရဲမှ ကျွတ်လွတ်ရာတရားက သစ္စာ လေးပါးတဲ့။ ဗုဒ္ဓဘာ
သာ ဘာသာရဲ့  ရည်ရွယ်ချက်က သံသရာဝဋ် ဆင်းရဲက ကျွတ်ဖို့လေ။ အခုက ဘာနဲ့ တူလဲဆို ပန်းထိမ်
မတတ် ခင် ရွှေခိုးသင်ရသလိုပဲ။ မတတ်သင့်ဘူး၊ မသိသင့်ဘူးလို့မပြောဘူးနော်။ သမိုင်းဆိုတာ လူတွေ
မှတ်တမ်းတင်လို့ ဖြစ်လာတာ။ ဆက်ပြီးမှ မှတ်တမ်းတင်မယ့်သူ မရှိရင် နောင် အနာဂတ်မှာ သမိုင်း ဆို
တော ပျောက်သွားမှာပေါ့။ ဟုတ်ကဲ့။ ဒါဆိုရင် သမိုင်းလေ့လာ ပါတယ်လို့ ခေါင်းစဉ်ပါ။ ဗုဒ္ဓဘာသာမှာ
လေ့လာ၊ ကျင့်ကြံ၊ အားထုတ် အလုပ် သုံးမျိုး ရှိပြီး လေ့လာဆိုတဲ့အထဲမှာ နိဗ္ဗာန်ရောက်ကြောင်းတရား
ပဲ ပါရှိပါတယ်။ သာသနာ နွယ် ဘုရားသားတော်များက သမိုင်းကုန်ပြန်လှန် တယ်ဆိုတာ သာသနာ
ဆက်တည်တံ့ဖို့အတွက် ကြိုးပမ်းနေကြခြင်းပါ။ ခုလောကီ လူပုဂ္ဂိုလ်အချို့ က လေ့လာ၊ ကျင့်ကြံ၊ အား
ထုတ် အလုပ် သုံးမျိုးကို ကျော်လွန်လို့ သမိုင်းမှာ ငြင်းခုန်နေကြပါတယ်။

ရလာတဲ့ ရလဒ်ကတော့ ဟိုဟာမှန်သလို၊ ဒီဟာမှန်သလို နဲ့ နောက်ဆုံး ဘာမှသိပ်မထူးခြားဘူး။ ကျနော်
စစချင်းက ပေးခဲ့တဲ့ ဥပမာလိုပေါ့။ အချိန်က နည်းပါတယ်ဆို ငှားလာတဲ့ စာအုပ်တစ်ခုမှာ ခေါင်းစဉ်ကပါ။
စာအုပ်သားက ဘာနဲ့လုပ်တယ်။ စာလုံး စတိုင်က ဘယ်လိုရှိတယ်။ အဲဒါတွေနဲ့ပဲအချိန်ကုန်သွားကြတယ်။

ကျနော်တို့ လူ့သက်တမ်း ၈၀ ကို ၆၀ နဲ့ပဲတွက်ပါ။ နှစ် ၆၀ အတွင်း လောကီ မှာ ဆပ်မကုန်တဲ့ ဝဋ်ကြွေး
တွေအတွက် အလုပ်လုပ်နေကြ တယ်။ ဖြတ်သန်းနေကြတယ်။ ပျော်မွေ့နေကြတယ်။ အဆင်းရဲခံနေကြ
တယ်။ အစရှိသဖြင့်ပေါ့။ အချိန်တွေပေါနေပါသလား။ ဒီကြားထဲ လောကုတ္တရာ မှာ လေ့လာ၊ကျင့်ကြံ၊
အားထုတ်သုံးမျိုးကို Step by step မသွားနိုင်သေးခင် သမိုင်းမှာ ဘယ်လိုရှိတယ်။ တို့သမိုင်းမှာ ဘာ
တွေရှိတယ်။ ပြဿနာကတော့ ဘာဖြစ်သင့်တယ်။ ညာဖြစ်သင့်တယ်နဲ့ အမျိုးမျိုး တွေးခေါ် အငြင်းပွား
နေ ရင်း အချိန်တွေကအကုန်မြန်သွားပြီ စီးနေတဲ့ရေကို တားလို့မရဘူး။ စီးနေတာကို မြင်အောင်ကြည့်
ပြီး ကိုယ်တရားရသွာဖို့က ပဓနာ ပါ။ ဒီလိုပဲ မိမိကိုးကွယ်တဲ့ သာသနာ့အဆီအနှစ်ကို သေသေချာချာ
မသိရသေးချိန် ဘာနဲ့ထုပ်ပိုးထားတယ်ကို လေ့လာနေရင် အချိန်သွားမယ်လေ လောကီ နဲ့ လောကုတ်
က လေ့လာပုံချင်းမတူပါဘူး။

လေ့လာချင်စိတ်ပြင်းထန်တာကောင်းပါတယ်။ သို့ပေမယ့် အဓိကနဲ့ သာမညကို ခွဲတတ်ဖို့ပါ။ အဓိကကို
ဦးစားပေးလို့ သာမညကို ဆက် သွားနိုင်ပါတယ်။ သာမညကို ဦးစားပေးရင်း အချိန်တွေ ကုန်တဲ့အခါ
ဖတ်လို့မပြီးတဲ့ စာအုပ်အတွက် တစ်ချိန်ကျရင် နောင်တ ရနေမိမှာပါ။

အောင်ခမ်း (ရိုးရာလေး)

No comments:

Post a Comment

သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...

တင်ပြီးသား post များ

3D