ထိုသို့ နည်းပညာဖြင့် ထိန်းသိမ်းဆောင်ရွက်ရန် ဂျပန်နိုင်ငံမှ ကမ်းလှမ်းထားပြီး ယခုနှစ် အောက်တိုဘာ
(သို့မဟုတ်) နိုဝင်ဘာတွင် စတင် အကောင်အထည် ဖော်နိုင်မည်ဟု ခန့်မှန်းကြောင်း ၎င်းက ဆက်လက်
ပြောကြားသည်။
''ဂျပန်နိုင်ငံက Textile Specialist တစ်ဦးက ဒီကိုလာပြီးတော့ သူတို့နည်းပညာနဲ့ ဒီဝတ်ရုံတွေကို ထိန်းသိမ်း မှာ ဖြစ်ပါတယ်။ ဒီဝတ်ရုံတွေမှာ သြော်ဂဲနစ်ကော၊ အင်သြော်ဂဲနစ်တွေပါ ရောနေတဲ့ အတွက်ကြောင့် နည်းပညာနဲ့ ထိန်းသိမ်းတဲ့အခါ လက်ဝင်တယ်။ ဒီဝတ်ရုံတွေမှာက ရွှေချည်၊ ငွေချည်ထိုးတွေ အပြင် ကျောက်၊ သံ၊ ပတ္တမြားတွေပါ ပါတဲ့အတွက် အရမ်းကို အနုစိတ်တယ်။ အဲဒီလိုလာပြီး ထိန်းသိမ်းတဲ့အတွက် သူတို့အနေနဲ့လည်း သုတေသနပြုလို့ ရမယ်။ မြန်မာနိုင်ငံက ပြတိုက် တာဝန်ရှိသူတွေ အနေနဲ့လည်း ပညာရမယ်'' ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။
အဆိုပါ ထိန်းသိမ်းမှုသည် အကြီးစား ထိန်းသိမ်းမှုဖြစ်ပြီး ဂျပန်နိုင်ငံမှ ပညာရှင်အား အချိန်ယူ ပြင်ဆင်ရန် ကမ်းလှမ်းထားခြင်းဖြစ်ကာ တစ်နှစ်ခွဲ၊ နှစ်နှစ်ခန့် ကြာမြင့်မည်ဖြစ်ကြောင်း၊ ပဏာမစမ်းသပ် စစ်ဆေးမည့် ကာလသည် တစ်လခွဲခန့် ကြာမြင့်မည်ဖြစ်ကြောင်း၊ Textile Specialist ပညာရပ်တွင် အမျိုးအမည် ပေါင်းများစွာ ရှိကြောင်း၊ နည်းပညာဖြင့် ထိန်းသိမ်းပါက ကနဦးအနေဖြင့် ကြိုတင်စစ်ဆေး ရမည်ဖြစ်ကာ ယင်းနောက် အစီရင်ခံစာတင် သွင်းရမည် ဖြစ်ကြောင်း နေပြည်တော် အမျိုးသားပြတိုက်မှ တာဝန်ရှိသူ ဦးကျော်ရှင်နောင်က ဆိုသည်။
eleven media group


အမျိုးကိုထိမချိ့အောင်နာလို့ဒီဆိုဒ်ပေါ်မှာဘာသာရေးနဲနိုင်ငံရဲ့အကြောင်ရာတွေပါလာတဲ့အတွက်သူငယ်ချင်းဘလော့မိတ်ဆွေများအားအထူးတောင်ပန်လိုက်ပါတယ် နိုင်ငံ။ဘာသာ၊သာသနာနဲ့ လူမျိုးကိုချစ်သော...

No comments:
Post a Comment
သင့်စိတ်နှင့်သင့်ကိုယ်လွတ်လက်စွာပေါက်ကွဲပိုင်ခွင့်ရှိပါတယ် ဒါပေမဲ့ သင်ပေးသွားတဲ့ Comment ဟာသင့်ရဲ့စိတ်ထားပါပဲ မိတ်ဆွေ...လာရောက်အားပေးတဲ့အတွက် အမြဲကျေးဇူးတင်နေမှာပါ.....GOOD LUCK...